ကြည်နူးရပါ၏...

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


cxmunofc7q.jpg


အလှူဆိုတာ ပြုချင်တိုင်းပြုလို့ရသောအရာမဟုတ်ဟုထင်ပါတယ်။ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်း နဲ့ လှူချင်စိတ် ဆိုတာတွေ ပြည့်စုံနေပါမှ လှူလို့ရနိုင်တာဖြစ်တယ်လို့ဆိုပါတယ်။ အခြားအရာတွေတော့မသိ မမြင်မိသော်လည်း အလှူခံပုဂ္ဂိုလ် ကတော့ စစ်ကိုင်းမြို့မှာ ပေါပေါများများရှိနေပါတယ်။ ဒါတောင် အချို့ရပ်ကွက်တွေမှာ ကျွန်တော်တို့ရပ်ကွက်မှာလို လူချင်တဲ့အချိန်၊ လှူချင်တိုင်း လှူလို့မရ ကြပါဘူး။ အရင်တုံးက မနက်(၄)နာရီအချိန်လောက်မှာ ကားကြီး ကားငယ်တွေ အသွယ်သွယ်နဲ့ အလှူဆွမ်း ဟင်းတွေ၊ စားပွဲခုံတွေ တင်လို့ လာရောက်လှူဒါန်းတာကို မြင်ရရင် ဘယ့်နှယ့်ဒုက္ခခံလို့ ကိုယ့်အိမ်ရှေ့ မှာလည်း လှူလို့ရနိုင်ရဲ့သားနဲ့ လို့ တွေးမိဘူးပါတယ်။ တကယ်တော့ ကိုယ့်အိမ်ရှေ့မှာ အလှူခံပုဂ္ဂိုလ်တွေ မကြွရောက်ကြလို့သာ အခုလို ကားကြီး ကားငယ်အသွယ်သွယ်နဲ့ လာရောက်လှူဒါန်းကြရတာဖြစ်တယ်ဆိုတာ နောင်မှ သိမြင်လာရပါတယ်။



c8xllntb6r.jpg


အထက်ကလို မြင်ကွင်းမြို့ကို မြို့တိုင်း နယ်တိုင်းမှာ အလွယ်တကူနဲ့ မတွေ့မြင်နိုင်ဘူးလို့ထင်ပါတယ်။ စစ်ကိုင်းတောင်ရိုးကြီးမှာ ဒီလို လှူရ တန်းရတာ လွယ်ကူတဲ့ စာသင်တိုက်တွေ အများအပြားရှိနေဆဲပဲဖြစ်ပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့ရတာ ကြည်နူးပီတိ ဖြစ်ရတတ်ပါတယ်။ သာသနာတော်အတွက် ၀န်ထမ်းနေကြတဲ့ သံဃာတော် အရှင်မြတ်တွေကို ပစ္စည်းလေးပါး အထောက်အပံ့ ပြုနေကြရာပဲဖြစ်တဲ့အတွက် ၀မ်းမြောက် ၀မ်းသာဖြစ်မိပါတယ်။ သာသနာရောင်ဝါ ထွန်းလင်းတဲ့အတွက် လှူချင်စိတ်ပေါ်ပြီး အလှူပစ္စည်းသာ ရှိမယ်ဆိုရင် အလှူခံပုဂ္ဂိုလ်မရှားတဲ့ နေရာဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဘာရယ်မဟုတ်ရေးစရာစာ စဉ်းစားနေချိန်မရတဲ့အတွက် ရှိတဲ့ ဓာတ်ပုံလေးတင်ရင်းနဲ့ စိတ်ကူးပေါ်ရာ ရေးတင်လိုက်တာပဲဖြစ်ပါတယ်။ ခုလိုမြင်ကွင်းမျိုးကို အမြဲမြင်တွေ့ခွင့်လည်း ရချင်ပါတယ်။ ဘာသာ သာသနာ တည်တံခိုင်မြဲနိုင်ပါစေကြောင်း ဆုတောင်းရင်းနဲ့ပဲ ရပ်နားပါရစေ။



ak2o0b0rgi.jpg


လူတိုင်း လူတိုင်း ဘာသာ သာသနာအတွက် ကောင်းစွာဆောင်ရွက်နိုင်ပါစေ...


ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-8-2019 စနေနေ့(Saturday)