PEAKD ထဲက အကြောင်းအချို့
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
ဒီကနေ့စိတ်ကူးပေါက်ဖို့အလှည့်ကျလာတာကတော့ PEAKD ထဲက မရှင်းမလင်း နားလည်းမလည် သဘောလည်းမပေါက်တဲ့အရာအချို့ကို သိနားလည်းပြီးသူများထံမှ သိလိုတာလည်းပါသလို PEAKD ကိုသုံးတဲ့အခါ ကျွန်တော်သဘောကျတဲ့လုပ်ငန်းစဉ်လေးကိုလည်းပြောပြချင်လို့ပါ။ ဘယ်သူတွေ PEAKD ကိုအသုံးပြုပြီး Post တင်ကြသလဲတော့မသိဘူး။ ကျွန်တော်တို့ခေါင်းဆောင်ကြီးကတော့အသုံးပြုမှာသေချာပါတယ်။ ကျွန်တော်လည်းခုတစ်လော PEAKD ကနေပဲ Post တင်ဖြစ်နေတယ်။ Esteem ကနေတင်တော့လည်းလာပြီး Vote မပေးတော့လျောက်စမ်းကြည့်နေတာလည်းပါသပေါ့ဗျာ။
ပထမဆုံးအနေနဲ့ကတော့ PEAKD ကနေ HIVE Wallet ကိုဝင်ကြည့်တဲ့အခါမှာ HIVE ENGINE ခေါင်းစဉ်အောက်မှာ Steem Engine Tokens တွေကို Hive Engine Tokens ဆိုပြီးတွေ့ပါတယ်။ အဲဒါ Tokens တွေက မတူတာတွေ့ရတယ်။ အဲဒီ Hive Tokens တွေက ကိုယ်ပိုင်ဆိုင်တဲ့ Token တွေဖြစ်ပြီး ရောင်းထုတ်လို့ကောရပါလားဗျာ။ အောက်ကပုံကိုကြည့်နိုင်ပါတယ်ခင်ဗျ။
နောက်တစ်ခုကတော့ Hive Engine ရဲ့ Transactions မှာ ကိုယ်ဘာမှမလုပ်ရပဲနဲ့ Transaction တွေကို သူ့တို့ဘာသာလုပ်နေတာကိုမြင်ရပါတယ်။ အကောင့်ပိုင်ရှင်ကိုယ်တိုင်ပဲ လုပ်ရတဲ့အရာတွေမဟုတ်ဘူးလားဗျ။ အောက်ကပုံကိုကြည့်နိုင်ပါတယ်။ နားမလည်လို့မေးတာကိုရှင်းပြပေးကြပါအုံးလို့....
ဒီတစ်ခုကတော့ PEAKD ထဲက ကျွန်တော်သဘောကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘာလုပ်ရတဲ့ဟာလည်းဆိုရင်တော့ Unfollow လုပ်ရတာလွယ်ကူသွားတဲ့ Function တစ်ခုဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ Active မဖြစ်တော့တဲ့ Account တွေကို Unfollow လုပ်ကြည့်ခဲ့တာ အဆင်ကမပြေ အချိန်ကလည်းအလွန်ကြာခဲ့ပါတယ်။ အခုတော့ PEAKD နဲ့မှအဆင်ပြေပြေ မြန်မြန်ဆန်ဆန် Unfollow လုပ်လို့ရသွားတာဖြစ်လို့ Dead Account ဒါမှမဟုတ် အခြား Account တစ်ခုကနေ Unfollow မြန်ဆန်လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ။ အခြားသဘောကျတဲ့အရာလေးတွေလည်း ရှိပါတယ်။ လမ်းကြုံရင်တော့ စာဉတို့ အောင်ဘု တို့ကိုပြောပြပါအုံးမယ်။ ခုတော့ပူလွန်းလို့နားပြီဗျို့.......