နည်းတစ်ခု

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.



vme3m8iizn.png


နေ့စဉ် ကျွန်တော်တို့တစ်တွေဟာ လူနဲ့လူချင်းဆက်ဆံပေါင်းသင်းဆက်ဆံကြရပါတယ်။ ဒီလိုပေါင်းသင်း ဆက်ဆံခြင်းအကြောင်းတွေကို အရင်ကလည်း ရေးခဲ့ဘူးပါပြီ။ ကြာပြီဆိုတော့လည်း မေ့လောက်ရောပေါ့နော်။ ဒါ့ကြောင့် ထပ်ရေးမိတာပါ။ ကျွန်တော်တို့တစ်တွေ လူနဲ့ လူချင်း ပေါင်းသင်း ဆက်ဆံကြတဲ့အခါမှာ စကား ဆိုတာက မဖြစ်မနေစကားဆိုတာ ပြောကိုပြောလာရပါတယ်။ မပြောချင်ဘူးဆိုပြီး တေမိမင်းသာလို နှုတ်ဆိတ် နေလို့ကတော့ လူ့မှုဆက်ဆံရေးပြေလည်နိုင်လိမ့်မယ်မဟုတ်ပါ။ လူနဲ့လူချင်း ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အလွယ်ကူဆုံး အလျင်မြန်ဆုံး အထိရောက်ဆုံး နဲ့ ကိုယ့်ကိုမှတ်မိလွယ်စေတဲ့ နည်းကတော့ စကားပြော ကောင်းခြင်းပဲဖြစ်ပါတယ်။ စကားပြောကောင်းသူတွေဟာ စကားလေးနည်းနည်းလောက် ပြောလိုက်ရင် လူအများက မှတ်မိလွယ်သွားကြပါတယ်။ သူတို့ရဲ့စကားတွေက ထိရောက်လွယ်ပါတယ်။ စကားပြောကောင်း တဲ့အတွက် လူချစ်လူခင်ပေါများလာစေပါတယ်။ စကားပြောကောင်းခြင်းဟာ လူနဲ့လူချင်းဆက်ဆံရတဲ့နေရာမှာ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ အအောင်မြင်ဆုံး အခြေခံနည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့နယ်ပယ်အသီးသီးမှာရှိနေတဲ့ လူတိုင်း လူတိုင်းက ဒီအခြေခံနည်းလမ်းကောင်းလေးကို လက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ချက်ချင်းလက်ငင်း လူကြိုက်များသွားစေမှာပဲဖြစ်ပါတယ်။


g19lm5vqgi.png


စကားပြောကောင်းတယ်လို့ ချီးကျူးခံရတဲ့သူအတော်များများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့နယ်ပယ် တစ်ခုခုမှာ အောင်မြင်နေတဲ့သူတွေဖြစ်နေတတ်ပါတယ်။ စကားပြောကောင်းဖို့ဆိုတာ ဂျပိုးကို လိပ်ဖြစ်အောင် လိမ်လည်ပြောဆိုခြင်းမျိုးမဟုတ်ဘူးဆိုတာကိုတော့ သိနားလည်ထားသင့်ပါတယ်။ လူအများစုတို့သည် စိတ်အလိုကိုလိုက်ပြီး စိတ်ဆောင်ရာကိုသာလိုက်ပါနေတတ်ကြပါတယ်။ အဲဒီလိုစိတ်ဆောင်ရာကို လိုက်ပါတဲ့ အတွက် စိတ်သွားတိုင်းကိုယ်ပါတတ်ကြပြီး မလုပ်သင့် မပြောသင့်တဲ့အရာတွေကို လုပ်ကိုင်ပြောဆိုမိကြတဲ့ အတွက် ပြဿနာပေါင်းစုံနှင့် ထိပ်တိုက်ရင်ဆိုင်ကြရတတ်ပါတယ်။ စိတ်ကိုထိန်းသိမ်းနိုင်စွမ်းရှိသူ၊ စိတ်သွားတိုင်း ကိုယ်မလိုက်သူတွေသာ အောင်မြင်မှု သရဖူကိုဆောင်းရတတ်စမြဲပါ။ ဒီတော့ကာ စိတ်သွားတိုင်း ကိုယ်မပါချင်ကြပါနဲ့။ စိတ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်သူတွေဖြစ်မှ အရာရာကိုအောင်မြင်မှာဖြစ်ပါတယ်။ တစ်ခဏလေးအတွင်းမှာ စကားပြောကောင်းသူတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ကြပါတယ်။ ကိုယ့်အတ္တ ကို ချိုးနှိမ်ပြီး စိတ်ထိန်းချုပ်စကားပြောဆိုနိုင်သူတို့သည် ထိပ်တန်းကိုရောက်နေကြပါတယ်။ စကားပြောကောင်း သူတစ်ယောက်အဖြစ် လက်တွေ့လေ့ကျင့်ဖို့အတွက် မခက်ခဲဘူးလို့ထင်ပါတယ်။ ဒီနေ့ကစလို့ စကားပြော ကောင်းသူတစ်ယောက်ဖြစ်အောင် လက်တွေ့ကျကျ ကြိုးပမ်းနိုင်ရင် ဘ၀ အောင်မြင်ရေးအတွက် အထောက်အကူဖြစ်နိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


စကားပြောကောင်းသူများဖြစ်နိုင်ကြပါစေ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

25-7-2019 ကြာသပတေးနေ့(Thursday)