ရေနွေးကရားလို
သဘာဝတရားကြီးရဲ့ ဖန်တီးပေးထားမှုတွေ ဖြစ်တည်မှု ပျက်စီးမှု စတာတွေဟာ လူ့လောက သာမန် လူတို့ရဲ့ အသိဉာဏ်ပညာတွေနဲ့ မသိနိုင်အောင် ထူးဆန်း အံ့ဩဖွယ်ဖြစ်ကြောင်း သိကြပေမယ့်လည်း ကိုယ်တိုင်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပေါ်မှာတော့ ဆင်ခြင်စဉ်းစား သုံးသပ်တဲ့သူ ပြင်သင့်တာ ပြုပြင်နေထိုင်တဲ့သူကတော့ အလွန်နည်းမယ်လို့ ထင်ပါတယ်။
လောကမှာဖြစ်တည်လာပြီဆိုကတည်းက လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အသက်ရှင်သန်နေထိုင်ရေး နေ့စဉ် စားရေး ဝတ်ရေး သာရေး နာရေး စတဲ့ စတဲ့ အကြောင်းတရားတွေနဲ့ အချိန်ကုန်နေကြရတာပါပဲ။ ဘာပဲဖြစ်ဖြစ် လောကကြီးမှာ ရှင်သန် ရပ်တည်နိုင်ဖိုံ ရုန်းကန်ကြိုးစားနေကြရစမြဲပါပဲ။
လုပ်သမျှ ဒုက္ခဖြစ်တာ လုပ်တဲ့သူနဲ့ပဲဆိုင်မယ်ထင်တယ်။ ရေနွေးကရားအိုးက အောက်ကမီးပူလေ သူ့နှုတ်သီးက တရွှီရွှီနဲ့ လေချွန်လေ ဆိုတဲ့စကားလိုပဲ။ အချို့က ဒုက္ခရောက်လေ ပိုပြီးကြံ့ခိုင်လေဖြစ်လာတော့တာပါပဲ။
မီးလိုပူတဲ့ ဒုက္ခဆိုတာကို ရေနွေးကရားလို လေလေးတချွန်ချွန်နဲ့ ရင်ဆိုင်နိုင်သူများဖြစ်ကြပါစေ။