PAL, LEO, SNAX, ESTM Tokens

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


zhsl0ulcuh.png


0b1j8ogyue.png


5rej0wod4l.png


9kqyaptllt.png


အခုနောက်ထပ်တိုးလာတဲ့ Site တစ်ခုကတော့ https://www.steemleo.com/ ဆိုတာပဲဖြစ်တယ်။ စိတ်ဝင်စားရင် အဲဒီ Link ကိုနှိပ်ပြီးသားဝင်သွားကြည့်လိုက်ကြပါ။ နောက်ထုံးစံအတိုင်း Login လုပ်ရုံပါပဲ။ ဒီ Site ကလည်း အားလုံး သိပြီးဖြစ်တဲ့ PAL လိုပဲဖြစ်ပါတယ်။ Steem Platform နဲ့ ချိတ်ဆက်ထားပြီး Token ပြန်ပေးတာဖြစ်တဲ့ အတွက် သူကလည်း နှစ်သီးစားပဲဖြစ်ပါတယ်။ အဲ တကယ်တော့ Steem ရယ် PAL ရယ် LEO ရယ်ဆိုတော့ကာ နှစ်သီးစားမကတော့ဘူး။ သုံးသီးစားတောင်ဖြစ်နေပါပေါ့လား။ လုပ်ငန်းလုပ်ဆောင်ရတာကလည်း PAL လိုပဲဖြစ်တဲ့အတွက် သီးသန့် ရေးပြီးမတင်ရပါဘူး။ ကိုယ်တိုင်ဝင်ရောက်လေ့လာစေချင်ပါတယ်။ ထုံးစံအတိုင်း သူတို့ ပေးတော့လည်း ရတာပေါ့။ မပေးတော့လည်း အရှုံးမရှိဘူးမဟုတ်လား။ လုပ်ထား မမှားပေါ့။ သူ့ကိုလည်း Tag List ထဲမှာ steemleo ဆိုတာထည့်ပေးရုံပဲဖြစ်တဲ့အတွက် Steemit မှာ Post တင်ရင်းနဲ့ သူပေးတဲ့ Token လေးတွေ ယူထားသင့်တယ်လို့ အကြံပြုလိုပါတယ်။ သီးသန့်အချိန်ပေးလုပ်ဆောင်ရတာမျိုးမဟုတ်တဲ့ အတွက် အချိန်လည်း မကုန်တော့တာပေါ့။ ဒါကတော့ ကျွန်တော့်ရဲ့ Steem Leo က Link ပဲဖြစ်ပါတယ် ကျွန်တော်ကတော့ သူတို့ပေးတဲ့ 300 Leo တွေကို အကုန် Stake လုပ်ထားလိုက်ပါတယ်။ PAL တုံးကလည်း 300 PAL ကို Stake လုပ်ပစ်လိုက်တာပါပဲ။ ဒါကတော့ ကျွန်တော့်ရဲ့ PAL Link ပဲဖြစ်ပါတယ်။ သူတို့ ပေးထားတဲ့ ပြောင်းဖူး တစ်ဖူးကို ပြောင်းခင်တစ်ခင်းဖြစ်မလားလို့ စိုက်ပျိုးကြည့်လိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ပေးထားတဲ့ ပြောင်းဖူးလေးကို ပြုတ်စားလိုက်ရင်တော့ ပြောင်းခင်းတစ်ခင်း ဖြစ်မလာနိုင်ဘူးမဟုတ်လား။ ဒါကြောင့် ပြောင်းခင်းလေးစိုက်တဲ့အနေနဲ့ Stake လုပ်ထားလိုက်ခြင်းပဲဖြစ်ပါတယ်။


n89bcb8w8a.png


fzb7iiidmj.png


ဘယ်လိုလုပ်ပြီးသိတာလည်းမမေးပါနဲ့။ ဘာမှလည်းလိုက်မရှာဖြစ်ပါဘူး။ Steem Engine ထဲကို ၀င်ကြည့်တော့ Wallet မှာ Leo Token ဆိုပြီးဝင်နေတာတွေ့တော့ ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ် နှိပ်ကြည့်ရင်းနဲ့ သိလာရတာဖြစ်ပါတယ်။ မှတ်တမ်းလေးတွေလည်း ယူမထားလိုက်ရတော့ ပြစရာ ပုံလေးတွေလည်း မကျန်ခဲ့ပေဘူး။ ရသလောက်ပုံတွေကိုပဲ တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်း ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်ပြီး ဟိုကွေ့ ရောက်တော့လည်း ဟိုတက်နဲ့ လှော်ကြတာပေါ့။ PAL နဲ့ Leo တွေက Steem Engine မှာ ဈေးကွက်ဖွင့် အလုပ်လုပ်နေတာဖြစ်တော့လည်း ကိုယ့်ဆီမှာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိရတော့ လုပ်ရတာ အားရှိတာပေါ့။ eSteem Token တို့ Snax Token တို့လို ဘာမှန်းမသိတာထက်စာရင် လုပ်လို့ကိုင်လို့ အဆင်ပြေမယ်ထင်တာပဲ။ တကယ်ပဲ eSteem Token ကလည်း ဘာလုပ်ရမှန်းမသိ၊ Snax ကလည်း ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သိတဲ့သူတွေရှိရင်လည်း လမ်းညွှန်ပေးကြပါအုံး။ eSteem အနေနဲ့က သူ့ရဲ့ Vote လေးကို အားကိုးလို့ သူ့ eSteem Application ကို အသုံးပြုပြီး Post တင်နေတာပဲဖြစ်တယ်။ တကယ်လို့ သူ့ Vote သာမရတော့ဘူးဆိုရင်လည်း eSteem Application ကို သုံးဖြစ်လိမ့်မယ်မထင်တော့ဘူး။ Snax ကတော့ Steemit နဲ့ Twitter ကနေကိုယ့်ရဲ့လုပ်ဆောင်မှုပေါ်မူတည်ပြီး Token တွေပေးနေတုံးပါပဲ။ ခက်တာက အဲဒီ Token တွေကို ဘယ်နေရာမှာ ဘယ်လိုသုံးရမယ်ဆိုတာ တကယ်မသိတာပဲဗျို့။ သိရင်လည်း လက်တို့ပြီး တော့ ပြောကြပါအုံးလို့။ နှစ်သီးစား၊ သုံးသီးစားလေးတွေက ကိုယ်နဲ့ကိုက်တယ်ဆိုတော့ PAL, NEO ကို ပိုစိတ်ဝင်စားမိတယ်။ အဲဒါလေးတွေပဲ အားကိုးနေတော့မယ်ဆိုတာရေးရင်း ရပ်နားလိုက်ပါတယ်။ အော် LEO လေးလုပ်ထားဖို့ မမေ့သင့်ဘူးနော်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

6-7-2019 စနေနေ့(Saturday)