ကျေးဇူးပါ HIVE

thank.png


စာရေးပို့စ်တင် အချိန်မပေးနိုင်ဖြစ်နေတာကလည်း ဒုက္ခတစ်ခုပဲဖြစ်နေလေသလားမသိပါဘူး။ ပိုစ်မတင်ဖြစ်တဲ့နေ့ဆိုရင် တစ်ခုခုလိုနေသလိုလိုပဲ။ ကျွန်တော့်ဖြစ်အင်ပြောပါတယ်။ အခြားသူတွေတော့မသိပါဘူး။ နေ့တိုင်း နေ့တိုင်းပရိုမိုးရှင်း အလုအယက်တင်ခဲ့ရတဲ့နေ့ရက်တွေကို အမြဲတမ်းအမှတ်ရနေမိသလို ဟိုတစ်ချိန်က အက်စ်ဘီဒီ စတင်း ဈေးကောင်းခဲ့တဲ့အချိန်တွေကိုလည်း ပြန်လည်တမ်းတမိနေတာ နှစ်တောင်ပေါက်နေပြီ။



ဈေးတွေမြန်မြန်တက်ပါစေလို့ဆုတောင်းနေတာ ကိုယ်တစ်ယောက်တည်းမှမဟုတ်တော့ သေချာပါတယ်။ များများနဲ့မြန်မြန်တက်စေချင်တဲ့သူတွေချည်းပဲထင်ပါတယ်။ အခုလည်းမကြာမီ လာမည် မျှော်လို့ပဲဆိုရပေမယ့်လည်း သေချာတာကတော့ HIVE ကိုကျေးဇူးတင်ရမှာပဲ။ ဘာ့ကြောင့်ကျေးဇူးတင်ရမှာလဲဆိုတော့ကာ စတင်းတွေပိုထွက်လာလို့ပဲ။ HIVE ကြောင့် အတော်ကြာကြာ ဘယ်မှမပို့နိုင်ခဲ့တဲ့ စတင်းလေးတွေကို တောင်ပို့ မြောက်ပို့ လုပ်လာနိုင်သလို ရောင်းစားမယ်ဆိုရင်လည်း ရောင်းစားလို့ရတဲ့အခြေအနေတစ်ခုကို ပြန်လည်ပိုင်ဆိုင်လာခဲ့ရတာပါ။

ကျေးဇူးတင်ပါတယ် HIVE ရယ်လို့ပဲပြောချင်တော့တာပဲ။ ကျွန်တော်တို့လို အင်္ဂလိပ်လိုမကျွမ်းကျင်သူများအတွက်လည်း ဆက်လက်အထောက်အပံ့လေးပြုပေးပါအုံးလို့.......


@ansoe 25-Mar-2020(Wednesday)


HIVE LOGO ansoe myanmar.png