တိုက်မလား ပေးမလား
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အားလုံးသော စတီးမစ်မန်ဘာတွေ ခုတလော မူးယစ်ဆေးတွေထုတ်လုပ်၊ လက်နက်တွေအရောင်းအ၀ယ်လုပ်၊ အယ်လ်ကိုဟောတွေ အပြိုင်အဆိုင်ထုတ်လုပ်လာတာနဲ့အမျှ အင်အားကြီးတပ်တွေရဲ့ အနိုင်ကျင့်မှုကိုလည်း မကြာခဏခံနေကြတာကို မြင်ရ ကြားရ တွေ့နေရတယ်။ ကိုယ်တိုင်လည်း အတိုက်ခံနေရသလို သူများလည်း လစ်ရင် လစ်သလို သွားတိုက်တာပဲ။ မူးယစ်ဆေးတွေများလာရင် Invest လုပ်ထားတာ ကောင်းမယ်ထင်တယ်။ ဘာမှမရှိ ဘယ်သူမှ ဓားပြလာတိုက်မှာမဟုတ်တော့ စစ်တပ်ကြီးကြီး မထောင်နိုင်ရင် ရှိသမျှအကုန်သာ Invest လုပ်ပစ်တာအကောင်းဆုံးဖြစ်မယ်။ ဒါက ကိုယ့် စစ်တပ်ကတော့ အင်အားကြီးလာစေနိုင်မှာတော့မဟုတ်ဘူး။ ရသမျှ STEEM နဲ့ လဲပစ်နေတော့ကာ ကိုယ့်စစ်တပ် အင်အားကြီးအောင် Upgrade လုပ်ဖို့လည်း ဘာမှ မကျန်ဖြစ်မှာပဲ။ ဘယ်သူမှလည်း လာတိုက်ချင်ကြမယ်မဟုတ်တော့ အေးအေးချမ်းချမ်း နေလို့တော့ရသပေါ့။ အေးအေးချမ်းချမ်းနေလို့ရသလို STEEM လည်း နည်းနည်းပဲ ၀င်တော့မယ်ထင်တယ်။ အဆောက်အဦတွေကို Upgrade လုပ်၊ မူးယစ်ဆေးဝါးထုတ်တဲ့ အဆောက်အဦတွေကိုလည်း Upgrade လုပ်၊ အရက်တွေထုတ်တဲ့ အဆောက်အဦတွေကိုလည်း Upgrade လုပ်ပေးနိုင်မှ STEEM ရတာလည်း ပိုလာမယ်။ တခြားမထင်ပါနဲ့။ တော်ကြာ Steemit က ဥပဒေနဲ့မလွတ်ကင်းတာတွေ လုပ်နေတယ်ထင်နေဦးမယ်။ Drug Wars Game ကိုပြောတာပါ။ ဘူမသိ၊ ကိုးမသိလူတွေက ဒီစာတွေကို ဖတ်မိရင် တစ်မျိုးထင်မှာစိုးလို့ပါ။
လူရယ်လို့ဖြစ်တည်လာတဲ့အချိန်ကစလို့ တိုက်ပွဲဆိုတာစလာခဲ့ကြရတာပဲမဟုတ်လား။ ဆန့်ကျင်ဘက်တွေကို ခုခံတော်လှန်ရင်းနဲ့ အတွေ့အကြုံတွေ၊ အကြံဥာဏ်တွေများလာပြီး ကြီးထွားရင့်ကျက်လာကြရတယ် မဟုတ်လား။ ဘ၀တိုက်ပွဲကို လက်လျော့အရှုံးပေးသွားကြတဲ့သူတွေလည်း အများအပြားပဲရှိနေပါလိမ့်မယ်။ လက်လျော့အရှုံ့းပေးတယ်ဆိုရင်၊ ဒါမှမဟုတ် တိုက်ပွဲဆိုတာကို ရှောင်လွဲနေမယ်ဆိုရင် ဘယ်တော့မှ ကြီးထွားရင့်ကျက်လာမှာမဟုတ်သလို အနိုင်ရခြင်းရဲ့ပီတိကို ခံစားနိုင်မှာမှာမဟုတ်ပါဘူး။ ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပဲမဟုတ်လား။ Drag Wars ဆိုတာကလည်း တိုက်ပွဲအဖြစ်ဖန်တီးထားတဲ့ Game ဖြစ်တဲ့အတွက် မတိုက်ရင်တော့ ၀င်ငွေများများရဖို့ မလွယ်လောက်ဘူးထင်ပါတယ်။ စစ်တပ်မရှိရင်လည်း သူများတွေလာတိုက် သမျှ ခံဘက်ကချည်းဖြစ်နေမှာလည်း အသေအချာပဲ။ စစ်တပ်မရှိ၊ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ အရက်တွေကို အများကြီးထုတ်နိုင်နေရင် ပိုပြီးတော့ အတိုက်ခံရပါလိမ့်မယ်။ ဒီတော့ ကိုယ်ပိုင်တဲ့ မူးယစ်ဆေးဝါး၊ လက်နက်၊ အရက်တွေကို ကာကွယ်နိုင်ဖို့အတွက် ကိုယ့်မှာလည်း စစ်တပ်ဖန်တီးထားရမှာ လည်း အသေအချာပဲ။ ကိုယ်က သူများကို သွားမတိုက်ချင်ပါဘူး။ ဒီအတိုင်းလေးပဲ နေမယ်ဆိုရင်တောင် အင်အားအသင့်အတင့်ရှိတဲ့ စစ်တပ်တစ်ခုတော့ ဖန်တီးထားမှ အခြားသူတွေလာတိုက်ဖို့ ချင့်ချိန်ကြပါလိမ့်မယ်။ အဲဒီလိုမှမဟုတ် လုံခြုံရေးစစ်တပ်တစ်ခု ဖန်တီးမထားဘူးဆိုရင်တော့ ကိုယ်က စုထားလိုက် အခြားသူက လာတိုက်ယူသွားလိုက်နဲ့ အကျိုးကျေးဇူးခံစားရလိမ့်မယ်မဟုတ်ပဲ အခြားသူတွေကို အလုပ်အကျွေးပြုနေရပါ လိမ့်မယ်။ ဆော့တတ်သည်ဖြစ်စေ မဆော့တတ်သည်ဖြစ်စေ လုံခြုံရေးအတွက်တော့ ပြုစုပျိုးထောင်ထားသင့် တယ် မဟုတ်လား။ ငါတော့ သူများကို သွားမတိုက်ချင်လို့ လုံခြုံရေးစစ်တပ်မထားခဲ့ရင် ကြိုက်တဲ့အကောင့် ကြိုက်တဲ့အကောင်နဲ့ လာတိုက်ယူလှည့်ပါလို့ ဖိတ်ခေါ်နေသလိုပဲဖြစ်နေမယ်။ ဒီတော့ တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ လုံခြုံရေးလေးတွေ လုပ်ထားကြရမှာပဲ။
Drug Wars မှမဟုတ်ပါဘူး။ ဘယ် Game မှာမဆို ကိုယ့်ပစ္စည်းတွေကို Upgrade လုပ်ပေးကြရတာပါပဲ။ သူများကိုမတိုက်ချင်လို့၊ STEEM ပဲလိုချင်လို့ဆိုပြီး နေ့စဉ် ရသမျှကို Inverst လုပ်နေမယ်ဆိုရင် အလွန့် အလွန် သေးငယ်တဲ့ STEEM ကိုပဲ ရရှိနေမှာပဲဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းတွေကို Upgrade လုပ်တိုင်း ကိုယ့်ရဲ့ Drug, Weapon, Alcohol တွေကိုလည်း တိုးတိုးပြီး STEEM ရတာလည်း တက်တက်လာပါတယ်။ ဒီတော့ STEEM များများရချင်တယ်ဆိုရင် Upgrade မလုပ်လို့ကို မရပါဘူး။ စုထားသမျှလေးနဲ့ ရသမျှလေးတွေနဲ့ ကိုယ့်ပစ္စည်း လေးတွေကို Upgrade လုပ်ကြရမှာပဲ။ Upgrade မလုပ်ရင် ၀င်ငွေတိုးမလာပါဘူး။ ၀င်ငွေတိုးမလာပဲ Daily Rewards 0.00____ လောက်နဲ့ပဲ သွားနေမယ်ဆိုရင် ဘာမှသိပ်မထူးလောက်ပါ။ ဒဿမနောက်က သုညနှစ်လုံးပြီးမှ ရလာမယ့် ပမာဏကို တွက်ကြည့်ရင် အနည်းဆုံးရက်(100)လောက်မှ 0.