လွမ်းမိ

အားလုံးပဲ မင်္ဂလာပါဗျာ...

အခုအချိန်ဟာဆိုရင် မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးတော့မယ့် အချိန်ကာလ အခါသမယဖြစ်နေပါသော်လည်း နှစ်သစ်ကူးကိုကြိုဆိုဖို့မဖြစ်နိုင်ဘူး။ နှစ်သစ်ကူးဖို့ မကြိုဆိုနိုင်။ COVID ကနှိပ်စက်နေလေတော့ အိမ်တွင်းမှာအောင်းနေကြရတယ်။ မြန်မာ့နှစ်သစ်ကူးမှာ ကုသိုလ်ကောင်းမှုပြုလုပ်ကြတဲ့ ထုံးတမ်းအစဉ်အလာက ချစ်မြတ်နိုးစရာ ဖြစ်သလို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ဓလေ့ထုံးတမ်းလည်းဖြစ်ပါတယ်။ နှစ်သစ်ကူးအခါသမယ သင်္ကြန်ကာလမှာ အချို့ အချို့သော လူငယ်တွေရဲ့ ရွပိုးထိုး မူးရူး သောင်းကျန်းရန်ဖြစ်တတ်တဲ့ အကျင့်ဆိုးကိုတော့ မသယ်ဆောင် လက်ဆင့်မကမ်းစေချင်ပါ။


jrzklc.jpg


Covid-19 ကြောင့် ဒီနှစ် နှစ်သစ်ကူး သင်္ကြန် သည်လည်း ကျင်းပနိုင်ခြင်း ရှိလိမ့်မည်မဟုတ်ပါ။ ကောင်းမှုကုသိုလ်ပြုချင်သူများအနေနဲ့လည်း ကြီးကြီးမားမား စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်မရှိတော့သလို ရွပိုးထိုး မူးရူးသောင်းကျန်းချင်သူတွေအတွက်လည်း အခွင့်အရေးမရရှာတော့ပါ။ ကျောင်းကန်ဘုရားသွား သီလဆောက်တည်ပြီး ဥပုသ်စောင့်ခိင်သော လူကြီးသူမများအတွက်လည်း အခက်အခဲ ဖြစ်‌ရလေပြီ။ ကြည်နူးဖွယ် လှပတဲ့ နှစ်သစ်ကူး သင်္ကြန်ကာ မြင်ကွင်းတွေရှိသလို အရုပ်ဆိုး အကျည်းတန်လှတဲ့ မြင်ကွင်းတွေလည်းရှိစမြဲဖြစ်ပေမယ့် နှစ်သစ်ကူးအချိန်အခါကာလလေးကိုတော့ လွမ်းမောနေမိပါတယ်ဗျာ။


@ansoe. 8-Apr-2020(Wednesday)


42adoa.png