စိတ်ပျက်စရာ Steemit Platform

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


3drg34hcaz.png


ကြာလေလေ ခိုင်မြဲလေလေ ဆိုတဲ့ စာသားလိုမဟုတ်မူပဲ ကြာလေလေ ပိုဆိုးလေလေဖြစ်နေတဲ့ Steemit Platform ကြီးကို စိတ်ကုန်လာ စိတ်ပျက်လာမိတော့တယ်။ ကိုယ်တိုင်က English လိုကျွမ်းကျွမ်းကျင်ကျင် လုပ်မထားခဲ့မိလေတော့ သူများတွေလို စာရေးတင်ပြီးမပြောနိုင်တာလည်း ကိုယ်ကိုယ့်ကိုယ် အတော် စိတ်ပျက်မိတယ်။ လုပ်ငန်းတစ်ခု က ကြာလာရင် မအောင်မြင်ရင်တောင် ပျက်စီးတဲ့အဖြစ်တော့ မရောက်သင့် တော့ဘူးလို့ထင်ပါတယ်။ Steemit Platform ကြီးက ပျက်စီးဖို့ဖြစ်နေသလိုပဲ။ Steemit Platform ကြီးမှာရှိတဲ့ Witness တွေကလည်း ကြာလာတာနဲ့အမျှ သူတို့ရဲ့ ကိုယ်ပိုင် Coin တွေ၊ Token တွေ အောင်မြင်ဖို့အတွက်ပဲ ကြိုးပမ်းနေကြတယ်ထင်တယ်။ Steemit Platform ကြီးအောင်မြင်ဖို့ထက် သူတို့ရဲ့ Coin တွေ Token တွေ အောင်မြင်ဖို့ပဲကြိုးပမ်းနေကြတယ်လို့မြင်ပါတယ်။ Steemit Platform ကိုအားကိုးပြီးလုပ်ကိုင်နေသူတွေအဖို့ တော့ Downvote တွေနဲ့ အနှိပ်စက်ခံနေရတာ Witness တွေက တကယ်ကို မသိကြတာလား? သိသိကြီးနဲ့ပဲ မသိချင်ယောင်ဆောင်နေကြလေသလား? ဆိုတာပဲ ထပ်ကာ ထပ်ကာမေးနေရုံကလွဲပြီး ဘာမှမတတ်နိုင်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေသလိုပါပဲ။ Group အင်အားကြီးတယ်ဆိုပြီး RP မြင့်သူတွေနဲ့ နှိပ်စက်ပြီး Steemit Platform ကနေ ကန်ထုတ်ပစ်နေသလိုထင်မှတ်မိတယ်။ တကယ့်လက်တွေ့မှာလည်း ရတဲ့ Steem နည်းနည်းလေးလောက်နဲ့ အရှုံးခံပြီး Post တွေတင်နေကြရတာ လူတိုင်းပါပဲ။ အင်အားကြီးတဲ့သူ တွေသာ Steem များများ ရနေကြပြီး SP ကလည်း သောင်းဂဏန်းမရှိရင် အရှုံးပေါ်မှာ သေချာပါတယ်။ Facebook Platform က Libra Coin ထုတ်ပြီး ဘယ်လိုနည်းစနစ်နဲ့ပေးမလဲဆိုတာကို တွက်နေတဲ့အချိန်မှာ Steemit Platform ပေါ်က လူတွေကို Facebook Platform ပေါ်ပြန်ရောက်သွားအောင်များ ကန်ထုတ်နေကြ သလားအောက်မေ့မိတယ်။


