ယူတတ်ရင်ရမှာပါ

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့

ကိုဗစ်ကြောင့် စိတ်သောကတွေ များပြားနေချိန်မှာ လေးနက်တဲ့စာတွေမရေးလိုပေဘူး(ဘယ်တုံးကမှလည်း မရေးခဲ့ပေဘူး 😁) စိတ်ဓာတ်တွေဖရိုဖရဲနဲ့ စိတ်ကစဥ့ကလျား အဖြစ်ဆုံးက ရန်ကုန်ကလူတွေပိုများလိမ့်မယ်ထင်တယ်။ စိတ်တစ်ခု ရုပ်ကိုးဆယ် ဆိုတဲ့စကား ကိုဗစ်နဲ့တွေ့ကာမှ ပိုပီပြင်လာသလိုထင်ရတယ်။ ခု တဟားဟားနဲ့ရယ်လိုက် ခု မဲ့လိုက် ခု ပြုံးလိုက် တော်ကြာနေ ရယ်နေလိုက် ခဏကြာတော့ ငိုမဲ့မဲ့ဖြစ်သွားလိုက်နဲ့ တကယ့်ရုပ်အမျိုးမျိုးကို **စိတ်တစ်ခုထဲကိုက ရုပ်အမျိုးမျိုး ** ပြောင်းလဲနေတယ်။ ဒီတိုင်းတော့ဟုတ်ဖူး‌လေ။ ဖေ့စ်ဖွတ်ကြီးကို ကြည့်ပြီးတော့ပေါ့လေ။


IMG_20200727_14440801.jpeg


မည်သို့ပင်ဆိုစေကာမူ ကိုဗစ်ကာလကြီးကတော့ သင်ခန်းစာမျိုးစုံ အတွေ့အကြုံ အဖုံဖုံရအောင် မနေမနား အားသွန်ခွန်စိုက် သင်ကြားပြသပေးနေလေရဲ့။ သင်ခန်းစာကို အသုံးချလို့ ကုသိုလ်တရားတွေတိုးပွားသွားကြသူတွေ စီးပွားရေးအဆင်ပြေနေကြသူတွေ ရှိသလို ကိုဗစ်ရဲ့ရိုက်ချက်ပြင်းပြင်းကြောင့် ခန္ဓာပျက်သုဉ်း ဘဝဆုံးသွားသူတွေ ငြီးငြူစိတ်ပျက်လို့ အချစ်မဝင် အပြစ်တင်ကြသူတွေလည်း မနည်းမနော။ ကိုဗစ်ကာလမှာ ယူတတ်ရင် ရမယ့်အရာတွေလည်းရှိနေပါရဲ့။ မယူတတ်လို့ပျက်စီးစရာတွေလည်းရှိနေပါရဲ့။ ဘာပဲပြောပြော ချစ်မိတ်ဆွေအပေါင်း တိုးတက်ရာ တိုးတက်ကြောင်း ရှာ‌ဖွေနိုင်ကြပါစေ။

ကမ္ဘာသူ ကမ္ဘာသားအပေါင်း

မြန်မာပြည်သူ ပြည်သားအပေါင်း

ကိုဗစ်လက်က အမြန်ဆုံးလွတ်ကင်းနိုင်ကပါစေ.....

@ansoe