တူသလိုလိုပဲ

နေကပူ ဗိုက်ကဆာ နဲ့ အားလုံးပဲ မင်္ဂလာပါ 😁

ရာသီဥတုက ပူပြင်းလွန်းတော့လည်း ဘာမှ အာရုံစိုက်မရ

ပူပြင်းလွန်းတော့လည်း စားစရာအသီးအနှံလေးအိမ်မှာလိုက်ရှာတော့ ဟို ငဗစ်လိုပုံစံနဲ့အသီးပဲတွေ့တယ်။ ထမင်းကလည်းမကျက်သေး။

စားမလို့လုပ်လိုက် ပြန်ချလိုက်နဲ့ အကြိမ်များစွာ

ငဗစ်နဲ့ ပုံစံတူနေလေတော့ ကြောက်သလိုလို ဘာလိုလို နဲ့ပေါ့

နောက်ဆုံး တတ်နိုင်ဘူးရယ်လို့ဆုံးဖြတ်ပြီ အဲဒီ ဗိုင်းရပ်စ်နဲ့တူတဲ့အသီး ၅ လုံးလောက်စား ရေအဝသောက်ပြီးပြန်ထိုင်နေလိုက်ရတော့တာပဲ။

ဗျာ အဲဒီအသီးက ဘာသီးလဲ ဟုတ်လား

အော် အခြား ဟုတ်ပါဘူးဗျာ ကြက်မောက်သီးပါ 😂

IMG_20200507_074014-02.jpeg


ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေ 💖💕💜💞💞💞💞


@ansoe 12-May-2020(Tuesday)


HIVE LOGO ansoe myanmar.png