လမ်း
အားလုံးသောမိတ်ဆွေများ အားမွေးပြီး Hive ဆိုတဲ့ခရီးကို အတူတကွ အပြန်အလှန်ဖေးမကူညီကြရင်း ဆက်လက်ချီတက်ရန် ကြိုးစားနိုင်ကြပါစေ...
ဘုရားအရိပ် တရားအရိပ်ဆိုတာက လူသားအားလုံးကို အေးချမ်းမှုပေးစွမ်းနိုင်တာ အမှန်တရားတစ်ခုပါပဲ..... လူမျိုး ဘာသာ အသွေးအရောင်မခွဲခြားပဲ အေးမြစေတာ အတူတူဆိုတာ သဘာ၀ရဲ့အမှန်တရားတစ်ခုပဲ... ဒါကိုအချို့သောသူတွေက လက်ခံချင်မှ လက်ခံကြလိမ့်မယ်... လက်ခံတာ လက်မခံတတော့ မငြင်းခုံလိုပါ... လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဘုရားအရိပ် တရားအရိပ်ကတော့ သတ္တဝါတိုင်းကို အေးမြစေမြဲပဲဖြစ်ပါတယ်.... ဘုရားအရိပ် တရားအရိပ်ကို တစ်ချိန်ချိန်မှာတော့ ခိုလှုံချင်တဲ့စိတ် ပေါ်လာမှာအမှန်ပါပဲ...
ဘုရားအရိပ် တရားအရိပ်လိုပဲ လူမျိုး ဘာသာ အသွေးအရောင်မခွဲခြားပဲ အေးမြစေတဲ့နောက်တစ်ခုကတော့ သတ္တဝါတိုင်းအသက်ရှင်သန်နေထိုင်ရေးအတွက် မရှိမဖြစ်ရေပါပဲ... ရေဟာလား အေးမြစေနိုင်တယ်ဆိုတာကို ငြင်းကြလိမ့်မယ်မထင်ပါဘူး.....
သတ္တဝါတိုင်းကတော့ အကြိုက်ချင်းမတူနိုင်တာအမှန်ပါ... တစ်ချို့က အေးချမ်းမှု အေးမြမှုကို နှစ်သက်မြတ်နိုးတတ်ကြပါတယ်.....
အချို့ကျပြန်တော့လည်း ပူပူလောင်လောင်ကိုမှကြိုက်နှစ်သက်တတ်ကြပါတယ်....
မည်သို့ပင်ဆိုစေကာမူ အအေးကိုကြိုက်ပါ... အပူကိုကြိုက်ပါလို့ ဘယ်သူက ဘယ်သူ့ကိုမှ တိုက်တွန်းနေလို့မရပဲ ကိုယ်တိုင်ရွေးချယ်ပြီးတော့ လျောက်လှမ်းကြရမှာပဲဖြစ်ပါတယ်... အပူကိုရွေးတဲ့သူက ပူတဲ့လမ်းကိုလျောက် အေးမြတဲ့လမ်းကိုရွေးချယ်ထားတဲ့သူက အေးတဲ့လမ်းကိုလျောက်ကြရမှာပဲမဟုတ်လား...
အဲ--- ခုအခြေအနေမှာလည်း အအေးနဲ့အပူကိုရွေးသလို Hive နဲ့ Steem နှစ်ခုထဲကနေ ဘယ်လမ်းကိုရွေးပြီး ဘယ်စခန်းကိုမြန်းကြမလဲဆိုတာကတော့ နိမှသောင် နောင်မှသိ ကြရမှာဖြစ်လေတော့ ယုံကြည်ရာအိပ်မက်လမ်းကို မျှော်ရည်မှန်းကာ ပျော်ရွှင်နိုင်ကြပါစေ.....