မကွဲပြားတော့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Steemit Platform မှာစာတွေရေးတင်လာခဲ့တာ အချိန်ကြာလာတာနဲ့အမျှ အားပျက် အားလျော့မှုတွေ ဖြစ်လာ ကြတယ်။ အချိန်ကာလကလည်း အတော်ကြာခဲ့သလိုထင်မှတ်ရပါတယ်။ ကုန်ပစ္စည်းထုတ်တာမျိုး မဟုတ်ပေပဲ အနုပညာပါတဲ့အရာဖြစ်တဲ့ စာရေးတာတွေ၊ ဓာတ်ပုံ၊ ဗီဒီယို စတာတွေကို ဖန်တီးကြ ရေးသာကြရတာမျိုးဖြစ်တဲ့ အပြင် နေ့စဉ် ဒေါ်လာလေးတွေများရလေမလားဆိုပြီး ရှိသမျှ ဥာဏ်အကုန်ထုတ်ပြီး ဖန်တီးရေးသားနေကြတာ နှစ်ချီလာလေတော့ ဖန်တီးစရာနည်းပါးလာတဲ့အပြင် Steemit Platform က Witness တွေကလည်း ကူညီ ထောက်ပံ့မှုမရှိ၊ ပြဿနာကို ကူညီဖြေရှင်းပေးခြင်းမရှိတဲ့အတွက် စိတ်ဓာတ်တွေကျကာ Steemit Platform ကို စွန့်ခွာသွားသူတွေ တဖြည်းဖြည်းနဲ့ များပြားလာနေတာကို မြင်နေရပါတယ်။ မနေ့တစ်နေ့ကမှ အကောင့်ထဖွင့် ကိုယ်တိုင်မဖန်တီး၊ ကော်ပီတွေကူးလုပ်နေတာကို အရေးယူတာမျိုးဆို ပြဿနာမရှိပေမယ့် နှစ်ချီကြာအောင် ကိုယ်တိုင်ဖန်တီးရေးသားနေသူတွေအဖို့တော့ ဘာမသိ ညာမသိ အကြောင်းပြချက်မပေးပဲ အရေးယူလာတာ တွေလည်း ဖြစ်လာနေတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ နှစ်ချီပြီး ကြိုးစားဖန်တီးရေးသားနေသူ တစ်ယောက်ဖြစ်တဲ့အတွက်လည်း ကိုယ်ချင်းစာမိပါတယ်။ ခဏတာလာပြီး ပြဿနာဖန်တီးသူတွေကို မနှမြော ပေမယ့် နှစ်ချီအောင် ဖန်တီးရေးသားနေသူတွေကို တကယ့်စိတ်ရင်းနဲ့ကို နှမြောမိပါတယ်။ Post တင်သူနည်းပါး နေတဲ့အချိန်မှာ အားတက်အောင်လုပ်ရမယ့်အပြင် စိတ်ဓာတ်တွေ တစ်စစီကျိုးပဲ့အောင်များရိုက်ချိုးပစ် နေရော့ သလား Steemit ကြီးရယ်။
အရေးယူတယ်ဆိုတာက ဘယ်နေရာမဆို ဖြေရှင်းချက်လေးတော့နားထောင်ပေးရမှာဖြစ်ပေမယ့် ခု Steemit မှာက ဖြေရှင်းချက်လို့တောင် မရဖြစ်နေကြတယ်လို့ ဆိုပါတယ်။ English နဲ့ စာရေးနေသူတွေအတွက်တော့ အခက်အခဲမရှိဖြေရှင်းနိုင်သလားတော့မသိပါ။ English မဟုတ်တဲ့အခြားဘာသာစကားတွေနဲ့ ရေးသားနေသူ တွေအတွက်တော့ တကယ့်ကို အခက်အခဲဖြစ်စေတာအမှန်ပါ။ ဘာလို့ အရေးယူဆောင်ရွက်တာလဲ။ ဘာကြောင့်မှန်းမသိ ဘာမှန်း ညာမှန်းမသိပဲ RP 7, 8 တစ်ချို့ဆို အနှုတ်(Minus)တွေတောင်ပြနေကြတယ် ဆိုပါလားဗျာ။ ဒါက Steemit Platform ကြီးကို တိုးတက်အောင် လုပ်နေတာလား? ပျက်စီးအောင် လုပ်နေတာလား? ဆိုတာကို မကွဲပြားတော့ပါ။ Steem, SBD ဈေးတွေ ဈေးကျနေတာ နှစ်ချီနေလို့ စိတ်ပျက် လက်ပျက်ဖြစ်နေကြ တဲ့ကြားထဲ ဘာမသိ ညာမသိ Downvote တွေနဲ့အရေးယူတယ်ဆိုတော့ နဂိုကစိတ်ပျက် နေတော့ နောက်ထပ်ကြိုးစားချင်စိတ် ပျောက်သွားကြတဲ့အပြင် Steemit Platform ကိုစွန့်ခွာကြဖို့ပဲ လုပ်ကြတော့မှာပဲ။ ဒီအခြေအနေက ကောင်းတာလား? ဆိုးတာလား? ဆိုတာ Steemit Platform ကို ကိုင်တွယ်ထိန်းချုပ်နေကြတဲ့ တာဝန်ရှိသူတွေက မသိတာလား? မသိချင်ယောင်ဆောင်ြ့ပီး Steemit Platform ကြီး လူနည်းလေ အောင်မြင်လေလို့များ စဉ်းစားထားကြလေသလား? ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အခြားနိုင်ငံကလူတွေတော့မသိ၊ မြန်မာတွေတော့ ကုန်သလောက်ဖြစ်နေပါပြီ။ Steemit Platform ပေါ်မှာ Myanmar ဆိုတာ ခုတောင်ပျောက်သလောက်ဖြစ်နေပါပြီ။ မမျှော်လင့်ရဲပါဘူးလေလို့ပဲ ဆိုရတော့မှာပဲ။ ကျွန်တော့်အကောင့်ကိုတော့ မလာကြသေးပါ။ ဘာမသိ ညာမသိ Downvote တွေလာတဲ့တစ်နေ့ကျရင်တော့ ကျွန်တော်လည်း ဆက်လက်ဖန်တီးရေးသားနိုင်ဖြစ်ဖို့ မသေချာ။ မရေရာပါလား Steemit ကြီးရယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
1-7-2019 တနင်္လာနေ့(Monday)