ကဲပြော ဘယ်လိုရေးရမလဲ

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့

စာရေးမယ် စိတ်ကူးပေါက်လေတိုင်း ဘာရေးရမယ်မသိ ယောင်ခြာခြာဖြစ်နေခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ဓားဆိုတဲ့အမျိုးက ခုတ်ထစ်နေမှ ထက်မြက်နေတတ်သလိုပဲ စာရေးတယ်ဆိုတာကလည်း အမြဲ‌လိုလို စဉ်းစားတွေးတောနေမှ အရေးသွက်တတ်တဲ့ အမျိုးဖြစ်မယ်။ စာမရေးတာကြာလာရင် မတွေးတောတဲ့ဦးနှောက်က ချေးပိတ်လို့ အတွေးမရ စာရေးမရဖြစ်နေတတ်တယ်။ ခုလည်း ရေးမယ်ဟ စာရေးမယ်ဟ တွေးစမ်း တောစမ်းလို့ ဦးနှောက်ကို လှမ်း အမိန့်ပေးနေသော်ငြားလည်း ဦးနှောက်က ချေးပိတ်နေလေတော့ အမိန့်မနာခံ အတွေးတွေမရ၊ ဈေးကကျ ဘေးကနေ ကလေးက ကနေရတာပဲ 😁 တတ်နိုင်ပေဘူးလေ ကလေးကွက်ပဲ ပြောပြော ပုံတုံးကြီးပါဆိုချင်ဆို ပို့စ်တစ်ခု ဖြစ်အောင် အတင်း ဖြစ်ညှစ်ရေးတင်လိုက်ရပေတော့တာပဲ။


IMG_20200921_10592501.jpeg


စာရေးတယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်ပေပဲ။ ‌နားအေးပါးအေး အပူပင်ကြောင့်ကျမှုမရှိလေမှ စာရေးရတာအဆင်ပြေတော့မပေါ့ဗျာ။ ခုလို ငဗစ်ကြီးက ဒုက္ခပေးနေချိန်မှာ ဘယ်လိုလုပ်ပြီး နားအေး ပါးအေးရှိ‌လိမ့်မလဲ။ ဘယ်လိုလုပ်ပြီး အပူအပင် အကြောင့်ကျမဲ့နေလိမ့်မတုံး ဒီတော့ ဘယ်လိုလုပ်ပြီး စာရေးနေနိုင်လိမ့်မတုံး။ ကဲ ဒီတော့လည်း မရေးတော့ဘူးပေါ့ တော်ပြီ 😀

@ansoe