ကမ္ဘာမြေကို တမာတွေ အမှန်တကယ် ကယ်တင်နိုင်ပါစေ
မင်္ဂလာပါမိတ်ဆွေအပေါင်းတို့
စာမရေးဖြစ်ရင်တစ်ခုခုလိုနေသလိုခံစားရတဲ့အတွက် စာရေးတင်လိုက်ရပြန်ပါတယ်။ ထွေထွေထူးထူးစဥ◌်းစားထားတာမရှိတော့ နေ့တိုင်းနေ့တိုင်းလိုင်းပေါ်မှာခေတ်စားနေသလို တစ်ကမ္ဘာလုံးစိုးရိမ်ပူပန်နေကြရတဲ့ Covid-19 အကြောင်းကိုပဲ မြင်ယောင်မိတော့တာပါပဲ။ လိုင်းသုံးတယ်လို့ပြောလိုက်ရင် ကျုပ်တို့မြန်မာလူမျိုးတွေအနေနဲ့ကတော့ ဖွဘုတ်ကြီးကိုပဲမြင်မိပြီး ဖွဘုတ်သုံးတယ်လို့ပဲသိကြပါတယ်။ အခြားအသုံးပြုတာတွေကိုတော့ မတွေးတတ်ကြသလို အခြားအသုံးဝင်တာတွေကိုလည်း စိတ်ဝင်စားလေ့မရှိဘူးလို့ထင်ပါတယ်။ အခုစိတ်ကူးတည့်လို့ရေးချင်တာက လိုင်းပေါ်မှာ ဟော့ဖြစ်လာတဲ့ Covid-19 ပျောက်ကင်းတယ်ဆိုတဲ့ "တမာ Margosa or Neem" အကြောင်းလေးဆွေးနွေးချင်လာတယ်။ ကျုပ်တို့နိုင်ငံမှာ ဆေးဖက်ဝင်တဲ့ သီးပင်၊ စားပင်၊ သဘာ၀ပေါက်ပင်တွေပေါလွန်းလှပါတယ်။ အဲဒီလိုပေါများလှတဲ့သဘာ၀ပေါက်ပင်တွေထဲမှာ "တမာ Margosa or Neem" ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ကျုပ်တို့နိုင်ငံမှာဆေးဖက်ဝင်သစ်ပင်တွေပေါများလှပေမယ့်လည်း နိုင်ငံတကာကလက်ခံနိုင်လောက်အောင် ဆေးဝါးအဖြစ်ထုတ်လုပ်နိုင်တာ အလွန်အင်မတန်နည်းပါးလှပါတယ်။ နည်းပညာပိုင်းဆိုင်ရာအားနည်းသလို သဘာဝဆေးပင်တွေနဲ့ဖော်စပ်ထုတ်လုပ်တာကို စိတ်ဝင်စားမှုနည်းပါးတဲ့အတွက် အခြားနည်းပညာတိုးတက်နေတဲ့နိုင်ငံတွေက ထုတ်လုပ်ထားတာကိုပဲ အလုအယက်ဝယ်တတ်ကြတာကို တွေ့နေရပါတယ်။ ကျန်းမာရေးအတွက်ဆေးပစ္စည်းတွေသာမက အလှအပဆိုင်ရာပစ္စည်းတွေ၊ အစားအသောက်ဆိုင်ရာပစ္စည်းတွေမှာလည်း နေရာယူထားတဲ့ အခြေခံကုန်ကြမ်းပစ္စည်းအများစုက ကျုပ်တို့နိုင်ငံမှာရှိတာတွေချည်းပါပဲ။
သဘာ၀ပေါက်ပင်တစ်မျိုးဖြစ်တဲ့ "တမာ Margosa or Neem" ဟာလည်း ဆေးဖက်ဝင်တယ်ဆိုတာလောက်နဲ့ပဲ အဆုံးသတ်သွားခဲ့ရတယ်လို့ထင်ပါတယ်။ အခု Covid-19 ကိုပျောက်ကင်းသက်သာစေနိုင်တယ်ဆိုတာ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ မသိပါဘူး။ သိတတ် တတ်တဲ့သူများကနေ လေ့လာသုတေသနပြုလုပ်ပြီး Covid-19 ကို အမှန်တကယ်ပျောက်ကင်းစေနိုင်တာသေချာရင် ဆေးဝါးထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို တင်ပို့ရောင်းချနိုင်ခဲ့ရင် ကျုပ်တို့မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း တိုးတက်ချမ်းသာသွားနိုင်တာတော့အမှန်ပါပဲ။ မဖြစ်နိုင်ဘူးဆိုတာနဲ့တော့ လမ်းမဆုံးသင့်ဘူးလို့ထင်ပါတယ်။ ကျုပ်သိတာကတော့ "တမာ Margosa or Neem" ဟာ ပိုးသတ်နိုင်တဲ့အာနိသင်ရှိတာကိုတော့ စာတွေ့လက်တွေ့မြင်တွေ့ခဲ့ရတာတွေကတော့ များလှပါတယ်။ "တမာ" ရနံ့လေးရခဲ့ရင်၊ ပတ်ဝန်းကျင်မှာ "တမာပင် Margosa tree or Neem tree" ရှိနေခဲ့ရင် ကျန်းမာရေးအတွက်ကောင်းမွန်တာလည်း သိခဲ့ရပါတယ်။ အခုကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ Covid-19 ပျောက်နိုင်တယ်၊ မပျောက်နိုင်ဘူးဆိုတာတော့ တိုင်းရင်းဆေးပညာရှင်တွေ နဲ့ အနောက်တိုင်းဆေးပညာရှင်တွေရဲ့အလုပ်ဆိုတော့ကာ ဘာမှဆက်ရေးလို့မဖြစ်တော့ဘူးလေ။ ကျုပ်ကကျွမ်းကျင်ပညာရှင်မှမဟုတ်တာပဲ။ မည်သို့ပင်ဆိုစေကာမူ "တမာ"ရနံ့သင်းသင်းလေးက ခေါင်းကြည်သွားတတ်လေတော့ အညာမြေက တမာတွေအစွမ်းနဲ့ ကမ္ဘာသူကမ္ဘာသားအပေါင်းကို ကျန်းမာစေချင်ပါတယ်။ "တမာရနံ့လေးသင်းသင်းမွှေးတဲ့ အညာမြေကို ပြန်သတိရနေသည်"__ ဆိုတာတစ်မျိုး "တမာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား" ဆိုတာကတစ်ဖုံ စတဲ့ သီချင်းစာသားလေးတွေကို ကြားယောင်မိရင်း "ကမ္ဘာမြေကို တမာတွေ အမှန်တကယ် ကယ်တင်နိုင်ပါစေ" "ကမ္ဘာ့သူ ကမ္ဘာသားအာလုံး ကျန်းမာစေ" လို့ ဆုမွန်တောင်းရင်း