______ ဒဿမ နောက် ကပ်လျက်နေရာကိုပဲရောက်မယ်မဟုတ်လား။ ကိန်းပြည့် 1.00 STEEM ရဖို့ဆိုရင် ရက်(100) ကို (10)နဲ့မြှောက်မယ်ဆို ရက်ပေါင်း(1000)ကြာမှ 1 STEEM ရနိုင်လိမ့်မယ်မဟုတ်လား။ Inverst လုပ်မယ်ဆိုလည်း အခြေခံ Building တွေကနေ့ နေ့စဉ် ရနိုင်တဲ့ Drug, Weapon, Alcohol တွေကလည်း အလွန့် အလွန် သေးငယ်တဲ့ STEEM ပဲ ရမှာပါ။ ကစားမယ့်အတူတူတော့ Upgrade လုပ်၊ လုံခြုံရေးစစ်တပ် လည်းထား ဒါမှ STEEM များများရရှိနိုင်ပါမယ်။ ဒီတော့ Upgrade လုပ်သင့်ပါကြောင်း နဲ့ လုံခြုံရေးထားသင့်ပါ ကြောင်း အကြံပြုအပ်ပါတယ်။
ဂိမ်းတွေရဲ့သဘောတရားကိုက လူတွေရဲ့ မခံချင်စိတ်ကို နိုးထလာအောင် နှိုးဆွကြတာပဲဖြစ်ပါတယ်။ ဂိမ်းကစားချင်လို့မဟုတ်ပေမယ့် ဂိမ်းကစားရင် STEEM ရနိုင်မယ်။ သာမန်အနေနဲ့ ကစားနေမယ်ဆိုရင် နှစ်ချီပြီး အကောင့်လေးကို ဒီအတိုင်းထားမယ်ဆိုပြန်တော့လည်း 1 STEEM တောင်ရဖို့မလွယ်ပြန်ဘူးလေ။ အကောင့်ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်သွားရင်တောင် 10 STEEM ပြည့်နိုင်ပါ့မလားမသေချာဘူး။ ဒီလိုအကြံပြုနေလို့ ကိုယ့်မှာ ရှိနေတဲ့ STEEM တွေကို အကုန်လုံးပုံအောပြီး လုပ်ရမယ်လို့မဆိုပါဘူးနော်။ ရင်းချင်သူတွေကတော့ ရင်းနေကြပြီး ရင်းထားတာတွေပြန်ရပြီးသူတွေလည်းရှိနေပါတယ်။ ကိုယ့်မှာရှိတဲ့ STEEM တွေကို ရင်းသည်ဖြစ်စေ၊ မရင်းသည်ဖြစ်စေ Upgrade လည်းလုပ်ထားသင့်ကြောင်း နဲ့ လုံခြုံရေးစစ်တပ်လည်း ထားရှိရမှာဖြစ်တဲ့အကြောင်းကို အကြံပြုလိုပါတယ်။ တကယ်တမ်းတော့ ကိုယ့်ရဲ့ စစ်တပ်ကို ကိုယ်က စီမံခန့်ခွဲပြီး တိုက်ခိုက်နိုင်တဲ့ အဆင့်မဟုတ်ပဲ ဘယ်လိုနည်းစနစ်နဲ့ တိုက်တယ်၊ ကိုယ့်စစ်သား၊ သူ့စစ်သား ဘယ်လိုသေကုန်တယ်ဆိုတာတော့ ခုချိန်ထိ ကြည့်လို့မရ၊ မြင်လို့မရသေးတော့ သိပ်တော့ကျေနပ်စရာဟုတ်မယ်မထင်ပါဘူး။ ကိုယ့်စစ်သားတွေကို ကိုယ်တိုင်ထိန်းချုပ် ကွပ်ကဲ စီမံနိုင်တဲ့ ဂိမ်းအဆင့်ကိုရောက်ပြီဆိုရင်တော့ လူတွေအများအပြား Drug Wars ကို ပိုကစားလာကြမယ်လို့လည်း ထင်မိပါတယ်။ ဘယ်လိုပင်ဖြစ်စေကာမူ Steemit Platform မှာ Drug Wars ကြောင့် လှုပ်လှုပ်ရှားရှားလေး ဖြစ်လာတယ်လို့ထင်ပါတယ်။ Drug Wars လို STEEM ပေးတဲ့ နောက်ထပ် ဂိမ်းများများပေါ်ထွန်းနိုင်ပါစေလို့ ဆုတောင်းရင်း တိုက်ပွဲလည်း ထွက်ကြပါ။ စာလေးများလည်း ရေးကြပါလို့လည်း တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-3-2019 သောကြာနေ့(Friday)