ကိုယ့်ကိုယ်ကို ကြည့်ကာမှ
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ
ကျုပ်တို့ လူ့လောကကြီးမှာ ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ့်အပြစ်ကိုယ်ရှာတဲ့လူ ကိုယ့်အလုပ်ကိုယ်လုပ်ကြတဲ့သူ အတော်နည်းမယ်ထင်တယ်။ ကျုပ်အပါအဝင် လူအများစုက သူများအကြောင်းတွေးပြီး သူများအပြစ်ရှာ အပြစ်ထိုင်ပြောနေတတ်ကြပါတယ်။ ကိုယ့်အကြောင်းတွေး ကိုယ့်အပြစ်ကိုယ်ရှာဖွေပြီး သင်ခန်းစာယူ ပြုပြင်နေထိုင်တတ်တဲ့သူကတော့ အတော်ရှားလိမ့်မယ်ထင်ပါတယ်။ ဘာရယ်မဟုတ် ကိုဗစ်ကာလကြီးမှာ အားယားနေတော့ တောင်တွေးမြောက်တွေးနဲ့ ပေါ်လာတဲ့အတွေး အမိဖမ်း စာရေးပစ်လိုက်ခြင်းသာဖြစ်ပေတယ်။
ဟိုကောင်ကတော့ ဘယ်လ်ု ဟိုလူကတော့ ဒီလို ဟိုကောင်မကတော့ ဘြာဖစ်တယ် ဆိုပြီး သူတစ်ပါးအပြစ်တွေ တစ်နေကုန်ထိုင်ပြောနေတတ်ပေမယ့် ကိုယ့်အပြစ်ကိုကျ မမြင်၊ မြင်ပြန်သော်လည်း ပြင်ဖို့စိတ်ကူးမရ ကိုယ့်အပြစ်ကို ညှာညှာတာတာတွေး ဘာမှမဖြစ်လောက်တဲ့အရာလို့ ထင်မြင်တတ်တဲ့ လူတို့ရဲ့သဘောကို မြင်တွေ့ရတော့မှ ကျုပ်လည်း ကိုယ့်အပြစ်အနာအဆာတွေကို ရှာဖွေပြုပြင်ဖို့ သတိရလာလို့ မဖြစ်ညစ်ကျယ်စာလေးရေးတင်လိုက်ခြင်းပါ။
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ ပြည်သားအပေါင်း
ကိုယ် စိတ်နှစ်ပါး အေးချမ်းကြပါစေ.....
ကိုဗစ်ရန်က မြန်မြန်လွတ်ပါစေ.....
ကိုဗစ်