မြေဇာပင်တွေ ကြေကုန်ပြီ
အားလုံးပဲ မင်္ဂလာပါဗျာ... ကိုယ် စိတ်နှစ်ပါး ကျန်းမာ ချမ်းသာနိုင်ကြပါစေ... ကိုကိုဗစ် ရဲ့ နှိပ်စက်မှုကင်းဝေးကြပါစေ...
ဒီ ကိုကိုဗစ်ကလည်း ခုချိန်မှာ မထည့်လို့ကလည်း မဖြစ်၊ ကိုကိုဗစ်နှိပ်စက်ထားလို့ ကိုယ့်ရပ် ကိုယ့်ရွာပြန်ရောက်နေတာတောင် ကိုယ့်အိမ်ကို ပြန်လို့မရတဲ့ ကာလဖြစ်နေတော့ကာ လူစိမ်းတွေ လူနီတွေမမြင် ရပ်ဝေးကပြန်လာတာဆို ၁၄ ရက် စောင့်ကြည့်ပဲ။ ဒီ ကိုကိုဗစ်က သဘာဝ ဗိုင်းရပ်စ် ဟုတ် မဟုတ်က အရေးမကြီး၊ ဘယ်သူ့က လူတွေကို ကူးစက်စေခဲ့တာလဲ ဆိုတာကိုတော့ ဆရာ ကိုတရုတ် နဲ့ ဆရာ ကိုအမေရိကန် တို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လက်ညှိုးထိုး နေကြတယ်။ တရားခံဘယ်သူလဲ? ကျွဲနှစ်ကောင် သူတို့ဖာသာ ဦးချိုသွေးပြီး တိုက်ခိုက်ကြတာ ကြားက မြေစာပင်လေးတွေကတော့ စိစိညက်ညက် ကြေကုန်ပါပြီ။
ဆရာ ကိုတရုတ် နဲ့ ဆရာ ကိုအမေရိကန် တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲစကတည်းက ဆရာ ကိုတရုတ်ခမြာ အလူးလူး အလိမ့်လိမ့်နဲ့ လှိမ့်ခံနေရတယ်။ နည်းမျိုးစုဲနဲ့ ခုခံကာကွယ်ပေမယ့်လည်း ဆရာ ကိုတရုတ် မလဲပြိုအောင် အတော်ထိန်းနေရတာ နှစ်ပေါက်လာခဲ့တယ် မဟုတ်လား။ ဆရာ ကိုတရုတ်ခမြာ ရေရှည်ဆိရင် ခံစစ်သက်သက်က ပိုပိုပြီး အထိနာတော့မှာ သိနေပြီ။ တိုက်စစ်တစ်ကွက်လောက်မှ မထုတ်နိုင်ရင် ဆရာ ကိုတရုတ် စီးပွားပြုတ်ရတော့မယ်။ ဒီလိုတော့ အဖြစ်မခံနိုင်တဲ့အတွက် စီးပွားရေးတန်းညှိဖို့အတွက် ကိုကိုဗစ် ပေါ်လာရတာပဲဖြစ်ရမယ်။ အဘယ်သို့ပင်ဆိုစေကာမူ ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဖြစ်တဲ့ ကျုပ်တို့လို နိုင်ငံငယ်လေးတွေမှာတော့ ပြားပြားဝပ်သွားတော့တာပါပဲ။ ဆရာ ကိုအမေရိကန်က ဒီ ကိုကိုဗစ် ကိစ္စအတွက် လက်တုံ့ပြန်အုံးမယ်ဆိုရင်ဖြင့် မြေဇာပင်နိုင်ငံတွေ နလံမထူဖြစ်နိုင်တာကိုလည်း စိုးရိမ်မိပါကြောင်း ရေးသားရင်းနဲ့ပဲ
ကိုကိုဗစ်လည်း တိုက်ခိုက်မှုတွေ မြန်မြန်ရပ်ပါစေ.....
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ ပြည်သားအပေါင်း
ကျန်းမာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေ.....
ဘေးဘယာတွေလည်းဝေးကွာကြပါစေ.....