ရင့်ကျက်သူ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကိုယ်ဖြစ်ချင်တာထက် လက်တွေ့ဘ၀ ဖြစ်သင့်တာကို စဉ်းစားတတ်လာပြီဆိုရင်
ကိုယ်လိုချင်တာထက် လက်တွေ့ဘ၀မှာ လိုအပ်တာကို ဦးစားပေးတတ်လာပြီဆိုရင်
ကိုယ်လုပ်ချင်တာ နဲ့ လက်တွေ့ဘ၀မှာ လုပ်သင့်တာကို နားလည်ခဲ့ပြီဆိုရင်
ဦးနှောက်က အသိ နဲ့ နှလုံးသားက အသိဘယ်အရာကို ဦးစားပေးရမလဲဆိုတာကို နားလည်ခဲ့ပြီဆိုရင်
ကိုယ့်ကိုယ်ကိုယ်ထက် အခြားသူတွေကို ဦးစားပေးတတ်လာပြီဆိုရင်
သူတစ်ပါးကို အပြစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တတ်လာပြီဆိုရင်
သင်ဟာရင့်ကျက်လာတဲ့သူတစ်ဦး ဖြစ်နေပါပြီ။
အသက်အရွယ်ကြီးသွားတိုင်း ရင့်ကျက်သွားတာမဟုတ်တတ်ပါဘူး။
သေသည်အထိ မရင့်ကျက်ပဲ ကလေးသာသာအသိဥာဏ်နဲ့ နေထိုင်သွားသူတွေ အများကြီးရှိပါတယ်။
ဘယ်လောက်အသက်ကြီးကြီး မရင့်ကျက်တဲ့လူတွေ လောကမှာ အများကြီးရှိနေကြ ရှိနေဆဲ နောင်လည်း ရှိနေအုံးမှာပါပဲ ။
ရင့်ကျက်ခြင်းဆိုတာအသက်အရွယ်နဲ့ မဆိုင်သလို ဘ၀အတွေ့အကြုံတွေနဲ့လည်း လုံးလုံးလျားလျားသက်ဆိုင်နေတာ မဟုတ်ပါဘူး။
အတွေ့အကြုံဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ဝမ်းသာစရာ၊ ၀မ်းနည်းစရာ၊ နာကြည်းစရာ၊ ပျော်ရွှင်စရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
အတွေ့အကြုံတိုင်းကို သင်ခန်းစာယူနိုင်ပါမှ ရင့်ကျက်ပါလိမ့်မယ်။
ရင့်ကျက်သူတစ်ဦးဖြစ်လာနိုင်ကြပါစေ။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-4-2019 အင်္ဂါနေ့(Tuesday)