စိတ်ကူးနှင့်ရူးခြင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
“ကူချီ ကူချီ ကူချီ ကူချီ တီးယူတန်တန် တူတန် တီးယူးတန်တန် တူတန်”
အာဖရိကတောထဲက လူသားတွေရဲ့ စကားပြောသံမဟုတ်ပါဘူး။ ကွှီးစိုးရဲ့ ဖုန်း Ringtone မြည်သံပါ။ ဖုန်းက အမြဲလိုလို လူနဲ့ကပ်နေတတ်တော့ ဖုန်းလာလာချင်း ဘယ်သူဆက်တာလဲ ကြည့်တော့ ထုံးစံအတိုင်း ငအော ပဲ… ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ…
“ကွှီးစိုးရေ”
“ဟေ”
“ကွှီးစိုးလား”
“၀ါး”
“ကွှီးစိုးဖင် လောက်စာလုံးဝင်”
“ဟကောင် ငအော တော်တော့ မင်းလုပ်တာနဲ့ ငါဒွတ်ခရောက်တော့မှာပဲ ဘာကိစ္စလဲပြော”
“ဘာာာာားးးး ဟုတ်ဖူး အားရင် လဖေ့ရေ သောက်ရအောင်လို့ ထုံးစံအတိုင်း စောတီးလာခဲ့ပါလို့”
“လာမယ်… ခဏစောင့်… လုပ်လက်စပြီးအောင်လုပ်အုံးမယ်”
“ဟာ ကွှီးစိုး နေ့ဘက်ကြီး ဘာတွေလုပ်နာလဲ”
“ဟကောင် မတော်တရော်မစဉ်းစားနဲ့ အိမ်သန့်ရှင်းရေးလုပ်လက်စတန်းလန်းကိုပြောတာ တော်ပီ ဖုန်းချလိုက်ပီ”
လက်ဖက်ရည်ဆိုင်ဆို ခဏမဆိုင်း ထသွားတတ်လေတော့ လုပ်လက်စ အိမ်သန့်ရှင်းရေးလေး မြန်မြန်လုပ်၊ ခြေလက်ဆေးပြီး ထွက်လာခဲ့တယ်။ အရေးထဲ စီးတော်ဆိုင်ကယ်က တဖွတ်ဖွတ်ဆဲနေသေး အတော်ကြာ မောင်းထောင်းတာတောင် မနိုး။ တောင်နိုက် မြောက်နိုက်လုပ်ပြီး ၀ပ်ရှော့ဆရာဂိုက်ပေးလုပ်ပြီး စတတ်ဆွဲလိုက်ကြည့်လိုက် တောင်ကြည့်မြောက်ကြည့်လုပ်၊ ၅ မိန်စလောက်ကြာတော့ ၀ူးကနဲနိုးသွားတော့တယ်။ ဆိုင်ကယ်ကို အလျင်အမြန်ခွတက်ပြီး မောင်းထွက်လိုက်ခဲ့တယ်။ တော်ကြာစက်ပြန်ရပ်သွားရင် အချိန်ထပ်ကြာနေအုံးမယ်လေ။
“ဟိုင်း ကွှီးစိုး နောက်ကျလှချေလား”
“အရှုပ်လေးတွေ လုပ်နေလို့ဗျို့”
ဟိုဝိုင်း ဒီဝိုင်းက နှုတ်ဆက်တာတွေ ဖြေရင်း ငအောထိုင်နေရာကို လျောက်လာပြီးထိုင်လိုက်တယ်…ထိုင်ကာရှိသေး ဆိုင်းမဆင့် ပတ်မ မဆင့်နဲ့ ငအောကဆီးမေးတယ်…
“၂၀၁၉ ထဲမှ စတင်းဈေးတွေတက်နိုင်လား ကွှီးစိုး”
“အာ ငါက ပညာရှင်မှမဟုတ်တာ ငါဘယ်သိမလဲ ဟ”
“ကွှီးစိုး ဘယ်လိုထင်သလဲလို့မေးတာပါ”
“ပြောတတ်ဖူး”
“တကယ်လို့ နောက်နှစ်ထဲမှာ စတင်းဈေးတွေတက်ရင် ကျွန်တော်တို့ ဘယ်လိုဖြစ်မလဲ”
“ဟကောင်ရ စတင်းဈေးတက်ရင် ငါတို့က ဘာဖြစ်စရာ ရှိလို့တုံး ထ ကကြတာပေါ့”
“စတင်းဈေး ဆယ်ဆလောက်တက်သွားရင်တောင် ရင်မခုန်သေးဘူး ဟီး”
“ဟ ဆယ်ဆ ကို နဲတယ်ထင်လို့လား”
“အဲလိုဟုတ်ဖူး… ကျွန်တော်က ဆယ်ဆကျော်ကျော်ရှိနေတုံးက ၀ယ်ထည့်ထားတာလေးတွေရှိလို့”
“ဘာပြောပြော ခုလက်ရှိကနေ ဈေးတက်သွားတယ်ဆို ပျော်စရာပေါ့ဟ”
