ဟိုရေး ဒီရေး
စာရေးမယ် ရေးမယ်နဲ့ အချိန်လွန်သွားတဲ့နေ့ရက်က (၃)ရက်တောင်ရှိသွားပါပကောလား။ နေ့စဉ်အလုပ်ကို အလိင်မီအောင်လုပ်နေရတာဖြစ်လေတော့ အချိန်မီ စာမရေး ပို့စ်မတင်ဖြစ်တာ အဆန်းတော့မဟုတ်တော့ပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေချည်းပဲလေ။ မလုပ်မရှုပ်ဆိုတာက အစိုးရဝန်ထမ်းတွေအတွက် ကောင်းနိုင်ပေမယ့် ကိုယ့်လုပ်ငန်းကိုယ်တိုင်လုပ်နေကြရသူတွေအတွက် မလုပ်ရင်တော့ရှိတာလေးပြုတ်ပြီး တောင်းစားရမယ့်ကိန်းဆိုက်သွားနိုင်သေးသကိုးဗျ။ ဒီနေ့တော့ သီတဂူဆရာတော်ကြီးရဲ့ (၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့ အခမ်းအနားက ဓာတ်ပုံလေးပဲတင်လိုက်ပါတယ်။
ဒီနှစ် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ဝူဟန်ဗိုင်းရပ်စ် အန္တရာယ်ပေးနေမှုကြောင့် အကျဉ်းချုံးစီစဉ်သည် ဆိုငြားလည်း ယခင်နှစ်များလောက် စည်ကားအောင်ပြုလုပ်ခြင်းမရှိသော်လည်း တပည့် ဒါယကာ ဒါယိကာမများနဲ့ စည်ကားသိုက်မြိုက်နေခဲ့တာပါပဲ။ လာရောက်သူများကိုတော့ ကျန်းမာရေးအတွက် ကြိုတင်စီမံတဲ့အနေနဲ့ ခန္ဓာအပူချိန်တိုင်းတာပြီးမှသာ ဝင်ရောက်ခွင့်ပြုကြပါတယ်။ စာမရေး မရေးနဲ့ ရေးရင်း ရေးရင်း ပေါက်ကရတွေနဲ့ စာအရှည်ကြီးဖြစ်တော့မှာမို့ တော်သေးပြီ။