တရားသမားဆိုတာ

မနေ့က စိတ်ရူးပေါက်ပြီး တရားသမားဖြစ်ပါစေ ဆိုပြီးခေါင်းစဉ်တပ် စာရေးတင်ခဲ့မိတယ်။ တရားသမားလို့ ဆိုလိုက်တဲ့အတွက် မိတ်ဆွေတို့ရဲ့ မျက်စိထဲမှာ တင်ပလ္လင်ချိတ် မျက်စိမှိတ်ပြီး တရားထိုင်နေတာကိုပြေးမြင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း အခုစာကို ဆက်ရေးတင်ခြင်းဖြစ်ပါတယ်။ တရားကျင့်ကြံအားထုတ်ခြင်းဆိုတာကို မိတ်တဆွတို့ရဲ့အမြင်မှာ ဘယ်လို ကျင့်ကြံအားထုတ်ရမယ်လို့ ထင်ကြသလဲလို့လည်း မေးချင်မိလာပါတယ်။ အများစုကတော့ အထက်မှာရေးခဲ့သလို ဂူအောင်း ဆိတ်ငြိမ်ရာရှာ တရားစခန်းသွား တင်ပလ္လင်ချိတ် မိက်စိမှိတ်တာကို တွေးမိကြမယ်ထင်ပါ့။ အားလုံးတော့ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပေမယ့် အများစုကတော့ အဲလိုပဲ ထင်မှာပါ။


Adobe_20200225_153617.png


ကျွန်တော်ဆိုလိုချင်တဲ့ တရားသမားဆိုတာက နောက်နောင်ဘ၀တွေ ပျောက်ကွယ်ချုပ်ငြိမ်းပျောက်ကွယ်ပြီး သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်စေနိုင့်တဲ့ တရားကျင့်ကြံအားထုတ်ခြင်းကို မဆိုလိုပါဘူး။ အဲဒီလောက်ထိလည်း ဉာဏ်မမီပါဘူးဗျာ။ ဒါက အချိုက ဘာသာရေးလိုင်းအဖြစ် ယူဆသွားနိုင်ပါတယ်။ ဘာသာရေးဆိုရင် အငြင်းပွားစရာတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက ဘာသာရေးလိုင်းနဲ့မသက်ဆိုက်ပဲ လူသားတိုက်းနဲ့သက်ဆိင်တဲ့ တရားသမားကို ‌ပြောတာပါ။


Adobe_20200225_154005.jpg


ဒါဆို တရားသမားဖြစ်ပါစေဆိုတာက ဘာကိုပြောတာလဲလို့ မေးလာခဲ့ရင်တော့ အဖြေက လူနဲ့လူအချင်းချင်းပဲဖြစ်ဖြစ် အခြားသတ္တဝါတွေနဲ့ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ မတော်မတရားမကျင့် မတော်မတရားမကြံကြပဲ တရားသဖြင့်လုပ်ကိုင်ဆောင်ရွက် နေထိုက်ခြင်း၊ တရားနဲ့မကိုက်ညီတဲ့ မတရားမှု မပြုလုပ်ခြင်း တို့နဲ့ လောကကြီးမှာ အသက်မွေးနေထိုင်တာကို တရားကျင့်ကြခြင်းလို့ ဆိုလိုရင်းဖြစ်ပါကြောင်း ထပ်မံရေးသားလိုက်ပါတာ်ခင်ဗျ။

လူနဲ့ လူချင်းဆက်ဆံကြရာမှာ တရားဖြင့် ကျင်ကြံနိုင်ကြသော တရားသမားများ ဖြစ်နိုင်ကြပါစေ။


@ansoe MSC 012


zu9ngw.png