ပဲအလှူတော် Bean Donation of IBEC, Sagaing
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.
သူတော်စင် သူတော်မြတ်တို့ ကိန်းအောင်းမွှေ့လျော်ကြတဲ့ စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းဒေသတို့ဟာ အလှူအတန်းမပြတ် အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေကြတာကို ၀မ်းမြောက်ဝမ်းသာဖြစ်မိသလို စစ်ကိုင်းမြို့မှာ လူရယ်လို့ ဖြစ်တည်ခွင့်ရတာကိုလည်း အမြဲတမ်း ဂုဏ်ယူမိပါတယ်။
စစ်ကိုင်း တောင်ရိုး

မင်းဝံတောင်ရိုး

စစ်ကိုင်းမြို့မှာ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး နဲ့ မင်းကွန်းတို့မှာ စစ်ကိုင်းရဲ့ အထင်ကရ ဆရာတော်ကြီးများက ဦးဆောင် ဦးရွက်ပြုလို့ ရေအလှူတော်၊ ဆီ ဆန် ဆေး ဆား အလှူတော် စသည်ဖြင့် လှူဒါန်းနေခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ အခုလည်း ဗုဒ္ဓဘာသာပညာရေးစင်တာ(International Buddhist Education Center_ IBEC) ဆရာတော်ဦးဆောင်ဦးရွက်ပြုလို့ နှစ်စဉ် နှစ်တိုင်း ပဲအလှူတော်ကို သြဂုတ်လရောက်တိုင်း လှူဒါန်းလာခဲ့တာ ဆဋ္ဌမအကြိမ်မြောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အခုနှစ်(၆)ကြိမ်မြောက်ပဲအလှူတော်ခင်ကျင်းထားတဲ့ပုံရိပ်လေးတွေတင်လိုက်ပါတယ်။ IBEC ဆရာတော်ရဲ့ ဦးဆောင်မှု လမ်းညွှန်မှုနဲ့ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ မင်းကွန်းဒေသမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော်တွေ၊ သီလရှင်ဆရာလေး ဆရာကြီးတွေကို ပဲအိတ်တွေ လှူဒါန်းတဲ့ ပဲအလှူတော်ဖြစ်ပါတယ်။ ပဲအလှူတော်ကို နှစ်စဉ် လောင်းလှူခြင်းဖြစ်ပါတယ်။ ဒီနှစ်ကတော့ (၅)ရက်လောင်းလှူခြင်းဖြစ်ပါတယ်။ ဒီနေ့ကတော့ တတိယနေ့အဖြစ် လောင်းလှူတဲ့နေ့ဖြစ်ပါတယ်။ မနက်ဖန် သဘက်ခါ နှစ်ရက်လောင်းလှူဖို့ကျန်ရှိနေပါသေးတယ်။ မနက်ဖန်မှာ သီလရှင်များကို လောင်းလှူမှာဖြစ်ပြီး သဘက်ခါမှာတော့ မင်းကွန်းဒေသကို ပဲအိတ်များ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ IBEC ဆရာတော်ရဲ့ ပရဟိတ လုပ်ငန်းဆောင်တာတွေဟာ အလွန်ပင်များပြားလှတဲ့အတွက် နောက်များကြုံရင်လည်း ဖော်ပြပေးပါအုံးမယ်။
The 6th Beam Donation of IBEC




လူတိုင်း စိတ်ချမ်းမြေ့နိုင်ကြပါစေ ...
ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-8-2019 တနင်္လာနေ့(Monday)