မြန်မြန်သာဒိုး

စစ်ကိုင်း စစ်ကိုင်း မှုံမှုံမှိုင်း
တောင်တောရယ်သာ ရွှေရောင်လူး
ရွှေဧည့်သည်မလာနိုင်ဘူး
ကိုဗစ်ကကိုင်
ငေးငိုင်ငိုင်ဈေးဆိုင်များရယ်က
ကိုဗစ်ကိုထိုင်ကာကျိန်ဆဲ
မတတ်နိုင်ခပ်မှိုင်မှိုင်နေရကာလ
လာသမျှအထာကျအောင်
ဆက်ဆံကာနေရသော်လည်း
ဈေးတွက် နေ့တွက်မကိုက်သမို့
ပြန်ပါတော့ကိုရွှေငဗစ်ရယ်
ကြာလာလေဆန်မရှိလေမို့
ကိုရွေငဗစ်ရေ
မြန်မြန်သာဒိုး

Sagaing Hill.jpg

ကဆုန်လပြည့် ဗုဒ္ဓနေ့တောင်မေ့နေလောက်အောင်မွှေနေတဲ့ ကိုဗစ်ကာလကိုလူအများကတော့ဖြင့် မြန်မြန်လွန်မြောက်လိုကြပြီဖြစ်ပေမယ့်လည်း ဖြစ်စေချင်တိုင်းလည်း ဖြစ်နိုင်တာမဟုတ်တာကိုး။

ကမ္ဘာသူကမ္ဘာသားအပေါင်းကလည်းဒီလိုရောဂါဆိုးကနေအမြန်ဆုံးလွတ်မြောက်ချင်နေကြတာပါပဲ။ အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိနိုင်ကြပါစေလို့ပဲဆုတောင်းပေးလိုက်ချင်ပါတယ်?

စာမရေးပို့စ်မတင်ဖြစ်တာကြာလို့စိတ်ထဲပေါ်ရာ ပေါက်ကရရေးတင်လိုက်ခြင်းဖြစ်ပါတယ်


@ansoe 6-May-2020(Wednesday)


HIVE LOGO ansoe myanmar.png