PAL, LEO Token မိုင်းတူးမယ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.

Steemit Platform မှ ရနိုင်တဲ့ Token တွေအလွန်များပြားလာနေပါတယ်။ Steemit Blockchain ကြီးကို အခြေခံထားပြီး Token မျိုးစုံကို ထုတ်နေကြပါတယ်။ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ မှန်းဆလို့ မရနိုင်ပါ။ Token ကိုထုတ်တဲ့ အုပ်စုတွေကလည်း သူတို့ထုတ်လုပ်လိုက်တဲ့ Token အောင်မြင်ဖို့ အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြမှာသေချာပါတယ်။ အခုချိန်မှာ Steem ရဲ့ ဈေးက အောက်ဆုံးကို ထိုးကျ နေပေမယ့်လည်း Steem ကိုအခြေခံပြီးတော့ Token တွေကို ထုတ်လုပ် နေကြတာဖြစ်လို့ တစ်ချိန်ချိန်မှာ အောင်မြင်မှုတော့ ရလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။ Token တွေကို ထုတ်လုပ်တဲ့သူတွေကလည်း အဖက်ဖက်ကနေ Token ကို လူအများအသုံးပြုကြစေဖို့ ဈေးကွက်တွေဖော်ဆောင်ပြီး လုပ်ကိုင်နေကြတယ်လို့ ထင်ပါတယ်။ ဈေးဝယ်မလား၊ ဂိမ်းတွေကစားမလား၊ ဘောလုံးပွဲလိုပွဲမျိုးတွေကို အလောင်းအစားပြုလုပ်ကြမ လား စတဲ့ နေရာတွေမှာ Steem Blockchain ကိုအခြေခံထားပြီးတော့ သူတို့ရဲ့ Token တွေနဲ့ Steem ကို မြှင့်တင်ပေးနေ ကြပါတယ်။ ဒီတော့ Steemit Platform ကြီးကို အထောက်အပံ့ပြုပေးနေတဲ့အရာတွေ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာနေပြီဖြစ်တဲ့အတွက် အားရကျေနပ်မိပေမယ့်လည်း Steem ဈေးတွေက အောက်ဆုံးထိထိုးကျနေတာကိုတော့ အားမလိုအားမရဖြစ်နေမိတာကလည်း အမှန်ပါပဲ။ ကျွန်တော်တင် ဟုတ်မယ်မထင်ပါဘူး။ အားလုံးက Steem ကို ဈေးတက်စေချင်နေမယ်လို့ယုံကြည်ပါတယ်။ Steem Engine Wallet ထဲကိုလည်း ဟို Token ဒီ Token တွေ ပို့ပို့နေတာပဲ။ ဘယ် Token က ဘယ်လို အကျိုးရမယ်မသိနိုင် သေးဘူး။ အလကားလာပေးတာဆိုတော့လည်း ငြင်းရင် မကောင်းပေဘူးလေ ☺ ။


Token တွေမျိုးစုံ ပေါ်လာတဲ့နဲ့အမျှ သူ့ Site ကိုယ့် Site အပြိုင်အဆိုင်တွေလည်း ပေါများလာကြတာ တွေ့နေရ တယ်။ သူ့ Token ကိုယ့် Token တွေကိုလည်း မျှဝေပေးပြီး သုံးစွဲအောင် ဆွဲဆောင်နေကြပါတယ်။ အလကား ရတာတွေရှိသလို အလကားမရပဲ ကိုယ်တိုင် ၀ယ်ယူပြီး Token တွေကို ရယူထားကြတာတွေရှိလာနေပါပြီ။ ဒါက လုပ်ငန်းတိုးတက်လာခြင်းတစ်ခုပဲလို့လည်းထင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့လို Steemit Platform မှာ စာတွေပဲ ရေးတင်နေသူတွေအတွက် ဘာလုပ်ရမှန်းမသိဖြစ်လာရတယ်။ Token တွေများလာတာ နဲ့အမျှ ဘယ် Token ကိုယူရမလဲဆိုတာ ယောင်လယ်လယ်တွေဖြစ်ကုန်ကြတယ်။ အရင်ကတည်းက Coin တွေ Token တွေနဲ့ ရင်းနှီးပြီးသားလူတွေအဖို့တော့ ပျော်စရာကြီးဖြစ်နေလောက်ပါတယ်။ ကျွန်တော်လိုပဲ အဲဒီ Coin တို့ Token တို့နဲ့ မရင်းနှီးတဲ့သူတွေ အတွက်သာ အူလယ်လယ်ဖြစ်နေတာပဲဖြစ်မှာပါ။ မကြာခင်ရက်ပိုင်း က Steem Engine Wallet ထဲကို ပို့လာတဲ့ LEO Token တွေကိုလည်း ဘာလုပ်ရမှန်းမသိလို့ Staked လုပ်ပစ် လိုက်တယ်။ ကိုယ်စာရေးတဲ့အခါ သူ့ Tag လေးတွဲပေးရင် LEO ရမယ်လို့ပဲယူဆထားခဲ့တယ်။ Tag လည်းတွဲ ရေးခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို ဖတ်မိတော့ သူ့ Tag တွဲရမှာ လန့်သွားမိတယ်။ အကြောင်းမညီညွတ်ရင် Flag ထောင်မယ်လို့ ဆိုထားတော့ကာ သူ့အကြောင်း မပါရင် Tag မတွဲရဲတော့ဘူးဖြစ်နေတယ်။ ချစ်မိတ်ဆွေများလည်း သတိပြုစေချင်ပါတယ်။ ဖတ်ကြည့်ချင်ရင် https://www.steemleo.com/steemleo/@noleo4u/steemleo-tag-abuse-or-why-you-ll-start-seeing-flags-on-steemleo-content လင့်မှာ ၀င်ဖတ်ကြည့်ကြပါ။ ဒါဆို LEO မရနိုင်တော့ဘူး။ တောင်ရှာ မြောက်ရှာ အကုန်လျှောက်မွှေကြည့်တော့ LEO Token ရနိုင်တာတွေ့မိတော့ စမ်းကြည့်လိုက်မိတယ်။ LEO Token တွေရဖို့ မိုင်းတူးတဲ့အလုပ်ပဲဖြစ်ပါတယ်။


