Know_သိသလိုလို မသိသလိုလို

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


Known copy 1.png


လောကကြီးမှာ ကျွန်တော်တို့တစ်တွေ သိသလိုလိုနှင့် မသိသောအရာများ၊ သိသော်လည်း ဂရုမစိုက်မိသော အရာများ၊ ဂရုစိုက်မိသော်လည်း လိုက်နာကျင့်ကြံခြင်းမရှိသောအရာများ အလွန်များပြားလှမယ်လို့ထင်ပါ တယ်။ ကျွန်တော်တို့ တစ်တွေ ငယ်စဉ်ကတည်းက “အစာကို ညက်ညက်ဝါးစားပါ ခွန်အားဗလတိုးစေမည်” ဆိုတဲ့စာကို သင်ကြားရ မသင်ကြားရသော်လည်း ဖတ်ဖူး မှတ်ဖူးသော စာသားလေးတစ်ခုဖြစ်မယ် လို့ထင်ပါ တယ်။ ဒါပေမယ့် အသေအချာ စဉ်းစားကြည့်မိတော့ ယနေ့အချိန်ထိ အစာကို သေချာညက်အောင် ၀ါးစားတာ ဘယ်နှစ်ကြိမ်များ ရှိလေမလဲ။ သိပ်ရှိလိမ့်မယ်မထင်ပါ။ လိုက်နာကျင့်ကြံမှု မရှိသလောက်ပဲဖြစ် နေတာကို တွေ့ရပါတယ်။ ဒါက အသေးအမွှားလေးဖြစ်တဲ့အတွက် ပြဿနာမဖြစ်စေနိုင်ဟုထင်မိပါတယ်။ အချို့သော အရာများကမူ သေးမွှားပေမယ့် ဒုက္ခပေးတတ်ပါတယ်။ အစာကိုသေချာစွာ မစားမိတဲ့အတွက် အစာမကြေ တာတွေ၊ အရိုးမျက်တာတွေ ဖြစ်တတ်ပါတယ်။ အစာမကြေတော့ အစာကြေအောင်လုပ်ရတဲ့ဒုက္ခ၊ အရိုးမျက် တာကို ပျောက်ကင်းအောင်လုပ် ရတဲ့ဒုက္ခတွေ တိုးလာမယ်မဟုတ်လား။ လောကကြီးအကြောင်းကို သိသလိုလို မသိသလိုလိုနဲ့ အချိန်တွေကုန်ပြီး ဘ၀ကူးနေကြရတာ နေ့စဉ်နဲ့အမျှပဲဖြစ်ပါတယ်။


Known copy.png


မသိတာကို သေချာသိအောင်လုပ်ဖို့၊ သိပြီးတော့လည်း ဂရုစိုက်နိုင်ဖို့၊ ဂရုစိုက်မိပြီးတော့လည်း ကိုယ်တိုင် ကျင့်ကြံဖို့ ကြိုးစားသင့်တယ်မဟုတ်လား။ အများစုက သူတစ်ပါးကိုတော့ ဘာကို ဘယ်လိုလုပ် ဘယ်လိုကိုင် ဘယ်လိုနေထိုင်ဆိုတာတွေကို ပြောပေးတတ်ကြပေမယ့် ကိုယ်တိုင်ကတော့ မကျင့်ကြံဖြစ်တာတွေများပါလိမ့် မယ်။ ကိုယ်တိုင်ကလည်းကျင့်ကြံထားပြီးတော့ သူတစ်ပါးကို လမ်းပြကူညီနိုင်တဲ့သူကမှ နည်းမှန် လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ ရေ ဆိုတာကို လူတိုင်းသိတယ်မဟုတ်လား။ ဒါပေမယ့် ရေရဲ့ အကျိုးပြုပုံ၊ အကျိုးကျေးဇူးရှိပုံ နဲ့ ဒုက္ခပေးတတ်ပုံကိုတော့ လူတိုင်းသတိပြုမိလိမ့်မယ်မဟုတ်ပါဘူး။ ရေမရှိရင် ဘယ်လိုဒုက္ခဖြစ်နိုင်တယ်ဆိုတာကို ရေငတ်နေသူတွေကပိုပြီးနားလည်လိမ့်မယ်။ ဒီလိုပဲ ရေရဲ့ ဒုက္ခပေးတတ်ပုံ ကို ရေထဲမှာ နစ်မြုတ်နေတဲ့သူတွေက ပိုပြီးသဘောပေါက်နားလည်လိမ့်မယ်မဟုတ်လား။ သဘာဝရဲ့ အညွှန့်အဖူးတွေကို ဖြုန်းတီးပစ်လိုက်တဲ့အတွက် သဘာဝကပြန်လည်ပေးအပ်တဲ့ဒုက္ခတွေကို ယနေ့လူသားတွေ ခံစားနေရတာကို ကမ္ဘာနဲ့အ၀ှန်း သတင်းတွေကတစ်ဆင့် အလွယ်တကူမြင်တွေ့နိုင်နေပါပြီ။ ရာသီဥတုတွေ ဖောက်ပြန်လာတာ သဘာဝရဲ့ ဒဏ်ခတ်မှုလို့ဆိုရမှာပဲ။ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိုးအလွန်အကျွံရွာလို့၊ လေမုန်းတိုင်းတွေ ဆက်ကာဆက်ကာဖြစ်ပေါ်လို့ ရေတွေကြီး မြေတွေပြို သေလိုက်ကြရတဲ့ လူတွေမနဲမနောပါ ပဲ။ ဒီကြားထဲ လူ နဲ့ လူချင်း လက်နက်တွေကိုင် စစ်တွေခင်းလို့ မာနတံခွန်ထူနေကြပြီး အိုးမဲ့ အိမ်မဲ့ သေဆုံးကြရတဲ့ လူသားတွေလည်း ရှိနေသေးတယ်မဟုတ်လား။ ဒါတွေမြင်ရ ကြားရပေမယ့်လည်း လောကကြီး အကြောင်းကို သိသလိုလို မသိသလိုလိုပါပဲ။ ဒီလိုနဲ့ပဲ ဘ၀တစ်ခုကို လိုလို နဲ့ပဲ အဆုံးသတ်ကြရတော့မလား ထင်မိပါတယ်။


မသိခြင်းမှကင်းဝေးကြပါစေ...


ရေးသားသူ နှင့် ဒီဇိုင်း (Author and Design)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-8-2019 အင်္ဂါနေ့(Tuesday)