ရာသီပြောင်းချိန်

ယခုအခါ ရာသီအပြောင်းအလဲကာလဖြစ်တဲ့အတွက် အပူ အအေးပြောင်းလဲလို့နေပါတယ်။ သတိမေ့လျော့ခဲ့မယ်ဆိုရင်ဖြင့် အအေးပတ်ပြီး နှာစေး ချောင်းဆိုး ရင်ကြပ် ဖျားနာ စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ ရာသီပြောင်းချိန်မှာ အားလုံးသော မိတ်ဆွေများ ကျန်းမာ‌ရေး ဂရုစိုက်ကြပါခင်ဗျာ။


799rpr.png


သွားလေသူ အဆိုတော်ကြီး စိုင်းထီးဆိုင်ညသီဆိုထားသလို ရာသီပြောင်းချိန်မှာ ဖော်ကွာလို့ အပြင်ရော အတွင်းရော ဥပါဒ်ဝင် ဆိုသလိုကလည်း ဖြစ်တတ်သေးတော့ ဖော်ကွာဝေးနေသူများလည်း သတိပြုနိုင်ကြပါစေခင်ဗျ။ စစ်ကိုင်းမြို့မှာကတော့ မနက်ခင်းညအပူချိန်နဲ့ နေ့အပူချိန်က ‌‌အတော်လေးကွာခြားနေတာကို တွေ့နေရပါတယ်ခင်ဗျ။


9s0uo0.png


ဖျားနာရောဂါဆိုတာကလည်း ခုလို ရာသီအပြောင်းအလဲ ရာသီတစ်ခုကနေ ရာသီတစ်ခုကို ကူးပြောင်းချိန်မှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဆောင်းအကုန် နွေအကူး လေရူးထ လက်ပံ ပေါက်ပွင့်မြိုင်မြိုင်ပွင့်ချိန် ဖော်ကွာတစ်ကိုယ်တည်း နေရရင်ဖြင့် လွမ်းဆွေးတမ်းတနေရတဲ့အပြင် ဖျားနာနေရင်ဖြင့် အလွမ်း အဆွေးအပြင် အဖျားပါရောခံစားရမှာဖြစ်တဲ့အတွက် ဂရုစိက်ခြင်းဖြင့် ဖျားနာခြင်းကင်းနိုင်ကြပါစေ။


@ansoe

MSC 012

zu9ngw.png