ဆင်တုတ်ကွေး… တဲ့

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


4cpdlskcy4.png


လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက သင်္ကန်းအရောင်းဆိုင်ကို သင်္ကန်းဝယ်ဖို့သွားရင်းနဲ့ သိလာရတဲ့ သတိထားစရာလေးတစ်ခုကို အသိပေးရေးသားလိုပါတယ်။ ကလေးမလေးတစ်ယောက် ခြင်ထောင်ကြီးထဲမှာ ထိုင်ခုံလေးနဲ့ ထိုင်နေတာတွေ့လို့ မနေနိုင်မထိုင်နိုင် စပ်စုကြည့်မိတော့ “ဆင်တုတ်ကွေး” ဖြစ်နေလို့ပါတဲ့။ အဲ ပါးစပ်တောင်ပြဲ သွားသဗျ။ မကြားဘူးသေး၊ မတွေ့ဘူးသေးတဲ့စကားဖြစ်နေမိတယ်။ ကိုယ်တွေပဲ ခေတ်မမီတာ လားတော့မသိ။ ခေတ်မီသူများ တုတ်ကွေးဖြစ်ကြသည်ဆိုတဲ့အထဲ မပါသေးဘူး။ ဆင်တုတ်ကွေးက လွန်ခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ်လောက်က စတင်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ မိုးတွင်းကာလ နဲ့ တုတ်ကွေး ဆိုတဲ့ စကားလုံး က အမြဲတွဲ မခွဲမခွာများ အတူနေကြသလား မှတ်ထင်ရပါတယ်။ မိုးလေးများကျပြီဆိုမှဖြင့် နောက်ဆက်တွဲ “တုတ်ကွေး” ဆိုတဲ့ အသံပါ ကြားလာရတတ်တယ်။ မိုးရာသီကာလကို ရောက်ပြီဆိုရင်ဖြင့် မောင်မင်းကြီးသား လူသတ်ကောင် ခြင်တွေဟာ ဟိုနေရာ ဒီနေရာ နေရာ အနှံ့အပြားမှာ ခိုအောင်းနေထိုင်ကြပြီး အချိန်တစ်ချိန်မှာ ခိုအောင်းနေထိုင်ရာကနေ အပြင်ထွက်ပြီး လူတွေကို သွေးစုတ်တတ်ကြပါတယ်။ သူတို့ရဲ့ သွေးစုတ်မှုကြောင့် ရောဂါပိုးတွေ ကူးစက်ပြန့်ပွားသွားတတ်ပါတယ်။ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကလည်း အများအပြားရှိတယ်ဆိုတာ လူတိုင်းနားလည်ထားပြီးဖြစ်ပါ တယ်။ ဒါပေမယ့် ခြင်ကိုက်တာကို ခြင်ကိုက်မခံရလေအောင် လုပ်ဆောင်တာတွေကတော့ နည်းပါးတတ်ပါ တယ်။ ဒီလူသတ်ကောင်ခြင်တွေက လူကြီးအများစုကို ဒုက္ခမဖြစ်ပေမယ့် ကလေးသူငယ်နဲ့လူငယ်လူရွယ်လေး တွေကိုတော့ အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ အရင်တစ်နှစ်တုံးကလည်း ခြင်နဲ့ပတ်သက်ပြီးတော့ လူသတ်ကောင်ခြင် ဆိုတဲ့ စာလေးကို ရေးတင်ခဲ့ဘူးပါတယ်။ လူအများစုက ခြင်ကို အရေးတယူမလုပ်ပဲ ကျန်းမာရေးနဲ့ မသက်ဆိုင်သလို ခြင်ကိုက်တာလေးလောက်များလို့ ဆိုတတ်ကြပါသေးတယ်။ အဲဒီခြင်ကိုက် တာလေးကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးသွားခဲ့ကြရတာကိုတော့ သတိမပြုမိပဲ နေကြလေသလားမသိ။



