မေ့ချင်ယောင်ဆောင်နေမိ
အားလုံးသော မိတ်ဆွေများ မင်္ဂလာပါ
ဒီနေ့စိတ်ကူးပေါက်တာလေးတစ်ခု တင်လိုက်ပါတယ်။ အတွေးတွေဆိုတာကလည်း မတွေးနဲ့လို့ တားမှမရလေတော့ ရောက်တတ်ရာရာ တွေးတောရင်းနဲ့ ရေးတင်မိလေတော့ အတွေးမတူရင် ခွင့်လွှတ်ပေတော့ဗျို့ အဲ- vote လေးတော့ပေးသွားအုံးပေါ့ဗျာ 😁😁😁
လောကမှာ ကျွန်တော်တို့တစ်တွေ မေ့ချင်ယောင်ဆောင်ထားတဲ့ အရာတွေ အတော်များများ ရှိနေတတ်ပါတယ်။ ပါးစပ်ကတော့ငြင်းရင်း ခုံရင်း အမှန်ကို ပြောတတ်ကြပေမယ့် လက်တွေ့မှာတော့ ကိုယ်တိုင်ကျင့်သုံးဖို့ မေ့လျော့နေတတ်ကြပါသေးတယ်။ လူအများစုပေါ့လေ။ အဲဒီလို မေ့ချင်ယောင်ဆောင်ထားတဲ့အရာတွေထဲမှာ အိုခြင်း နာရခြင်း သေခြင်း ဆိုတာတွေကတော့ ထိပ်ဆုံးက ပါနေသဗျို့။ မေ့နေတာတော့ မဟုတ်ပဲ မေ့ချင်ယောင်ဆောင်ထားကြတာပေါ့လေ(အဲဒီလူတွေထဲမှာ ကျုပ်လည်းပါသဗျို့)။ ကိုယ့်ကိုကိုယ် မအို မနာ မသေ တော့ဘူးလို့တွေးထင်ပြီး အဲဒီအရာတွေဘက်ကို ယောင်လို့တောင် အတွေးမလှည့်ဘူးဗျို့။ တွေးမိရင်လည်း ကြောက်မိမှာကိုးဗျ။ ဖြစ်တည်မှုရှိလာရင် အချိန်တစ်ချိန်မှာ ပျက်စီးတာ ဖျက်ဆီးခံရတာ ပေါ်လာမှာပဲ။
ဖြစ်တည်မှုရှိလာတော့
ပျက်စီးယိုယွင်း/ဖျက်ဆီးခံရတာ ရှိလာရစမြဲ။
ဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲကဲ ရေးရင်း ရေးရင်း တောထွက်ချင်စိတ်ပေါက် လာပြီ 😀😀😀 ဆက်မရေးတော့ဘူး။ ဆက်ရေးရင် တရားပေါက်ကုန်မှာစိုးလို့ 😂
ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာအောင် ကြိုးစားနိုင်ကြပါစေဗျာ