STEM TOKEN

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


STEM Token copy.png

ပေါများလှတဲ့ Token တွေ အဆက်မပြတ်ပေါ်ထွက်လာနေတာကို မြင်နေရပါတယ်။ #STEM Token ဆိုတာ ကလည်း ကိုယ့် Steem Enginge Wallet ထဲကို Aridrop အနေနဲ့ချပေးခဲ့တာကြောင့် သိလာရတာပဲဖြစ်ပါ တယ်။ #STEEM နဲ့ #STEM နဲ့တော့ မမှားကြစေနဲ့ပေါ့။ ဒီအတိုင်းဆိုရင် ဘာမှသိမှာမဟုတ်လောက်ဘူး။ Token တွေ အများအပြားထွက်ပေါ်လာနေပေမယ့် ဘယ် Token က အောင်မြင်မလဲဆိုတာကတော့ စောင့်ကြည့်အနေအထားမှာပဲရှိနေပါလိမ့်မယ်။ Token တိုင်းကတော့ အောင်မြင်လိမ့်မယ်မဟုတ်ပါ။ ဒီတော့ ကိုယ့်ဆီရောက်လာတဲ့ Token တစ်နည်းအားဖြင့်ဆိုရင် လက်ဆောင်ရရှိလိုက်တဲ့ Token လေးတွေ အောင်မြင်ရင် ကိုယ်လည်း ထောတာပေါ့။ မအောင်မြင်တော့လည်း အရှုံးမရှိပါဘူး။ လက်ဆောင်ရရှိလိုက်တဲ့ Token တွေကို ချက်ချင်းလက်ငင်း Steem ပြောင်းလိုက်တဲ့သူတွေ ရှီသလို Stake ပြန်လုပ်ပြီး ရင်းထားလိုက်တာတွေလည်းရှိကြမှာပါပဲ။ ဒါ့အပြင် ရရှိထားတဲ့ Token တွေကို Steem နဲ့လည်း မလဲလှယ်၊ Stake လည်းမလုပ်ပဲ Steem Engine Wallet ထဲမှာ ဒီအတိုင်းထားတဲ့သူတွေ လည်း ရှိကြမှာပါပဲ။ ဘာမှမလုပ်ပဲ ဒီအတိုင်းထားလို့ ဈေးတက်တာကို သိလိုက်ရင်တော့ အမြတ်ထွက်တာပေါ့။ ဘယ်လိုပဲဖြစ်ပါစေ။ ရထားတဲ့ #Token လေးတွေရဲ့ အောင်မြင်မှုက #Steemit Platform ရဲ့ အောင်မြင်မှုပဲဖြစ်သလို ကျွန်တော်တို့ရဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။ ကျွန်တော့်လို စာပဲရေးနေတတ်သူတွေ အဖို့တော့ ရတာက အမြတ်ပဲလို့ဆိုချင်ပါတယ်။ Trade လည်း မလုပ်ပဲ ဒီအတိုင်းထားတာထက်စာရင်တော့ Stake လုပ်ထားလိုက်တာကောင်းပါတယ်လို့ အကြံပြုပါရစေ။ ဒါဆိုရင် နေ့စဉ် Token လေးတွေတော့ ရနေနိုင် တာပေါ့။