“ဟုတ်တော့ ဟုတ်ပါတယ် အဆငါးဆယ် တစ်ရာလောက်တက်စေချင်တာ”
“စာသာမရေးတာ အတော်လောဘကြီးတဲ့ကောင်ပဲ”
“ပြောမရဘူးလေ ကွှီးစိုးရ ဘစ်ကွိုင်တုံးကတောင် အဆပေါင်း ထောင်ချီတက်သွားသေးတာ”
“အာ ခုအခြေအနေနဲ့ အရင်ကအခြေအနေတူမှ မတူတော့ပဲ ကွိုင်တွေ ဒီလောက်များနေထာ”
လာချတဲ့လက်ဖက်ရည် တစ်ငုံသောက်ပြီး ရေနွေးကြမ်းငှဲ့နေချိန် ထပ်အတွန့်တက်လာပြန်တယ်…
“ကွှီးစိုးကရော စတင်းဈေးမတက်စေချင်ဘူးလား”
“ဟကောင်ရ ငါမှ မဟုတ်ဘူး အကုန်ုလုံးက စတင်းဈေးတက်စေချင်နေတာလေ… တက်စေချင်တိုင်းတက်မှာမှ မဟုတ်ပဲ”
“ထီတစ်စောင်ထိုးထားပီး စိတ်ကူးယဉ်သလို စတင်းဈေး အဆတစ်ရာလောက်သာတက်ခဲ့ရင်ဆိုပီး အတော်စိတ်ကူးယဉ်လို့ကောင်းမှာ ကွှီးစိုးရ တက်တက် မတက်တက် စိတ်ကူးယဉ်မယ်ဗျာ”
“ထီဆိုတာက မပေါက်ဖို့ကများတယ်လေ ဒါနဲ့တူမှမတူပဲ”
“စိတ်ကူးယဉ်ဖို့ တူတာကိုပြောတာပါဗျ… အင်း အဆတစ်ရာလောက်သာတက်ရင် ကွှီးစိုးဘာလုပ်မလဲ”
“တော်စမ်းပါ ငအောရယ်… တစ်ခါမှတောင်မစဉ်းစားမိဘူး”
“စဉ်းစားစမ်းပါ ဘာလုပ်မလဲလို့”
“ငှယ်… ဒီကောင် ဇွတ်အတင်းစဉ်းစားခိုင်းနေတော့တာပဲ”
“SP ကို 100 နဲ့မြှောက်ရင် ကားကောင်းကောင်းတစ်စီးဝယ် ကားမှာ စတင်းတံဆိပ် စတစ်ကာကြီးတွေကပ် ဒရိုင်ဘာကောင်မချောချောလေးခန့် အိမ်ကောင်းကောင်းခြံကျယ်ကျယ်ဝယ် ဆိုးဘူးမလား ကွှီးစိုး ”
“မင်း လုပ်တာနဲ့ ဘာဈေးမှမတက်ခင် စိတ်ကျန်းမာရေးဆေးရုံရောက်နေပါအုံးမယ် ငအောရယ်”
“အာ ပိုက်ဆံပေးရတာမှမဟုတ်တာ ကွှီးစိုးကလည်း စိတ်ကူးယဉ်ခွင့်ရှိပါတယ်”
“ယဉ်ပါ ယဉ်ပါ… စိတ်ကူးထဲမှာ ပီတိတွေဖြာနေပီး အပြင်မှာ အီး အီး တွေပါကုန်ပြီး ဆေးရုံတက်နေရမယ်… ခုမင်းစားနေတာ ပဲတီချဉ်တွေ”
“ဟီး ဟုတ်သား”
“ဟုတ်သားလုပ်မနေနဲ့… အ၀တ်မပါ ဗလာကိုယ်နဲ့ လျှောက်ပြေးနေလို့ ငါလိုက်ဖမ်းပေးနေရအုံးမယ် တော်ဘီ တော်ဘီ ငါပါရောပီး စိတ်ကျန်းမာရေးဆေးရုံလိုက်နေရမယ် ပြန်ဘီ ပြန်ဘီ”
ကျန်နေတဲ့ လက်ဖက်ရည် တစ်ခါတည်းအကုန်မော့ချပြီးတော့ ငအော နားက အမြန်ထွက်လာခဲ့ပေမယ့် ဒီကောင် လုပ်ချလိုက်လို့ ခေါင်းထဲမှာတော့…
“အဆတစ်ရာလောက်များ တကယ်တက်ခဲ့ရင် ငါဘာလုပ်ရမလဲ” ဆိုတဲ့အတွေးကတော့ လိုက်ပါလာပါ တော့တယ်…
ကဲ ကဲ … ချစ်မိတ်ဆွေများကော အဲလိုများ တကယ်ဖြစ်ခဲ့ရင် ဘာလုပ်ကြမလဲဗျို့…
ပျော်ရွှင်စွာ စိတ်ကူးယဉ်နိုင်ကြပါစေ…
အဲ စိတ်ကျန်းမာရေးတော့မရောက်စေနဲ့ပေါ့ ☺
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-Nov-2018 သောကြာနေ့(Friday)