မိမိကိုယ်သာ ကိုးကွယ်ရာ

မင်္ဂလာအပေါင်းခညောင်းပါစခင်ဗျာ

မင်္ဂလာရှိငသာနေ့ မင်္ဂလာရှိသောအချိန် လေးမှာ လူတိုင်း လူတိုင်း ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ပါစေကြောင်း ရေးသားလိုက်ရပါတယ်။ ပြောချင်တာလေးက ကိုယ့်ကိုယ်ကို တာဝန်ယူမယ် ဆိုခဲ့ရင် သူတစ်ပါးကိုလည်း အပြစ်တင်နေဖို့မလိုဘူးထင်မိလို့ပါ။ မိမိကိုယ်တိုင် လဲကျတာကို သူတစ်ပါးထူပေးတာကို မျှော်နေမလား? ကိုယ်တိုင် ကိုယ့်ဖာသာ ထမလား? ကိုယ့်ဘဝအတွက် ပဲ့ကိုင်ရှင်က ကိုယ်တိုင်ပဲလုပ်မလား? သူတစ်ပါးကို လုပ်ခိုင်းမလား?


Adobe_20200915_152455.jpg


သူတစ်ပါးက အားကိုးရာလို့တော့ မြတ်ဘုရားက မြွက်ကြားမထားခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာလို့ပဲ မြွက်ကြားထားခဲ့ပါတယ်။ ငါ့ဘဝမှာ ငါရှိတယ် လို့ကြွေးကြော်မလား? ငါ့ဘဝအတွက် သူရှိတယ် လို့ဆိုနေကြမလား? ‌အခုလို ကိုဗစ်ကာလကြီးမှာ ကိုယ်တိုင်က လက်ဆေး လူစုလူဝေးရှောင် Mask တပ်မလား? သူတစ်ပါးက တိုက်တွန်းမှ လုပ်မလား? ရေးချင်တာတွေကတော့ အများသား၊ နောက်မှ စာရှည်ရှည်ရေးတော့မယ်။

ကျန်းမာ ပျော်ရွှင် ကိုဗစ်ကင်းစင်နိုင်ကြပါစေ.....

@ansoe