NextColony အားစမ်းကြည့်မိခြင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Nextcolony ဆိုတာ ဘာမှန်းမသိပဲနဲ့ သူများတွေ colony လို့ လိုက်လုပ်ထားလိုက်မိတာ မကြာသေးဘူးရယ်... ဘာတွေဆက်လုပ်ရမယ်မသိပဲ ယောင်လယ်လယ် နဲ့ ရတာလေးတွေ လိုက်မြှင့်နေတယ်... ဘယ်ဟာကို အရင်မြှင့်ပြီး ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးဘူး... တိုက်ပွဲတွေ လာတော့မယ်ဆိုပဲ... တိုက်ပွဲတိုက်ဖို့က ဘာတွေလိုမှန်းလည်း မသိသေးတော့ကာ လာတိုက်သမျှ အလှူ ထိုင်ပေးပြီး ရေစက်ချနေတာပေါ့... မဆိုးဘူးပဲ... ဒါလည်း ကုသိုလ်တစ်မျိုး တိုးသွားတာပေါ့... အမျှယူကြပါလို့ပြောရုံပဲရှိတယ်... လက်နက်နဲ့ အင်အား ယှဉ်လို့မှ မရနိုင်လောက်အောင် နောက်ကောက်ကျနေပြီကိုး...
Mine တွေပဲမြှင့်ရမလား...
Base ကိုပဲ မြှင့်ရမလား...
Shipyard မြှင့်ထားရမလား .... လား လား လား .....
လားပေါင်းများစွာနဲ့ပဲ စိတ်ထဲ ထင်ရာလျှောက်လုပ်နေတာပဲဗျို့... ဂိမ်းတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တဲ့အလေ့ မရှိတော့ အခေါ်လေးတွေ အသုံးအနှုံးလေးတွေကအစ သိပ်နားလည်တာဟုတ်ဘူး...
ဘာပဲဖြစ်နေနေပါလေ... ဂြိုလ်တစ်လုံးတော့ ပိုင်ဆိုင်ထားတယ်... စိတ်ကူးယဉ်လို့ ကောင်းတာပေါ့... အာကာသကြီးထဲ ခရီးထွက်ပြီး နယ်ပယ်တွေချဲ့ထွင် စိတ်ကူးတွေယဉ် ကြယ်စုတွေလေ့လာ ... အထူးအဆန်းမှတ်တမ်းလေးတွေတင်... အမယ် သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ...
သူများတွေက နောက်ဂြိုလ်တစ်လုံးရှာတဲ့ သူတွေက ရှာ တွေ့တဲ့သူတွေရှိသလို မတွေ့သေးတဲ့သူတွေလည်းအများသား... ဘယ်လိုရှာရမယ်မှန်းတောင် သိသေးဘူး... ဒီတော့ မရှာသေးဘူးပေါ့... ရှာရင် ကုန်အုံးမယ်ထင်တယ်...
ကဲပါ ဘာတွေပဲဖြစ်ဖြစ် အာကာသထဲ ခရီးဆက် တွင်းနက်ထဲတိုးမကျဖို့ ကြိုးစားရှောင်ကွင်းရင်း ကစားကြည့်တာပေါ့... အော် တိုက်ပွဲတွေစပြီဆိုရင်တော့ သတ္တိကောင်းကောင်းနဲ့ မ၀ုန်းပဲ ပုန်းနေအုံးမယ်လို့...
ရေးသားသူ(Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-5-2019 တနင်္ဂနွေနေ့(Sunnday)