နွေအပူမှာ

မင်္ဂလာပါမိတ်ဆွေအပေါင်းတို့

ရေလိုအေးလို့


Untitled-1.jpg


ပန်းလိုမွှေးကြပါစေ


02.jpg


နွေကာလ၏ရဲ့ ပီပြင်မှုကို ပြသလာပြီဖြစ်ပါတယ်။ တဖြည်းဖြည်းအပူရှိန်ပြင်းလာတာနဲ့အမျှ ကလေး လူကြီးမကျန် အပူရှိန်ပြင်းတဲ့ နေ့ခင်းအချိန်ကာလတွေမှာ တတ်နိုင်သလောက် အပြင်မထွက်ခြင်းက ယခုလက်ရှိြဖစ်ပေါ်နေတဲ့ ငဗစ်ရန်ကကင်းလွတ်သလို အပူဒဏ်ကြောင့်ရရှိလာမယ့် ဆိုးကျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ တကယ်လို့များ မဖြစ်မနေအပြင်ကိုသွားကြရတော့မယ်ဆိုရင်ဖြင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ မတ်စ်တို့ ဟန်းဂျယ်တို့အပြင် ဉီးထုပ် နေကာမျက်မှန် ထီးစတာတွေနဲ့ သွားလာလှုပ်ရှားသင့်ပါတယ်။ နေပူရှိန်ပြင်းပြင်းထဲမှာ သွားလာလှုပ်ရှားပြီးလို့ အရိပ်ထဲကိုရောက်တာနဲ့ အေးလွန်းတဲ့ရေတွေကိုမသောက်ကြပါနဲ့ အပူအအေးအပြောင်းအလဲမြန်တာက လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်သေးသကိုး။ ခါတိုင်းနှစ်တွေထက်အပူချိန်ပိုမြင့်မယ်လို့လည်းဆိုကြသေးတယ်။ မိချောင်းမင်းကိုရေခင်းပြနေတယ်လို့တော့ စိတ်ထဲမတွေးလိုက်ပါနဲ့။ ချစ်မိတ်ဆွေများမေ့နေမစိုးလို့ပါ။ ကျန်းမာရေးကိုဒုက္ခပေးမယ့် ငဗစ်အပြင် နွေရာသီရဲ့ အပူရှိန်ကြောင့်ပိုပြီး ဂရုစိုက်စေချင်တဲ့စေတနာနဲ့ နှိုးဆော်တိုက်တွန်းခြင်းဖြစ်ပါကြောင်း


@ansoe 9-May-2020(Saturday)


HIVE LOGO ansoe myanmar.png