မနက်ဖြန် အောင်မြင်ချင်ရင် မဖြစ်နိုင်ဘူး
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့
ဒီနေ့ စာရှည်ရှည်မရေးနိုင်လေတော့ စကားလက်ဆောင်လေးတစ်ခုကိုပဲ လက်ဆင့်ကမ်းလိုပါတယ်... လက်ဆင့်ကမ်းမျှဝေလိုတဲ့စကားလေးကတော့ ကမ္ဘာကျော်တရုတ်သူဌေးကြီးတစ်ဉီးဖြစ်တဲ့ ဂျက်မား ပြောခဲ့တဲ့ စကားလေးပဲဖြစ်ပါတယ်.... တိုရှင်းလိုရင်းကတော့
"မနက်ဖြန်မှာ အောင်မြင်ချင်တယ်ဆိုရင် မဖြစ်နိုင်ပါဘူး"
"နောက်တစ်နှစ်အကြာမှာ အောင်မြင်ချင်တယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး"
"နောက်(၁၀)နှစ်အကြာမှာအောင်မြင်ချင်တယ်ဆိုရင်တော့ အခွင့်အရေးတွေရှိပါတယ်"
"ငြီးတွားနေရင်တော့ အခြားသူတွေက ရယူသွားကြမှာပါ"
"အခွင့်အရေးတွေကို မိမိရရကိုင်တွယ်ဖမ်းဆုပ်နိုင်မယ်ဆိုရင် နောင်(၁၀)နှစ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်"
အဲဒီစကားတွေကို ရုပ်သံတစ်ခုကနေ လူအများကိုပြောကြားထားတဲ့ လိုရင်း တိုရှင်း လေးတွေပဲဖြစ်ပါတယ်...
ကျန်တော်တို့ လူအများစုကတော့ ဂျက်မားပြောထားတာတွေနဲ့တော့ ပြောင်းပြန်ကျင့်သုံးကြပါတယ်..
ချက်ချင်းအောင်မြင်လိုကြတယ်....
ခိုင်မာအောင်မြင်ဖို့အတွက်လည်း အချိန်အကြာကြီးမစောင့်ချင်ကြဘူး
မှားယွင်းခဲ့မှု ပင်ပန်းမှု ဆင်းရဲမှုတွေကိုလည်း ငြီးတွားရင်းနဲ့ပဲအချိန်တွေကုန်နေတတ်ကြတယ်
နောက်(၁၀)နှစ်ကို ကျော်မကြည့်ပဲ မနက်ဖြန်ကိုပဲ ကြည့်တတ်ကြတယ်
အခွင့်အရေးတွေကို အမိဖမ်းဖို့နေနေသာသာ အခွင့်အရေးဆိုတာကိုတောင်မမြင်လိုက်ကြပါဘူး
အားလုံးပဲ နောင်(၁၀)နှစ်ကို မျှော်ကြည့်ပြီး အောင်မြင်နိုင်ကြပါစေ...