ရှေ့ရှောက် ကျွန်တော်တို့အနေနဲ့ Steemit Platform မှာ စာရေးနေရုံသက်သက်နဲ့ အဆင်မပြေနိုင်လောက် တော့ဘူး။ ဒီတော့ စမ်းသပ်တဲ့အနေနဲ့ LEOMM(Leo Mega Minner) ဆိုတာရယ် LEOM(Leo Miner) ဆိုတာရယ်ကို ၀ယ်ရင်းထားလိုက်တာပဲ ဖြစ်ပါတယ်။ LEOMM က LEOM ထက် မိုင်းတူးတာ လေးဆ ပိုမြန်တယ်လို့ဆိုပါတယ်။ Steem ကဈေးကျနေတဲ့တာ ဖြစ်တဲ့အတွက် 15 Steem ကို Steem Engine ထဲ ပို့ပြီး Deposit တင်လိုက်တယ်။ မကျွမ်းကျင်လိုက်ပုံများ လွှဲခ နှစ်ခါကုန်သွားပါတယ်။ LEOMM က (၂)လုံး ပြောရမလား (၂) ခုပြောရမလားတော့မသိဘူး။ နောက်ပိုနေတဲ့ Steem ထဲကနေ LEOM (၁)လုံး ၀ယ်ထားလိုက်တယ်။ အခုချိန်ကစပြီးတော့ စာရေးနေရုံတစ်ခုထဲနဲ့တော့ အဆင်မပြေလောက်တော့ဘူးထင်လို့ လည်းပါတယ်။ LEOMM က တစ်လုံးကို 6 Steem နဲ့ 12 Steem ရယ်၊ LEOM က တစ်လုံးကို 2 Steem ရယ် လွှဲခ(၂)ခါရယ်နဲ့ဆိုတော့ 15 Steem လေးက ကိုယ့်ဆီဘာမှကျန်တော့ဘူး။ အဲဒါတွေဝယ်ထားပြီးတော့ Stake Token ဆိုတဲ့ ညာဖက်ဆုံးမှာရှိတဲ့ သော့ပုံလေးကိုတော့ နှိပ်ပြီး Stake လုပ်ပေးဖို့လိုပါတယ်။ အဲဒီလို Stake လုပ်ရင်လည်း ကိုယ့်အကောင့်နာမည်ကိုသေချာထည့်ရမှာပဲဖြစ်ပါတယ်။ အခုတော့ အဲဒီ Mine လေးတွေကနေ စာမရေး Tag မတွဲလည်း LEO လေးတွေ နေ့စဉ် ၀င်နေပါတယ်။ ရတဲ့ Amount က မပြောပလောက်ပေမယ့် ဒီအတိုင်းနေတာ ထက်စာရင် မဆိုးဘူးလို့ပဲပြောရမှာပါပဲ။ LEO Mines တွေအကြောင်း သေသေချာချာ သိချင်တယ်ရင် https://www.steemleo.com/steemleo/@steem.leo/mine-leo-tokens-passively-or-your-ultimate-guide-to-leomm-and-leom အဲဒီလင့်မှာသာ ၀င်ဖတ်ကြည့်ပေတော့။ အဲဒီလိုပဲ PAL Mines တွေလည်းရှိ တယ်။ PAL Mines က ဈေးကြီးတော့ ၀ယ်ထားနိုင်သေးဘူး။ PAL ကတော့ Tag တွဲရတာ အဆင်ပြေနေတုံးပဲဆိုတော့ PAL လေးတွေက နေ့စဉ် ၀င်မြဲပါပဲ။ စာရေးနိုင်နေသမျှပေါ့။ နောက်ရက်တော့ ၀ယ်ရင်းမယ်လို့ စဉ်းစားထား ပါတယ်။ မိုင်းတူးရတာစိတ်ဝင်စားတယ်။ ဘာကြောင့်လည်းဆိုတော့ ၀ယ်ရင်းထားပြီး ရတာလေးတွေ သိမ်းရုံပဲ မို့လို့ပါ။ ပျင်းတယ်ပြောလဲခံရမှာပါပဲ။ ချစ်မိတ်ဆွေများလည်း Steem တွေ ဒီအတိုင်းထားမယ့်အတူတူ မိုင်းတူးခိုင်းထားရင် အကျိုးဖြစ်ထွန်းနိုင်မယ်လို့ထင်ပါတယ်။ ဒီတော့ မိုင်းတူး မယ်၊ မတူးဘူးဆိုတာကတော့ ချစ်မိတ်ဆွေတို့ရဲ့ သဘောတော်အတိုင်းသာဖြစ်ပါကြောင်း ရေးသားရင်း ရပ်နား လိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-7-2019 တနင်္ဂနွေနေ့(Sunday)