ဈေးသည်

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


cmzk7alg28.png


ကျွန်တော်တို့မြို့မှာ မနက်မနက် ကိုယ်မှအိပ်ယာမထခင် လမ်းပေါ်မှာ အော်ဟစ်သွားတတ်တဲ့ “ ဈေးသည် ဈေးသည်” ဆိုတဲ့ အသံကို သတိထားမိခဲ့တာကြာပါပြီ။ အခြားမြို့တွေမှာလည်း ဒီလိုပဲ ဈေးလှည့်ရောင်းကြတဲ့ မနက်ခင်းဈေးသည်တွေရှိကြမယ်ထင်တယ်။ အဲဒီလို ဈေးသည် ဈေးသည် အော်သံလေးတွေကိုကြားမိပြီး ဈေးသည်တွေဘယ်လိုရောင်းသင့်တယ်ဆိုတာကို အတွေးရောက်သွားလို့ ဒီစာကို ရေးဖြစ်သွားတာပဲဖြစ်ပါ တယ်။ ဈေးသည်တွေရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို မလုပ်ပဲနဲ့ ဗေဒင်တွေမေး၊ ယတြာတွေချေ၊ ဘုရားစာတွေ တွန်းရွတ်နေရုံနဲ့တော့ ဈေးရောင်းကောင်းလိမ့်မယ်လို့ မထင်ပါဘူး။ ဈေးသည်တစ်ယောက်ရဲ့ လုပ်ရမယ့်တာဝန်တွေကို လစ်လျူရှုထားပြီး ဗေဒင်၊ ယတြာ၊ ဘုရားစာတွေမပြောနဲ့ ဘုရားကိုယ်တော်တိုင် တောင် ဘာမှ လုပ်ပေးနိုင်လိမ့်မယ်မထင်ပါဘူး။ ဈေးသည်တစ်ယောက်ရဲ့ အလုပ်တာဝန်တွေကိုလည်းလုပ် မယ်။ အခြားအထောက်အပံ့ပေးတဲ့အရာတွေကိုလည်း လုပ်မယ်ဆိုရင်တော့ ဈေးရောင်းကောင်းနိုင်ပါလိမ့်မယ်။ ဘုရားစာတွေအာပေါက်လောက်အောင်ရွတ်နေပြီး ဈေးဝယ်သူကို ရန်လုပ်လွှတ်နေရင် ဘုရားစာလည်း ကယ်နိုင်မယ်မထင်ဘူး။ ဗေဒင်ဆရာလည်း တတ်နိုင်မှာ မဟုတ်သလို၊ ယတြာကလည်း စွမ်းတော့မယ်မဟုတ်။ ဒီတော့ ဈေးသည်ပဲဖြစ်ဖြစ် ဈေးရောင်းနေသူပဲဖြစ်ဖြစ် ပုံမှန်လခစားအလုပ်ကိုပဲဖြစ်ဖြစ် လုပ်ကိုင်နေသူတွေရဲ့ ကိုယ်တိုင်ပြုမူသင့်တဲ့ တာဝန်လေးတွေကို ကျေပွန်ပါမှ အောင်မြင်တိုးတက်နိုင်မယ်၊ ဈေးရောင်းကောင်းနိုင်မယ် ထင်ပါတယ်။



n78s52ijh2.png


ဈေးသည်တစ်ယောက်အနေနဲ့ ဒါမှမဟုတ် အခြားရောင်းဝယ် ဖောက်ကားလုပ်ကိုင်နေသူတွှေဟာ လုပ်ကိုင်ရ မယ့် အလုပ်တွေကို ကောင်းကောင်းမွန်မွန်လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ဈေးသည်တစ်ယောက် လုပ်ကိုင် ရမယ့် အလုပ်တွေကို မနက်လင်းရင်လည်းကောင်းကောင်းမွန်မွန်မလုပ်၊ နေ့လယ်ခင်းမှာလည်း ကောင်းကောင်း မွန်မွန်မလုပ်၊ ညနေခင်းအချိန်မှာလည်း ကောင်းကောင်းမွန်မွန်မလုပ်ပဲ ဘုရားအားကိုး၊ ဗေဒင်အားကိုး၊ ယတြာ အားကိုးနေရုံနဲ့တော့ ဈေးရောင်းမကောင်းနိုင်ဘူး။ ဈေးရောင်းမကောင်းရင် မရသေးတဲ့ စည်းစိမ်ဥစ္စာတွေ မရောက်လာနိုင်တဲ့အပြင် ရပြီးသားစည်းစိမ်ဥစ္စာလေးတွေပါ တောင်တောင်ပြက်လို့ တက်တက် ပြောင်သွား ပါလိမ့်မယ်။ လောကကြီးမှာက ဘာအလုပ်ပဲလုပ်လုပ် ခေတ်နဲ့ညီညွတ်တဲ့ အမြင်ရှိရပါမယ်။ ဥာဏ်ကိုအသုံးပြုပြီး ထထကြွကြွလုပ်ကိုင်တတ်တဲ့ ၀ီရိယလည်း ရှိရပါမယ်။ မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်းဆိုတဲ့ အမှီကောင်းတွေလည်း ရှိရပါလိမ့်မယ်။ မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်းဆိုတာ လုပ်ငန်းအားလုံးကို ပြီးမြောက်စေနိုင်တယ်လို့တောင် မြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်(၃)ချက်က လူတိုင်းပြုလုပ်သင့်တဲ့၊ လူတိုင်းကျင့်သုံးသင့်တဲ့ အရာတွေပဲဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ ဈေးသည်ဆိုရင် လည်း ခေတ်နဲ့ညီတဲ့အမြင်ရှိပြီး ဥာဏ်ပါတဲ့ လုံ့လ၀ီရိယနဲ့အားထုတ် အမှီကောင်းဖြစ်တဲ့ မိတ်ဆွေကောင်းတွေ ရှိမယ်ဆိုရင် မကြာခင်မှာ မရသေးတဲ့ ဥစ္စာစည်းစိမ်တွေ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ဈေးရောင်းတဲ့ ဈေးသည်ဟာ ဘယ်လိုပစ္စည်းမျိုးတွေကို ဘယ်မှာဝယ်ပြီး ဘယ်နေရာမှာရောင်းမယ်၊ ငွေကြေး အရင်းအနှီး ဘယ်လောက်ကုန်ကျမယ်၊ ကိုယ့်အတွက် အမြတ်အစွန်း ဘယ်လောက်ကျန်မယ်ဆိုတာတွေကို ပိုင်ပိုင်နိုင်နိုင် သိထားရပါလိမ့်မယ်။ မှန်ကန်စနစ်ကျတဲ့ ဈေးသည်တစ်ယောက်ဖြစ်ခဲ့ပါက ငွေကြေး၊ ဥစ္စာ၊ ကုန်ပစ္စည်းများကို ယူပါ၊ ချေးပါလို့ ကမ်းလှမ်းမယ့်သူတွေ ခုခေတ်မှာ ပေါမှားလှပါကြောင်း ရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။


လူတိုင်း အဆင်ပြေနိုင်ကြပါစေ ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

3-8-2019 စနေနေ့(Saturday)