qe03pvla6v.png


မိုးစက်မိုးပေါက်တွေများကျလာပြီဆိုမှဖြင့် အဲဒီမောင်မင်းကြီးသားခြင်တွေက လူသွေးစုတ်ပြီး ဟိုလူ့သွေးကို ဒီလူ့ဆီထိုးသွင်း ဒီလူ့သွေးကို ဟိုလူ့ဆီထိုးသွင်းနဲ့ အလုပ်တွေကိုဖြစ်နေကြတော့တာပါပဲ။ အဲဒီမှာ ရောဂါရှိတဲ့ လူဆီကသွေးကို အခြားလူတစ်ယောက်ဆီကို ထိုးသွင်းမိတဲ့အခါ ရောဂါဖြစ်လာရတော့တာပေါ့။ ကိုယ်ခံအား မကောင်းလေ ပိုပြီးခံရလေပါပဲ။ အခု H1N1 နောက် ဆင်တုတ်ကွေး တဲ့။ အင်္ဂလိပ်လို Chikungunya Chikungunya _ World Health Organization, Chikungunya_Wikipidia လို့ခေါ်သတဲ့။ ဒါလည်း ခြင်ကိုက်ခံရတာကနေ ကူးစက်တာပဲဖြစ်ပါတယ်။ လူ လူချင်း မကူးစက်ပါဘူး။ တုတ်ကွေးရောဂါပိုးရှိတဲ့သူကို သကောင့်သားခြင်ကကိုက်၊ နောက် ရောဂါမရှိတဲ့လူကို အဲဒီ ခြင်ကကိုက်တာကနေ ရောဂါပိုးကူးစက်တာ ဖြစ်ကြောင်း ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ ဒီဆင်တုတ်ကွေးရောဂါလက္ခဏာတွေကလည်း အခြား တုတ်ကွေးတွေလိုပဲသိပ်မကွာဘူးလို့ထင်ပါတယ်။ အဆစ်အမြစ်တွေကိုက်မယ်၊ ခဲမယ်၊ ကြွက်သားတွေ နာမယ်၊ ကျင်မယ်၊ အဇျားဝင်မယ်၊ အနီဖု အနီကွက်တွေထမယ်။ ဒီဆင်တုတ်ကွေးရောဂါကို ဖြစ်ပေါ်စေတဲ့ခြင်ကတော့ မျိုးစိတ်အသစ်လို့ပဲ ပြောရမလား၊ အသွင်ကူးပြောင်းလာတာလို့ ဆိုရမလားတော့မသိပါဘူး။ အသစ်ဆိုတာ အသစ် အသစ်တွေကြောင့် ရောဂါအသစ်အဆန်းတွေ ဖြစ်လာတတ်တော့ မျိုးစိတ်သစ်၊ အသွင်ကူးပြောင်း လို့ ဖြစ်လာတဲ့ ခြင်အကိုက်ခံရလို့ပဲဖြစ်ပါမယ်။ အသစ်ဆိုရင် သတိထားစရာတွေဆိုတာ သတိပြုသင့်ပါတယ်။ ဆင်တုတ်ကွေး ကာကွယ်ဆေးရယ်လို့ မရှိသေးပါဘူးတဲ့။ ခြင်ကိုက်ခံရလို့ ဆင်တုတ်ကွေးအဖြစ်များတတ်တဲ့ အသက်အရွယ်တွေကတော့ မွေးကင်းစ ကလေးငယ်များနဲ့ အသက်အရွယ် (၆၀)ကျော် အဖိုးအဖွားအရွယ်တွေမှာ ဖြစ်ပါသတဲ့။ လူငယ် လူရွယ်တွေမှာလည်း ကိုယ်ခံအားနည်းရင် ဖြစ်မှာပါပဲ။ ခြင်ကိုက်သတိလေး အစဉ်ရှိ စေချင်လို့ ရေးသားလိုက်ခြင်းသာ ဖြစ်လို့ ဒါလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။


လူတိုင်း ကျန်းမာကြပါစေ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

28-7-2019 တနင်္ဂနွေနေ့(Sunday)