စာမရေးဖြစ်သူများအတွက်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Steemit Platform ပေါ်ကို စပြီးစာတွေရေးတော့ Facebook လိုပဲထင်ပြီး ကော်ပီတွေကူးရေးမိတော့ ချိတက်လာ သတိပေးတာတွေခံရတယ်။ ဒီအကြောင်းကို အစောပိုင်းကတည်းက ရေးပြထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကထားပါတော့။ Steemit Platform ကို အဲဒီအချိန်တုံးက စိတ်မခုမိပါဘူး။ ဘာကြောင့်ဆိုတော့ ကိုယ်တိုင်ရေးတဲ့ စာတွေကို ဖန်တီးနိုင်ဖို့ တွန်းအားတစ်ခုလို့ ယူဆခဲ့တာဖြစ်လို့ပါပဲ။ ဒါ အမှန်ပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်အတွေးနဲ့ ဖတ်ဖူး မှတ်ဖူး သိဖူးတာတွေကို စာစီကုံးပြီး Post တင်လာခဲ့တာ (၂) နှစ်ပင် ကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့လည်း စာရေးချင်တဲ့သူတွေ နဲနဲသွားတာကို တွေ့ရပါတယ်။ တက်ကြွမှုမရှိတာမဟုတ်ပေမယ့် ကိုယ်တိုင်အားထုတ်ပြီး စာရေးတင်ချင်သူ နဲပါးလာတယ်လို့လည်း ယူဆပါတယ်။ အဲဒီလို အားထုတ်ပြီး စာရေးချင်တဲ့သူတွေ နဲပါးသွားရတဲ့အကြောင်းထဲမှာ Steem ဈေးတွေ ဆက်တိုက်ကျဆင်းနေခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ခုတော့ ခပ်စိမ်းစိမ်းလေးနဲ့ ဖြစ်နေတော့ အားလေးနဲနဲ လောက်ဖြစ်မိကြမယ်ထင်ပါတယ်။ ကိုယ်ချင်းလည်းစာမိပါတယ်။ ကိုယ့်အတွေးနဲ့ စာရေးကြရတာဖြစ်တဲ့အပြင် ပုံတွေထည့်ကြရသေးတာက ဈေးကျနေတော့ အနှုတ်လက္ခဏာပြကောင်း ပြနိုင်ပါတယ်။ တစ်ခုပြောလိုတာက ကိုယ်တိုင်ရေးနိုင်တဲ့အချိန်မှာတော့ ကိုယ်ပိုင် Post လေးတွေရေးကြပါ။ နောက်ပြီး Auto vote ပေးထားတဲ့သူ တွေကိုလည်း အားနာဖို့ကောင်းတယ်မဟုတ်လား။
နောက်တစ်ခုက Steemit Platform မှာ Facebook လို အခြား Site ကစာတွေကို Share လုပ်လို့မရတာကို အားမလိုအားမရဖြစ်ခဲ့မိပါ တယ်။ ဘာ့ကြောင့် အားမလို အားမရဖြစ်ရတာလဲလို့ဆိုရင် လူတိုင်းက အရာအားလုံးကို ကျွမ်းကျင်မှုမရှိနိုင်ဘူး။ ဒီတော့ ကိုယ့်အကြိုက်နဲ့ကိုက်တဲ့စာလေးတွေ၊ သတင်းပလင်းလေးတွေ၊ ရာသီဥတုအခြေအနေ၊ မိုးလေ၀သ သတင်း၊ မြေငလျင်၊ အရေးပေါ်ကြော်ငြာချက်တွေကို လူတိုင်းမသိနိုင်သလို လူတိုင်းနားမလည်နိုင်ပါဘူး။ ဒီတော့ အရေးပေါ်ကြော်ငြာချက်တစ်ခုကို လူအများသိစေဖို့အတွက် Share လုပ်ချင်တယ်။ ဒါပေမယ့် Steemit Platform ပေါ်ကို Share လုပ်မရတော့ အားမလို အားမရဖြစ်မိတာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကပဲ ၀န်ကြီးရုံးမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်လိုလို မိုးလေ၀သဌာနကလိုလို စသဖြင့် လိုလို ထင်အောင် ထင်ယောင် ထင်မှား ဖြစ်အောင် ရွှီးရှောလုပ်လို့ကလည်း မဖြစ်နိုင်ဘူး။ ဒီတော့ မူရင်းအတိုင်းကို Share လုပ်ချင်တယ်ဆိုပြန် တော့လည်း အဆင်ကမပြေဖြစ်တာ တကယ့်ကို အားမလို အားမရဖြစ်မိတာပါ။ တနည်းအားဖြင့်ဆိုရရင် မူရင်း ကို Share လေးလုပ်လို့ရရင် အဆင်ပြေမှာပဲဆိုတဲ့အတွေးဖြစ်လာခဲ့တာ အတော်ကြာခဲ့ပြီဗျ။ Share လုပ်တဲ့ကိစ္စ ကို လူတိုင်းက ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ Steemit Platform ပေါ်မှာ ရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အလျင်အမြန်သိစေလိုတဲ့အခါမှာတော့ Share လုပ်ပေးချင်ခဲ့မိပါတယ်။ ဥပမာအားဖြင့်ဆိုရင် ဒေသတစ်ခုမှာ မိုးအလွန်အကျွံရွာနိုင်တယ်၊ ငလျင်အကြီးအကျယ်လှုပ်နိုင်တယ် စတဲ့ အရေးကြီးသတင်းမျိုးကို Share ပေးချင်မိခဲ့တယ်။ Share လုပ်လို့မရတော့ မလုပ်ဖြစ်ခဲ့ဘူး။
စာမရေးနိုင်သူတွေအတွက်ဆိုပြီး ဘာတွေလျောက်ရေး လျောက်ပြောတာလဲ။ ဘာအကူအညီတွေများပေးမှာလဲ လို့တော့ အပြစ်တင်မစောလိုက်ကြပါနဲ့လို့။ ကျွန်တော်ကိုယ်တိုင်က စာဘယ်လိုရေးပါ။ အတွေးဘယ်လိုတွေးပါ ဆိုတဲ့အရာကိုတော့ ရေးသားခဲ့ဖူးပါတယ်။ လွန်ခဲ့ပါပြီလေ ဒါတွေမပြောတော့ပါဘူး အဲ သီချင်းဆိုတာဟုတ်ပါဘူး။ အဲလိုစာတွေရေးခဲ့ တာအတော်ကြာသွားပါပြီလို့။ ပြန်ရှာရင်တောင် စိတ်ရှည်ရှည်ထားပြီး ရှာရပါလိမ့်မယ်။ ဒီတော့ ဘယ်လိုအကြံဥာဏ်တွေကိုများပေးမှာလဲလို့ တောင်စဉ်းစား မြောက်စဉ်းစားနဲ့ လုပ်မနေကြပါနဲ့။ စာမရေးနိုင်ဘူးဆိုတော့ ကီးဘုတ်လည်း အချိန်ပေးမရိုက်နိုင်၊ ဖုန်းနဲ့လည်း စာကိုအချိန်ပေးမရိုက်နိုင် Post မတင်နိုင်သူများအတွက် ရည်ရွယ်ပါတယ်။ အခုတော့ Steemit Platform ပေါ်မှာ Share လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် ကိုယ် Share လုပ်ချင်တာကို လျှောက် Share လုပ်လို့တော့ မရနိုင် ဘူးထင်ပါတယ်။ Up to Date သတင်းတွေကိုပဲ Share လုပ်နိုင်အုံးမယ်လို့ထင်ပါတယ်။ အဲဒါကို ဘယ်အချိန် ကတည်းက ရနေတယ်တော့ မသိပါဘူး။ မနေ့တစ်နေ့ကမှ လျောက်ကလိရင်း လုပ်ဖြစ်ရာကနေ စမ်းကြည့်လို့ စာမရေးနိုင်သေးသူတွေအတွက် အဆင်ပြေနိုင်တယ်ဆိုတဲ့ အတွေးတစ်ခုကြောင့် ခုလို စာရေးမိတာပဲ။ Chat Group ထဲမှာ ပြောရင် အခုလို Post တင်ဖို့ တစ်ခုလျော့သွားမယ်မဟုတ်လား ☺ သတင်းတွေရဲ့ Link ကို Copy ကူးယူပြီး Paste ချ၊ Post တင်ပေးရုံပဲဖြစ်တဲ့အတွက် အဆင်ပြေစေမယ်လို့ထင်ပါတယ်။ အဲဒီတော့ သတင်း Web site တစ်ခုလောက်ကိုတော့ သိထားရမှာလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် BBC ဆိုဒ်လိုဟာမျိုးပေါ့။
