သနားတယ် 😁

တကယ်ပင် ထူးပါသည်။ တကယ်လည်း ဆန်းပါသည်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့မြန်မာပြည်၊ ကမ္ဘာမှာ မရှိတာတွေ ရှိပါသည်။ မတူညီတာတွေ များပါသည်။ အဲဒီလို မတူကွဲပြားခြားနားမှုတွေရှိနေတဲ့ မြန်မာပြည်မှာ ကျွန်တော်မွေးဖွား ကြီးပြင်းလာခဲ့ရပါသည်။ သေဆုံးပျောက်ကွယ်သွားတဲ့အခါမှာလည်း ဒီမြန်မာနိုင်ငံမှာပဲဖြစ်ပါလိမ့်မယ်။ အခြားနိုင်ငံတွေမှာမရှိတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေ၊ လူမှုဆက်ဆံရေးတွေ ဟိုးရှေးရှေးတုံးကတည်းက တည်ရှိခဲ့ပါသည်။ ဂုဏ်ယူစရာတွေများပြားလှသလို ကမ္ဘာ့အလယ် မျက်နှာငယ်စရာတွေကလည်း အများအပြားပဲရှိနေခဲ့တာပါပဲ။


fkq0id.jpg


အခုလည်း ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးက အထူးအဆန်းသဖွယ် ကြည့်နေကြမှာ အသေအချာပါပဲ။ ထူးဆန်းတယ်လို့ ထင်ချင်ထင်၊ ဒါမှမဟုတ် မြန်မာလူမျိုးတွေကို အရူးတွေလို့ ထင်ချင်ထင် ဒါမှမဟုတ် မြန်မာတွေကို သနားစရာ သတ္တဝါလေးတွေလို့ မြင်ချင်မြင်နေမှာ အသေအချာပါပဲ။ ဘာအကြောင်းအရာ ဘာကိစ္စလည်းဆိုတော့က ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြာယာခတ်ပြီး စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ တရုတ်နိုင်ငံဖြစ် ဝူဟန်ဗိုက်းရပ်စ် ခေါ် CORONAVIRUS ကြောင့်ပါပဲ။ နိုင်ငံတကာမှာ အဲဒီ virus ကြောင့် ပြာယာခတ်စိုးရိမ်ကြီးနေကြပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကတော့ very easy ဖြစ်နေသလို စိုးရိမ်စရာမလို ပူပန်နေတာမတွေ့ရတော့ အထူးအဆန်းလား အရူးအနှမ်းလားတွေးတောနေကြပေလိမ့်မယ်။ ဆေးကောင်း ဝါးကောင်းတွေ မြန်မာနိုင်ငံက ပိုင်ဆိုင်နေပြီလား ဆိုတဲ့ ဇဝေဇဝါ အတွေးတွေနဲ့ ယုန်ထင် ကြောင်ထင်လည်း ဖြစ်နေကြမယ်ထင်‌ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခေတ်အဆက်ဆက် မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေစားလာကြတာ နှစ်ပေါင်းမနည်းမနောရှိပြီဖြစ်တဲ့အတွက် တော်ရုံ တန်ရုံ virus လောက်ကတော့ မတိုးတော့နေမှာပါ။ ဆိုတော့ကာ အခု ကမ္ဘာ့နိုင်ငံ အသီးသီးက စိုးရိမ်နေရတဲ့ တရုတ်ပြည်ဖြစ် ဝူဟန် ခေါ် CORONAVIRUS လည်း မြန်တွေကို မတိုးလောက်ပါဘူး။ ဒီတော့ ဝူဟန်လောက်တော့ မြန်မာတွေကသနားတယ် လို့ 😁😀😁😜😜😜


ucsxn3.jpg


မှတ်ချက် ။ ။ အပျော်သဘောအမြင်ဖြင့်သာ ရေးသားခြင်း ဖြစ်သော်လည်း မယုံကြည်နိုင်ရင်လည်း နိုင်ငံခြားသားများကို ဧရာဝတီမြစ်ရေ တစ်ဖန်ခွက်စီ အဝ သောက်ပြိုင်နိုင်ပါကြောင်း 😁


@ansoe MSC 012


zu9ngw.png