ရောက်ရာပေါက်ရာအတွေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


စာမရေးဖြစ်တာအတော်ကြာသွားပြီထင်ပါ့။ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် အချိန်ပေး စာမရေးနိုင်တဲ့အတွက် ပို့စ်မတင်ဖြစ်ခဲ့ပါဘူး။ ခုလည်း ဘာအကြောင်းရေးရမှန်းမသိဖြစ်နေဆဲပဲ။ ရောက်ရာပေါက်ရာ တွေ့ရာမြင်ရာ ရေးချပြီး ပို့်စ်တင်လိုက်ရုံပါပဲ။ သေချာစဉ်းစား စာစီ ရေးသားဖို့ အတွေး တစ်ခုတော့လိုမှာဖြစ်တော့ အတွေး မရှိတော့ ရောက်ရာပေါက်ရာ ရေးတင်လိုက်ခြင်းသာဖြစ်ပါတယ်။ ခုတစ်လော ဖေ့စ်ဘွတ်ပေါ်မှာ ပြောလေကဲလေ မန်းလေ ပြဲလေဆိုလောက်တဲ့ မင်းသမီးတစ်ပါးအကြောင်းကို ပလူပျံနေအောင် ရှယ်နေကြ ပြောနေကြတာ မြင်နေ ကြားနေရတာ မပြောလေ ကောင်းလေပဲဖြစ်လိမ့်မယ်။ စီးပွားရေးသမားများနဲ့ သာမန်လူတွေအကြား အခုအခံအနေနဲ့ ကြော်ငြာတစ်ခုသာဖြစ်မယ်လို့ ထင်မိတယ်။ လုပ်ငန်းကို ကြော်ငြာဖို့ ငွေအများအပြား အသုံးမပြုတော့ပဲ လူအများ ရှယ်ချင်လောက်တဲ့ စိတ်ဝင်စားမှု တစ်ခုနဲ့ လုပ်ငန်းကို ကြော်ငြာသွားတာပဲလို့ ထင်မိတယ်။ ဒါက ကျွန်တော့်အထင်ပဲဖြစ်လို့ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ ဖြစ်နိုင်ချေကို မှန်းဆကြည့်ခြင်းသာပါ။ တစ်ကယ့် တကယ်တော့ ကျွန်တော် မကြာခင်က ရေးခဲ့တဲ့ “ယဉ်ကျေးမှုဖျက် အားပြင်းလက်နက်” ဆိုတဲ့ ပို့စ်ထဲကလိုပါပဲ။ နိုင်ငံတ၀ှမ်းကျော်ကြားနေ ကြတဲ့ မင်းသား မင်းသမီးများက ရှေ့ဆောင်လမ်းပြဖြစ်နေတာကို အနှီ မင်းသား မင်းသမီးတို့ သတိမထားမိ။ တင်ပေါ်ကျော်ကြားရေး လူစိတ်ဝင်စားရေးကို ရှေ့ရှုလေတော့ အနာဂတ်ရဲ့ လူငယ် လူရွယ်လေးတွေ အတွက် အတုယူမှား အတုခိုးမှား ဖြစ်လာကြမှာ စိုးရိမ်စရာပါ။


02.png


ယဉ်ကျေးမှုအတွက် အလွန်အထောက်အပံ့ပြုနိုင်သလို ယဉ်ကျေးမှုကို အားပြင်းပြင်းနဲ့ ဖျက်ဆီးနိုင်တဲ့ အနုပညာ လုပ်ငန်းနယ်ပယ်က အနုပညာရှင်တွေဖြစ်လေတော့ ကောင်းတဲ့ လမ်းပြခြင်းကို ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် နောင်အနာဂတ် လူငယ် လူရွယ်တွေအတွက် ကောင်းမွန်တဲ့ လမ်းပြခြင်းဖြစ်နိုင်သလို နုနယ်လှတဲ့ လူငယ်တွေရဲ့ စိတ်ထဲကို အဆိပ်မှိုင်းတိုက်ဖို့လည်း အင်မတန်လွယ်ကူပါတယ်။ ယဉ်ကျေးမှုဆိုတာကိုက အလွန်နုတဲ့နည်းစနစ်တွေပဲဖြစ်ပါတယ်။ အနုနည်းနဲ့ လူထုကို ပညာပေးနိုင်၊ ဖျက်ဆီးနိုင်တဲ့ အင်အားပြင်း လက်နက်ဖြစ်နေဆဲ၊ နောင်လည်း ဖြစ်နေဦးမယ့် အားပြင်းလက်နက်တစ်ခုဖြစ်ပါတယ်။ အဲဒီလို အားပြင်းတဲ့ လက်နက်ကို ကိုင်စွဲခွင့်ရတဲ့ နိုင်ငံကျော် အနုပညာရှင်တွေ၊ စာပေပညာရှင်တေ၊ ဂီတပညာရှင်တွေက လူငယ်ထုကို သိမ်းသွင်းရတာ လွယ်ကူလှပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လူငယ်တွေရဲ့ ရင်ထဲကို တိုက်ရိုက်ထိခတ်နိုင်တဲ့ လက်နက်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ အဲဒီလိုပြင်းအားများလှတဲ့ လက်နက်ကို ကိုင်စွဲပြီး နိုင်ငံ နဲ့ လူမျိုးကို ဖျက်ဆီးဖို့ အဆိပ်မှိုင်းတိုက်နေကြတာတော့ အလွန်ဆိုးရွားလှပါတယ်။ ယဉ်ကျေးမှု ဆိုတာတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး တစ်မျိုး လုံးဝဥဿုံ တူညီနေကြတာမဟုတ်တာပဲ။ ရောမကို ရောက်ရင် ရောမလိုကျင့် ဆိုတဲ့စကားကို လက်ခံနိုင်ပေမယ့် ရောမမဟုတ်တဲ့ မြန်မာမှာ မြန်မာလိုပဲ ကျင့်သင့်တယ်လို့ ထင်ပါတယ်။ ရောမရောက်ရင် တော့ ရောမလို ကျင့်သုံးကြတာကောင်းနိုင်ပေမယ့် ဒါဟာ ရောမ မဟုတ်တဲ့ မြန်မာနိုင်ငံသာဖြစ်ပါတယ်။ ဘာရယ်မဟုတ် စာမရေးတာကြာလို့ ရေးဖြစ်တယ်ဖြစ်အောင် အားလပ်ချိန်လေးမှာ စိတ်ကူးထဲပေါ်ရာ ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ကြပါစေ။

All Image Credit


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

30-Dec-2018 တနင်္ဂနွေနေ့(Sunday)