လိုရာဆန္ဒပြည့်ပါစေ

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ

‌လူ့လောကကြီးထဲမှာ ရှင်သန်နေထိုင်ကြရပါတဲ့ ကျုပ်တို့လို လူသားများအတွက်ကတော့ နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားရင်းနဲ့ အချိန်တွေကုန်လာခဲ့ရတာပါပဲ။ နေ့စဉ် အစားကောင်းလေးတွေကို စားချင်တယ်။ အဝတ်စားကောင်းလေးတွေကို ဝတ်ဆင်ချင်တယ်။ အိမ်ကောင်းကောင်း အဲ-တိုက်အိမ်ကောင်းကောင်းနဲ့နေချင်တယ်။ နောက် ကျန်းမာရေးကလည်း ကောင်းချင်သေးတယ်။ မိသားစုဆွေမျိုးများနဲ့လည်း သိုက်သိုက်ဝန်းဝန်း ပျောင်ရွှင်စွာ နေချင်တယ်။ နောက် ဘာတွေကျန်နေအုံးမလဲ မသိဘူး။ လိုချင်တယ် စားချင်တယ် သွားချင်တယ် ချင်တယ် ချင်တယ် ဆိုတဲ့ အရာတွေ လူ့လောကကြီးကနေ မထွက်ခွာမချင်း အတောမသတ်နိုင်တဲ့ အရာတွေက အများသားပဲမဟုတ်လားဗျ။


IMG_20190924_07304101.jpeg


ဘယ်လိုလူသားကမှ အဲဒီလို ချင်တယ် ဆိုတဲ့အရာတွေအတွက် ဒုက္မမခံစားချင်ကြပါဘူး။ ရောဂါမရချင်ကြပါဘူး။ မိသားစုတွေနဲ့တစ်ကွဲတစ်ပြား မနေချင်ကြပါဘူး။ စိတ်ညစ်ခံချင်တဲ့သူ မရှိပါဘူး။ အခုလို ကိုဗစ်ကာလကြီးမှာလည်း ရောဂါကူးစက်တာကို လိုချင်ကြလိမ့်မယ်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီ မလိုချင်တဲ့အရာတွေထဲက တစ်ခု မဟုတ် တစ်ခုကတော့ မတောင်းတပဲနဲ့ ရရှိနေတတ်ပါသေးသဗျ။ ဒါတွေရဲ့ အရင်းအမြစ်တရားခံအစစ်က အကုသိုလ်တရား တွေပါပဲ။ ဒီလို မလိုချင်တဲ့အရာတွေ မရရှိစေဖို့နဲ့ ကိုယ်လိုချင်တာကို တောင့်တလိုက်ရုံနဲ့ ရရှိစေဖို့အတွက် အကုသိုလ် ဖြစ်စေမယ့် အလုပ်တွေကို ရှောင်ရှားပြီး နေကြရင်းနဲ့ ကုသိုလ်တရားလေးတွေကို မမေ့မလျော့ ပြုလုပ်ကြပါ လို့ တိုက်တွန်းရင်း

ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ ပြည်သားအပေါင်း

‌ကျန်းမာ ချမ်းသာ ကိုဗစ်ဘေးရန်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေ

@ansoe