မည်သို့ပင်ဆိုစေကာမူ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Steemit Platform ပေါ်မှာ ဘာမသိ ညာမသိ ရောက်ရှိလာခဲ့တာ (၂) နှစ်ကျော်လို့ (၃)နှစ်ထဲတောင်ရောက်ခဲ့ ပါပေါ့လား။ အပြောင်းအလဲတွေအမျိုးမျိုးနဲ့လည်း တွေ့ဆုံခဲ့ဘူးပါပြီ။ MSC အဖွဲ့အစည်းထဲမှာ ကူညီဆောင်ရွက်ရင်းနဲ့လည်း ချီတက်နေခဲ့တာလည်း (၂) နှစ်ကျော်ထဲရောက်လာခဲ့ပါပြီ။ အောင်မြင်တာပဲ ဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာတွေနဲ့ပဲဆုံတွေ့ခဲ့ ဆုံတွေ့ခဲ့ အကောင်းဆုံးဖြစ်အောင် ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်။ စာရေး ပို့စ်တင်ပြီး ငွေရမယ်ဆိုတာနဲ့ ရေးချင်ရာရေးတင်ရင်း ကူးချင်ရာကူးတင်ရင် ချိတက်လာဖမ်းလို့ ခံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ဘာမသိညာမသိ MSC ထဲ ယောင်လယ်လယ်နဲ့ ရောက်ခဲ့ပါတယ်။ ဘာမဟုတ်ညာမဟုတ် ပို့စ်တစ်ပုဒ်ကို ဆာဟင်ကစ ပရိုပေးတော့ ပျော်ခဲ့ရဘူးတဲ့ အချိန်တွေလည်း ရှိခဲ့ဘူးပါတယ်။ ဒီလိုအချိန်တွေကို ပြန်လည်မျှော်လင့် တမ်းတမိခဲ့တာတွေလည်း ရှီနေဆဲ ၊ ရှိနေမြဲပါ။ မမြင်ဖူးပေမယ့် ခင်ဖူးသူတွေကိုလည်း စိတ်မှာ တမ်းတ မှန်းဆကာ နေခဲ့ကြဘူးပါတယ်။ မည်သို့ပင်ဆိုစေကာမူ ခရီးလမ်းကြောင်း ဖြောင့်တန်းဖို့တော့ ဆုတောင်းနေဆဲပါပဲ။ လမ်းတစ်ဝက်မှာ ဆင်းသွားကြသူတွေရှိသလို မဆင်းပဲ အိပ်နေသူတွေလည်း အများအပြားရှိဆဲပါ။ ဆက်လက်ချီတက် အိပ်မက်အတွက် မျှော်ကာမှန်းရည် အနာဂတ်ဆီ သို့ အားတင်းကာ လျှောက်နေအုံးမှာပဲဖြစ်ပါတယ်။
ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာတွေနဲ့ လုံးခြာ ပတ်ခြာလိုက်နေပေမယ့် MSC စက်ခေါင်းကြီးကို မောင်းနှင်နေတဲ့သူတွေက လက်လျော့ကြလိမ့်မယ်၊ နောက်ဆုတ်သွားကြလိမ့်မယ်မဟုတ်တာကို နားလည်ထားပြီးဖြစ်ပါတယ်။ ဒီတော့ကာ မည်သို့ပင်ဆိုစေကာမူ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ Power Down သည်ဖြစ်စေ၊ မဒေါင်းသည်ဖြစ်စေ MSC နဲ့အတူ ယှဉ်ရပ်နေမြဲဖြစ်တယ်ဆိုတာကိုလည်း ချစ်မိတ်ဆွေများကို အသိပေးလိုပါတယ်။ အခုလောလောဆယ်မှာ MSC ရထားခေါင်းတွဲကြီးကို မောင်းနှင်နေတဲ့ စက်မောင်းဆာဟင်က စည်းကမ်းတွေကို ထပ်မံလျော့ပေါ့ပေးလိုက်ပေမယ့်လို့ MSC ရထားကြီးကို ရပ်လိုက်တာ မဟုတ်ပါဘူး။ ဆက်လက်ထွက်ခွာနေမြဲဖြစ်ပါတယ်။ ဆက်လက်လိုက်ပါသူချင်သူတွေကိုလည်း MSC ရထားကြီးက တင်ဆောင်သွားနေမြဲဖြစ်ပါတယ်။ ဆင်းလိုက ဆင်း နိုင်သလို မဆင်းချင်လို့ ဆက်လိုက်ချင်ရင်လည်း လိုက်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်ကတော့ MSC ရထားကြီးရဲ့အရှိန်က နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ဆက်လက်လိုက်ပါ နေဦးဖြစ်ပါကြောင်းပါခင်ဗျာ။ စာရှည်ရှည်ရေးဖို့ အင်အားနည်းပါးနေတဲ့အတွက် ဆက်မရေးနိုင်တာ ခွင့်လွှတ်ကြပေတော့ဗျို့။ Steemit ရယ် ကိုယ့်အတွက်ကတော့ MSC နဲ့အတူ ရေးနေအုံးမယ်၊ တွေးနေအုံးမယ်၊ မျှော်နေအုံးမယ်၊ ပျော်နေအုံးမယ် လို့
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-6-2019 ဗုဒ္ဓဟူးနေ့(Wednesday)