Tag သတိ
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.

Steemit Platform မှာ Token အများအပြားထွက်ရှိလာတာနဲ့အမျှ တွဲစရာ Tag တွေကလည်း တစ်ပုံတစ်ပင် ဖြစ်လို့နေပါတယ်။ ဘယ် Tag ကိုတွဲရင်ကောင်းမလဲဆိုပြီး စဉ်းစားရတာလည်း ဦးနှောက်ခြောက်စရာ တစ်ခု ဖြစ်လို့လာပါတယ်။ စာရေးဖို့အလျင်အမြန်ကြိုးပမ်းပြီး Post တစ်ခုဖြစ်အောင် ဖန်တိးနေကြရပါတယ်။ စာရေးပြီး တော့လည်း ဘယ် Tag တွေကို တွဲရင်ကောင်းမလဲဆိုပြီးနောက်တစ်ဆင့် ဦးနှောက်စားနေရပြန်ပါတယ်။ Token တွေများလာတာနဲ့အမျှ Token တိုင်းကို လိုချင်စိတ်ကလည်း ဖြစ်လာပြန်ပါတယ်။ ဟို Token လည်းလိုချင်၊ ဒီ Token လည်းလိုချင်နဲ့ဆိုတော့ Tag တွဲတဲ့အခါမှာ ဗျာများနေရတော့တာပဲဗျို့။ ဟို Tag လေးစမ်းတွဲလိုက် ဒီ Tag လေးစမ်းတွဲလိုက်နဲ့ ဘာမှလည်း များများစားစားမရပါဘူးလေ။ အချို့ Tag တွေကဆို သတိပေးချက်တွေ လာရေးကြတယ်။ ဒီတော့ အဲဒီလို သတိပေးလာတဲ့ Tag တွေက ကိုယ့်အတွက် အန္ဆရာယ်ဖြစ်လာနိုင်တာပေါ့။ ဒီတော့လည်း အဲဒီ Tag တွေကို မတွဲမိတော့ဘူး။

အခုသိလာတာတစ်ခုကတော့ #palnet Tag ရယ်၊ #creativecoin Tag ရယ်က ကိုယ်တိုင်စာရေးဖို့အတွက် တွဲလို့အကောင်းဆုံး Tag နှစ်ခုပဲဖြစ်ပါတယ်။ အဲဒီ Tag နှစ်ခုက ဘာရေးရေး ရပါတယ်။ ကိုယ်တိုင်ရေးဖြစ်ဖို့တော့လိုပါတယ်။ #Dlike တို့ #share2steem တို့လို Link တွေကို Share လုပ်ပြီးတော့ သူတို့ရဲ့ Tag ကို အသုံးပြုလို့မရပါဘူး။ ကျန်တာကတော့ ဘာပြဿနာဖြစ်စရာအကြောင်းလည်းမရှိဘူး။ လောလောဆယ်မှာ PAL Token လေးတွေကလည်း နေ့စဉ်တော့ရနေတာပေါ့။ ဒီတော့ကာ ကျွန်တော်အနေနဲ့ ကတော့ palnet ရယ် creativecoin ရယ် အဲဒီ Tag နှစ်ခုကိုပဲ အဓိကထား အသုံးပြုပါတော့မယ်။ ကျန်တဲ့ အန္တရာယ်ရှိနိုင်တဲ့ Tag တွေကို အသုံးမပြုတော့ပါဘူး။ ဒါဆိုရင် ကိုယ်လည်း Tag တွဲအခါမှာလည်း ဗျာများနေစရာမလိုတော့ဘူး။ နောက်ထပ်ထွက်မယ့် Token တွေကလည်း အများအပြားကျန်ရှိနေပါသေး တယ်။ ကိုယ်နဲ့ကိုက်မယ်ထင်တဲ့ Token လေးတွေကိုပဲအဆင်ပြေအောင် ကိုင်တွယ်ထားတော့မယ်လို့လည်း ဆုံးဖြတ်လိုက်ပါတော့တယ်။ Tag တွဲတဲ့အခါ Down Vote မလာအောင် သတိထားပြီးတော့ တွဲကြပါ။ Down Vote လာရင် Steemit Account ကိုတော့ မထိခိုက်တာတွေ့ရပါတယ်။ ဘာ့ကြောင့်သိသလဲဆိုတော့ သူတို့ရဲ့ ကြော်ငြာချက်တွေကို သေချာမဖတ်ပဲနဲ့ လက်တည့်စမ်းလိုက်တာ #creativecoin tag တွဲတွဲချင်းမှာပဲ Down Vote မိသွားလို့ပါပဲခင်ဗျာ။ သတိပြုနိုင်ကြပါစေ။
Creative Coin(CCC) Link :

ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
22-7-2019 တနင်္လာနေ့(Monday)