ကဲ ကဲ အဆဲတောင်းသလိုဖြစ်နေပြီ။ ခုချိန်ထိ နေ့စဉ်စာမရေးနိုင်တဲ့အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာ မပြောသေးပဲ ဘာတွေလျောက်ရေးနေတာလဲလို့မထင်ပါနဲ့။ လာပါပြီ လာပါပြီ။ လုပ်ရမယ့်အရာက Share ဖြစ်လုပ်ရမှာဖြစ်တဲ့အတွက် သိပ်ထွေထွေထူးထူး မရေးပဲနဲ့ Post တစ်ခုဖြစ်အောင် စကားကြောရှည်နေ ခြင်းသာဖြစ်ပါတယ်။ Share လုပ်ရမယ့် DLike ပဲဖြစ်ပါတယ်။ တစ်ရက်မှာ Link နှစ်ခုကိုပဲ Share လုပ်လို့ရပါ မယ်။ နှစ်ခုထက်ပိုပြီး Share မလုပ်ရပါဘူး။ အခြားသူတစ်ယောက် နဲ့လည်း Share Link မတူညီရပါဘူး။ English News များကို ပိုပြီးကြိုက်နှစ်သက်ပါတယ်လို့ရေးသားထားပါတယ်။ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီး Share လုပ်မိရင်တော့ Down Vote ပေးခံရပါလိမ့်မယ်။ သတိပြုရမယ့်အချက်လေးတွေပဲဖြစ်ပါ တယ်။ ပြုလုပ်ပုံပြုလုပ်နည်းအဆင့်ဆင့်ကို အောက်မှာ ပုံများနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဒီလို အခြားသူများရဲ့ Post တွေကို Share လုပ်ထားတာကိုတော့ Promotion အဖြစ်လက်ခံလိမ့်မယ်မဟုတ်ပါဘူး။ Promotion Post အဖြစ် လက်မခံပေမယ့်လည်း စာမရေးဖြစ်၊ စာမရေးနိုင်သေးရင် ရသလောက်ကတော့ အကျိုးအမြတ်ဖြစ်စေ နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာမှ မလုပ်တာနဲ့ စာရင်တော့ မဆိုးလှဘူးလို့ထင်ပါတယ်။ မအားလပ်လို့ စာမရေးဖြစ်သေးသူများရော၊ အခြား အကြောင်းအမျိုးမျိုးကြောင့် စာမရေးနိုင်သူများပါ DLike နဲ့ အဆင်ပြေ နိုင်မယ်လို့ ယူဆမိပါတယ်။ DLike ကို ၀င်ရောက်ဖို့ အောက်ကလင့်ကို နှိပ်ပြီး ၀င်ရောက်နိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။ ထပ်မံသတိပေးလိုပါတာက ကိုယ်တိုင် Post လေးတွေလည်း တင်စေချင်ပါတယ်။
ဒီ Link : https://dlike.io ကိုနှိပ်ပြီး ၀င်ရောက်ပြီး လေ့လာနိုင်ပါတယ်။ အတတ်နိုင်ဆုံးနားလည်အောင်တော့ ရေးထားတာပဲ။ အားလုံး အဆင်ပြေနိုင်ကြပါစေ။
ရေးသားသူ(Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
31-5-2019 သောကြာနေ့(Friday)