Steem Tree copy.png


ဒီတော့ ဘာလုပ်သင့်သလဲလို့ စဉ်းစားမိတော စာတွေမရေး Post တွေမတင်ပဲနဲ့ ကိုယ့်ရှိတဲ့ SP လေးတွေကို Delegate လုပ်ထားလိုက်တာကပဲ စိတ်ချမ်းသာလိမ့်မယ်ထင်တယ်။ ကျွန်တော့်သာ Downvote ၀င်လာပြီ ဆိုရင်တော့ အဲဒီလိုပဲ လုပ်ထားမိတော့မှာ အမှန်ပဲ။ Steem ဈေး၊ SBD ဈေးကလည်း အောက်ဆုံးထိုးဆင်းနေပြီ ဖြစ်တဲ့အတွက် Power Down ပြီးတော့ ရောင်းစားလို့လည်း ဘာမှဟုတ်တိပတ်တိရလိမ့်မယ်မဟုတ်တော့ Delegate လုပ်ထားပြီး Steem ဈေး၊ SBD ဈေး တက်လာမှ ထုတ်ရောင်းစားလိုက်တာ အကောင်းဆုံးပဲဖြစ် မယ်။ တစ်ချို့ SP အများကြီးရှိနေတဲ့သူတွေက ဘာ Post မှမတင်ပဲ အဲလိုလုပ်စားနေကြတာတွေ မြင်ရပါတယ်။ ဘယ်သူကမှလည်း သူတို့တွေကို Downvote ပေးလို့မရသလို Flag လည်းပြလို့မရဘူးလေ။ အင်အားကြီးလို့ မဟုတ်ဘူး။ Downvote ပြစရာ ဘာ Post ဘာ Comment မှ မရှိလေတော့ ဘယ် ပြလို့ရလေမလဲ။ အဲဒီလူတွေသွားကြည့်တော့ RP 25 ပဲ။ ဘယ်အချိန်ဝင်ကြည့်ကြည့် RP 25 ပဲ။ Post လည်းမတင် Comment လည်းမရေးတဲ့သူတွေကို ဘယ်လိုနည်းနဲ့ Downvote ပေးမလဲတော့မသိဘူး။ Steemit ကို ၀င်ကြည့်ချင်ကြည့် မယ်၊ မကြည့်ချင်မကြည့်ဘူး။ အဲဒီလိုလူတွေအတွက် ဘယ်သူ့ရဲ့ Downvote မှ ထိစရာမရှိတော့ဘူးဆိုတာ တော့ သေချာသမှ တိန် တိန် တောင်မြည်နေသေးတယ်။ သူတို့ မွှေးထားတဲ့ Bot ဘာလုပ်လို့ လုပ်နေမှန်းတောင် သိကြသေးရဲ့လားဆိုတာ သံသယ ၀င်စရာပါ။ ကိုယ့်ပြဿနာကိုလည်း ဘယ် Witness ကမှလည်း စိတ်မ၀င်စားကြဘူးထင်ပါတယ်။ ကိုယ်ကသာ မဲတွေပေးနေရတာ ဘယ်တုံးကမှလည်း ကိုယ့် Post လေးတစ်ခုကို လာပြီး Upvote လေး မပေးဖူးဘူးထင်ပါတယ်။ ကိုယ့် Vote တွေအကုန်လုံးပြန်ပြီး ဖြုတ်ပစ်ရင် ကောင်းမလားမသိဘူးနော်။ သူတို့ကမှ အကျိုးမပြုတော့ပဲကိုး။ နောင်တစ်ခုက Auto- vote တွေကြောင့် လို့ပြောတယ်။ အဲဒီ Auto-vote တွေထဲမှာ ကိုယ်နဲ့ မသိသူတွေ အများကြီး ဘယ်လိုသွားပြောရမယ်။ တကယ်လို့ အဲဒီ Auto-vote ကြောင့်ဆိုရင် Member တွေကို Downvote မပြပဲနဲ့ အဲဒီ Auto-vote ပေးလို့ရအောင် ထောင်တားတဲ့ Witness ကိုပဲ Downvote သွားပြရမှာမဟုတ်ဘူးလား။ ဒါဆို ဘယ်သူကမှ Auto-vote ပေးလို့မရတော့ဘူး။ ခုတော့ ... စိတ်ပေါက်လို့လျှောက်ရေးနေတာ။ တော်ပြီ တော်ပြီ။

We Love Steemit Platform but …….


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-7-2019 အင်္ဂါနေ့(Tuesday)