သာစွဌာနေ ဇေယျာရွှေမြေ
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.



သာသနာရောင်ဝါထွန်းလင်း တောက်ပပါတဲ့ စစ်ကိုင်း ဇေယျာရွှေမြေ
သူတော်စင် သူတော်ကောင်းတို့ ကိန်းအောင်းမွှေ့လျော်ကြတဲ့ စစ်ကိုင်း ဇေယျာရွှေမြေ
သာသနာ့ အာဇာနည်တွေ ထွက်ပေါ်ခဲ့၊ ထွက်ပေါ်နေဆဲ ၊ ထွက်ပေါ်လာဦးမည့် စစ်ကိုင်း ဇေယျာရွှေမြေ
အလှူရေစက် လက်နဲ့မကွာ လှူတန်းကြတဲ့ စစ်ကိုင်းဇေယျာရွှေမြေ
ဘုရား ပုထိုး ဂူ ကျောင်း ဇရပ် တန်ဆောင်း သိန်းသန်းချီနေတဲ့ စစ်ကိုင်း ဇေယျာရွှေမြေ
နှင်းမြူခိုး တောင်ခိုး ယှက်သိုင်းနေတဲ့ တောင်တန်းကြီးနဲ့အတူ တည်ရှိလာတဲ့ စစ်ကိုင်းဇေယျာရွှေမြေ
ဧရာရစ်ဝိုင်း ရွှေစစ်ကိုင်းလို့ ခေါ်တွင်ခဲ့တဲ့ စစ်ကိုင်းဇေယျာရွှေမြေ
မင်းဆက်(၇) ဆက် နန်းစဉ်တက်ခဲ့တဲ့ စစ်ကိုင်း ဇေယျာရွှေမြေ
ရွှေမင်းဝံတောင်တန်းကြီးနဲ့အတူ အခြားသောတောင်တန်းတွေ တူယှဉ်တွဲရှိခဲ့တဲ့ စစ်ကိုင်းဇေယျာရွှေမြေ
စုံလင်များပြားလှတဲ့ စေတီပုထိုးများ၊ ရှုချင်စဖွယ်တွေများပြားလှတဲ့ စစ်ကိုင်းဇေယျာရွှေမြေ
စေတီပုထိုးတွေများပြားလွန်းလို့ ဒုတိယပုဂံလို့တောင် တင်စားနိုင်လောက်တဲ့ စစ်ကိုင်းဇေယျာရွှေမြေ
တစ်ခါတစ်ခေါက်တော့ လာရောက်စေချင်တဲ့ စစ်ကိုင်း ဇေယျာရွှေမြေ
ငြိမ်းချမ်းအေးမြကြပါစေ...
ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
7-9-2019 စနေနေ့(Sunday)