ဟ ဟာ ဟ ရယ်လိုက်ရ
ကမ္ဘာကြီးကရွာကြီးတစ်ရွာ
ဒါပေမယ့်လည်း တို့မပါ
လှမ်းမျှော်ကြည့်လဲမောရုံပဲ
တို့တစ်တွေမှပါနိုင်ပဲ…
ပညာမဲ့လူမိုက်တွေ
လွှမ်းမိုးနေသမျှလေ
ကမ္ဘာကြီးကိုအသာထား
အာရှတစ်လွှားအလကား
ရှေးရှေးတုံးကအာရှကျား
ခုချိန်တော့မှာတော့___ကျား
မှုန်မှုန်မှိုင်းမှိုင်းရာသီတွေ
မြန်မြန်ကုန်ပါစေ
အရှေ့နေဝန်းလင်းကာထွန်း
ကောင်းကင်ပြာမှာအကြည်ဆုံး
ဘာရယ်မဟုတ်ရေးချင်ရာ
ရေးလိုက်ရတယ်ဗျာ
စိတ်ထဲမှာအစာမကြေသမျှ
ဒီစာနဲ့သာအတိုးချ
ဟ ဟာ ဟ ရယ်လိုက်ရ ☺☺☺
@ansoe စိတ်ကူးပေါက်ရာရေးသည်။