တရားသမား ဖြစ်ပါစေ

စာရေးမယ်လို့ စိတ်ကူးတော့ ဘာအကြောင်းရေးရမယ်မသိ ဖြစ်နေပြန်ရော။ ရေးတော့ရေးမှဖြစ်မယ်။ မရေးဖြစ်ခဲ့တာကလည်း လအနည်းကြာခဲ့လေတော့ SP ရော RP ပါ ရပ်တန့်နေခဲ့တာပေါ့လေ။ အခုလို အချိန်အားလပ်မှုလေးတွေ ရှိနေတဲ့အချိန်မှာမှ စာမရေးနိုင်ရင် နောက်ကျ‌ကျန်နေခဲ့မှာ အသေအချာပါပဲ။ ခုတောင် အတော်လေး နောက်ကျကျန်နေရစ်ခဲ့ပြီပဲလေ။ အချစ် အလွမ်း အကြမ်း အရမ်း ရေးရအောင်ကလည်း ဇာတ်လမ်းကစဉ်းစားမရ။ အနှစ်ပါတဲ့စာတွေရေးမယ်ဆိုပြန်တော့လည်း အနှစ်ကမရှိ။ ကြုံရာကျပန်း တွေ့ရာစာပဲ ရေးတော့မယ်ဗျို့။


1pisc9.jpg


လောက ကမ္ဘာမြေကြီးက သူ့ရဲ့ ကမ္ဘာမြေကြီး ညစ်ပတ်နေတာကို သန့်ရှင်းရေးတွေ လုပ်ကုန်ပါပြီ။ အင်မတန် သည်းခံခြင်းတရားနဲ့ ြပည့်စုံတဲ့ ကမ္ဘာကြီးတောင် လူသားတွေရဲ့နှိပ်စက်မှု ညစ်ပတ်မှု အကြင်နားတရားခေါင်းပါးလာမှု အတ္တကြီးလာမှုတွေကို သည်းခံနိုက်စွမ်းမရှိတော့ဘူး။ ကမ္ဘာကြီးကို သန့်ရှင်းရေးတွေ လုပ်ကုန်ပါပြီ။ ဘယ်လိုများ ကမ္ဘာကြီးက သန့်ရှင်းရေးလုပ်သလဲဆိုရင် ကမ္ဘာ အရပ်ရပ်မှာ အစာရေစာ ရှားပါးလာမှု၊ မီးတွေအကြီးအကျယ် လောင်ကျွမ်းစေမှု၊ ရေတွေ လွှမ်းမိုးစေမှု၊ တောင်တွေပြိုကျစေမှု စတဲ့ လူတွေအခေါ်ကတော့ သဘာဝ ဘေးအန္တရာယ်ပေါ့ ကမ္ဘာမြေကြီးအတွက်တော့ ကပ်ဆေးခြင်းလို့ပြောရမလား သန့်ရှင်းရေးလို့‌ဆိုရလေမလား။


gp3nhj.jpg


မည်သို့ပင် ဆိုစေကာမူ ထိုထို အန္တရာယါ အသွယ်သွယ် ဘေးအဖုံဖုံထဲ ကိုယ်တိုင်မကျရောက်စေဖို့အတွက် တရားကျင့်ကြပါ လို့ တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာမြေပေါ်မှာ တရားပျောက်ပြီး မတရားတွေလွှမ်းမိုး နေတာ အတော်ကြာခဲ့ပြီဖြစ်တဲ့အတွက် တရားကျငိ့ကြပါ လို့ တိုက်တွန်းလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့

တရားသမားများ ဖြစ်နိုင်ကြပါစေ.....


@ansoe MSC 012


zu9ngw.png