ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ကြပါစေ (Happy New Year 2019)
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear all steemians .
မကြာမီ အချိန်တွင် နှစ်ဟောင်းဖြစ်တဲ့ ၂၀၁၈ ခုနှစ် ကို နှုတ်ဆက်လို့ နှစ်သစ် ၂၀၁၉ ခုနှစ်ကို ကူးပြောင်းတော့မယ်။ နှစ်တွေ လတွေ ရက်တွေကတော့ ပုံမှန်ရွေ့လျားနေလေရဲ့။ နှစ်သစ် တစ်နှစ်ကူးပြောင်း သွားတော့မှာဖြစ်လို့ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းမှာ မိမိဘာတွေများ ရရှိလိုက်သလဲလို့ စဉ်းစားကြည့်မိတော့ ဘာမှ မယ်မယ်ရရ မရတာကို တွေ့တယ်။ ဥစ္စာ ပညာ တရား တစ်ခုမှ လက်ဆုပ် လက်ကိုင် ပြစရာ မရှိဘူးဗျို့။ ဘာပြောပြော နှစ်ဟောင်းလွန်မြောက်လို့ နှစ်သစ်လာတော့မယ်ဆိုတော့ ကောင်းကျိုးချမ်းသာတွေ ရရှိစေနိုင်ဖို့အတွက် နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုလိုက်ပါတယ်။
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ကူး အခါသမယမှာ
မြန်မာပြည်သူ ပြည်သားအပေါင်း ၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံ ကြပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
မကောင်းသောဘေး မကောင်းသောရန်များမှ ကင်းလွတ်နိုင်ကြပြီး ကောင်းမြတ်သော မင်္ဂလာများ ပေါ်ထွန်းဖြစ်မြောက်ကြပါစေ။
ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက် နိုင်ကြပါစေ။(ကျန်းမာရေးကောင်းမွန်ခြင်း၊ ထီပေါက်သကဲ့သို့ ငွေအစုလိုက်၊ အပြုံလိုက်ရရှိခြင်း၊ နိဗ္ဗာန်ချမ်းသာရရှိသကဲ့သို့ ချမ်းသာများကို ခံစားနိုင်ကြပါစေ။)
ရတနာ စိန်ကျောက်တွေကို ဇယ်တောက်သလို တောက်ကစားနိုင်တဲ့အထိ ပေါများကြပါစေ။ ဆင်းရဲခြင်းအပေါင်းမှ လွတ်ကင်းချမ်းသာကြပါစေ။
မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း မမေ့မလျော့ကြပါစေနဲ့။ ယဉ်ကျေးမှုများအား ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေ။
လူသားတိုင်း လူသားတိုင်း လူမှန်သမျှ
ကျန်းမာခြင်း သုခ နှင့်ပြည့်စုံကြပြီး ကျန်းမာကြပါစေ။
ချမ်းသာခြင်း သုခ နှင့်ပြည့်စုံကြပြီး ချမ်းသာခြင်း စီးပွာ လာဘ်လာဘနဲ့ ပြည့်စုံ ကြွယ်ဝကြပါစေ။
ကောင်းသောမိတ်ဆွေများ၊ ချစ်သောသူများနဲ့ အစဉ်သဖြင့် ပေါင်းဖက်နိုင်ကြပါစေ။
ဆုတောင်းတွေ ဒီတင်ရပ်လိုက်ပါတယ်။ ဆုတောင်းပေးရင်းနဲ့ ဘာတွေထပ်ဆုတောင်းပေးရမှန်းမသိတော့ဘူး။ ဆုတောင်းမယ်ဆို တောင်းစရာတွေများနေအုံးမှာပါ။
လူသားတိုင်း နှစ်ဟောင်းလွန်မြောက်ခဲ့တဲ့အချိန်မှာ လွန်လေခဲ့ပြီးတဲ့ နှစ်မှာ ကောင်းတာရော ဆိုးတာရော ရှိနေမှာဖြစ်ပါတယ်။ ကောင်းတာတွေကို နှစ်သစ်ကို ဆက်လက်သယ်ဆောင်ပြီး မကောင်းတာတွေကို ထားခဲ့ကြပါ။ ကုန်လွန်ခဲ့တဲ့ ၂၀၁၈ မှာ ရှေ့လမ်းခရီးဟာ ၀ါးတားတားဖြစ်နေခဲ့ပေမယ့် လာမယ့်နှစ်သစ် ၂၀၁၉ မှာတော့ မှုန်ဝါးဝါးကနေ ရှင်းလင်းပြတ်သားတဲ့ လမ်းကို မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ ရှေ့ဆက် ခရီးထွက်တဲ့အခါ ကောင်းတာတွေ ဖြစ်ပေါ်စေဖို့ မိမိကိုယ်တိုင်ကိုသာ အားကိုးရမှာ ဖြစ်ပါကြောင်း ရေးသားရင်း
Happy New Year 2019 !!!
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
31-Dec-2018 တနင်္လာနေ့(Monday)