STEM Token copy 1.png


အခု #STEM Token ကလည်း အများနည်းတူထုတ်လုပ်လာတဲ့ Token ပဲဖြစ်ပါတယ်။ သူ့အကြောင်းတွေရေးပြီး သူ့ #Tag ဖြစ်တဲ့ #STEM ကို တွဲပေးမယ်ဆိုရင် သူတို့ဆီက Vote လေးတွေရပြီး STEM Token တွေလည်းရနိုင် တာပေါ့။ ဒါကလည်း အားလုံးအတူတူပဲဖြစ်လို့ အကျယ်ချဲ့ရေးနေစရာမလိုတော့ပါဘူး။ STEM Token ရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံဖတ်ကြည့်ချင်တယ်ဆိုရင်တော့ https://www.palnet.io/stem/@stemgeeks/announced-stemgeeks-a-new-steem-engine-tribe အဲဒီ Link မှာသာ ၀င်ဖတ်ကြည့်ကြပါတော့လို့ ပြောပါရစေ။ Token တွေများလာတာနဲ့အမျှ ဘာလုပ်ရမယ်မသိပဲ ယောင်လည်လည်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်တန်ရာပါဘူးနော်။ Facebook မှာအော်သလို ငါတစ်ယောက်တည်းလားလို့ အော်မေးရမလိုပဲ။ ဒီနေရာမှာ အချို့ Tag တွေက သက်ဆိုင်ရာအကြောင်းအရာတွေမရေးပဲ သူတို့ Tag ကို အသုံးပြုမယ်ဆိုရင် Flag ပြတာမျိုး၊ ရသမျှ Token လေးပြောင်အောင် Down Vote လုပ်တာမျိုးတွေ လုပ်မယ်လို့ ဆိုတာတွေလည်း ရှိနေတော့ ကျွန်တော်လို တွေ့ကရာလျှောက်ရေးနေသူအတွက် ပြဿနာနည်းနည်းရှိလာပါတယ်။ ကိုယ်က ရေးချင်တာ လျှောက်ရေးပြီး သူတို့ရဲ့ Tag ကို သွားတွဲမိရင် သတိပေးတာတွေလုပ်လာကြပါတယ်။ ဒါဆိုရင် နောက်တစ်ခါ သူတို့ရဲ့ အကြောင်းအရာ ဒါမှမဟုတ် သူတို့သတ်မှတ်ထားတဲ့အရာတွေ မပါပဲနဲ့ သူတို့ Tag ကို အသုံးမပြုရဲတော့ဘူးဗျို့။ ချစ်မိတ်ဆွေများလည်း Token လိုချင်တာနဲ့ Tag တွေ အရမ်းမတွဲကြစေချင်ပါဘူး။ မတော်လို့ သူတို့လာဖျက်ရင် ဘာမှမရတဲ့အပြင် Stemit Account ကိုတောင် ထိခိုက်နိုင်မယ်ထင်တယ်။


STEM Token copy 2.png


‘ဒါလောက်များပြားလှတဲ့ Token တွေထဲမှာ ကျွန်တော်ကြည့်မိသမျှကတော့ အဆင်ပြေနိုင်တဲ့ Token တစ်ခုက တော့ #PAL Token ပဲဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရတာနည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် သူ့ Tag ကို အသုံးပြုခွင့်ပေးတဲ့နေရာမှာ ဘာရေးရေးတွဲသုံးလို့ရနေတဲ့အပြင် ဈေးကလည်း အတော်အသင့် ကောင်းနေတာကို မြင်ရပါတယ်။ ကျွန်တော့်အမြင်မှားချင်လည်း မှားနေပါလိမ့်မယ်။ Market တွေနဲ့ ရင်းနှီးမှု မရှိတဲ့အတွက် မှားနိုင်ပါတယ်။ လက်ရှိ ကျွန်တော်ရရှိလာခဲ့တဲ့အကျိုးအမြတ်ပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ပြောဆို တာဖြစ်လို့ပါပဲ။ အခြားသော Token များမှာလည်း အကျိုးအမြတ်ဖြစ်ထွန်းစရာလေးတွေများ တွေ့မြင်ခဲ့ရင် လက်တို့ပြီးတော့ ပြောကြပါအုံးလို့လည်း ပြောချင်ပါတယ်ဗျ။ တစ်ခုခုကို သိထားလိုက်ရင် အခြားသူတွေကို လည်း သိစေလိုတဲ့ဆန္ဒကလည်း ခုချိန်ထိဖျောက်မရတာပဲ။ တိတ်တိတ်လေးကျိတ်မှိတ်မယူတတ်တာကလည်း အကျင့်ပါနေပြီဗျို့။ ဒီတော့ မျှဝေလိုတဲ့ စိတ်ကူးစိတ်သန်းလေးတွေ ရှိတယ်ဆိုရင်တော့ အကျိုးအမြတ်ရနိုင်တာ လေးတွေကို အခြားသူများကိုလည်း လက်တို့ပါအုံးလို့။ ခုချိန်မှာတော့ ကျွန်တော်လက်ဆောင်ရထားသမျှ Token တွေထဲမှာ #PAL Token က အကျိုးအများဆုံးဖြစ်နေလို့ PAL Token လေးတွေ ရထားကြတယ်ဆိုရင် Stake လုပ်ထားရင် မဆိုးပါကြောင်း ရေးရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-7-2019 သောကြာနေ့(Friday)