ကျန်းမာရေး အသိ သတိ

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.



khudzo8ypj.png


ကျွန်တော်သည် ဆရာဝန်တစ်ယောက်၊ ဆေးဝန်ထမ်းတစ်ဦး မဟုတ်ကြောင်း ၀န်ခံပါတယ်။ သို့ပေသော်လည်း ကျန်းမာရေးအတွက်တော့ ကိုယ်ဖတ်ဖူး သိဖူး ကြုံဖူးထားတာလေးများနဲ့ စာတိုပေစများကို အထောက်ထားပြု ပြီး လူအများ သတိပြုဆင်ခြင်နိုင်ဖို့အတွက် ရေးလက်စနဲ့ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ ဆက်ရေးပါရ စေ။ ဖြစ်ပွားလာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းတယ်လို့လည်းဆိုထားတယ်မဟုတ်လား။ ဒါပေမယ့် မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ဆိုတာကလည်း ကျန်းမာရေးအသိ သတိလေးတွေရှိပါမှ ဖြစ်မှာပါ။ ဒီတော့ သိသလောက်လေးတော့ မပြည့်စုံပေမယ့် အသိ သတိလေးရှိစေချင်တဲ့ စေတနာနဲ့ ရေးခြင်းဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်တာကို အရင်တစ်နေ့ကလည်း ရေးတင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ အသက်ရှည်ရှည်နေထိုင်ရေးဆိုတာထက် အသက်ရှင်သန်နေထိုင်စဉ်ကာလအတွင်းမှာ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ခြင်းက ပိုပြီးကောင်းမယ်လို့လည်းထင်ပါတယ်။ အသက်တော့ရှည်ပါရဲ့။ ကျန်းမာရေးမကောင်းပဲ ဆေးဝါးတွေကို အမှီသဟဲပြုနေထိုင်နေရတဲ့ဘ၀ကိုတော့ ဘယ်သူမှ လိုချင်ကြလိမ့်မယ်မထင်ပါဘူး။ ကျန်းမာရေးကောင်းမွန်ချင်တယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အရာတွေကို တတ်နိုင်သမျှ ရှောင်ရှား နိုင်ပါမှ တန်ကာကျလိမ့်မယ်။ ကျန်းမာရေးအသိ သတိရှိပေမယ့် အနေအထိုင် မဆင်ခြင်လို့ ရောဂါတစ်ခုခု ခံစားရတဲ့အချိန်မှသာ ငွေကုန်ခံပြီး ကုသကြရပါတော့တယ်။ အဲဒီအချိန်ကျမှ ကျန်းမာရေးဆိုတာကို သတိပြု ကြပါတော့တယ်။ ခုခေတ်ကာလမှာ လူကြီး လူငယ် အရွယ်မရွေး ရောဂါတွေခံစားလာရတာမြင်တွေ့နိုင်ပါ တယ်။ ဘယ်လိုရောဂါပဲဖြစ်ဖြစ်၊ ဖြစ်ပွားလာပြီဆိုရင်တော့ ဒုက္ခရောက်တတ်တာပါပဲ။ နေ့စဉ် ရေကို လိုအပ်တဲ့ ပမာဏအတိုင်း(အများအားဖြင့်တော့ တစ်လီတာနဲ့အထက်) သောက်သုံးပေးရင် ရောဂါအတော်များများကို ကာကွယ်နိုင်ပြီး ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုကြပါတယ်။



6buoe0zbky.png


ယနေ့ခေတ်ကာလမှာ အဖြစ်အများဆုံးသောရောဂါတွေက နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်စတဲ့ရောဂါတွေပဲဖြစ်ပါတယ်။ အဲဒီရောဂါတွေဖြစ်ပွားပြီဆိုရင်လည်း ကုသဖို့အတွက် ခက်ခဲတတ်ပြီး ငွေအလွန်ကုန်ကျပါတယ်။ အဆိုးဆုံးနဲ့ ကုသရအခက်ဆုံးကတော့ ကျောက်ကပ်ရောဂါပဲဖြစ်ပါတယ်။ အဲဒီရောဂါဟာလည်း အသက်အရွယ် ကျားမ မရွေး ဖြစ်ပွားတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်လေ ဖြစ်ပါတယ်။ စက်ပစ္စည်းများ အသုံးချတာကြာလာရင် ပျက်စီးတတ်သလိုပဲ ခန္ဓာကိုယ်မှာ ရှိတဲ့အစိတ်အပိုင်းတွေကလည်း အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူတို့လည်း လိုက်ပါ ပျက်စီးတတ်ကြပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေနိုင်တဲ့အရာတွေကို စစ်ထုတ် သန့်စင်ပေးနိုင်ပါတယ်။ အဲဒီအလုပ်ကို မလုပ်နိုင်တော့ဘူးဆိုရင် ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေနိုင်တဲ့အရာ တွေက ဒုက္ခပေးတော့မှာပဲဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးနေတာကို သိလွယ်တဲ့ အပြင်ပန်းလက္ခဏာတွေက မောပန်းလွယ်တယ်၊ ပျို့အန်ချင်လာတယ်၊ ဆီးသွားတာနည်းလာတယ် ဒါမှမဟုတ် ဆီးလုံးဝမသွားတော့တာလဲ ဖြစ်နိုင်တယ်၊ ကိုယ်ခန္ဓာမှာ အညိုအမဲစွဲဖို့လွယ်ကူလာတယ်၊ ကိုယ်ခန္ဓာယားယံလာတတ်တယ်။ ဒါတွေအမြဲလိုလိုဖြစ်နေပြီဆိုရင်တော့ တတ်သိနားလည်သူများ၊ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါပြီ။ အချိန်မီ ဆေးကုသမှုခံယူသင့်နေပါပြီ။ အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့ဘူးလို့ဆိုကြပါတယ်။ ဒါတွေက ကျောက်ကပ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ကျောက်ကပ်မထိခိုင်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေကို လုံလုံလောက်လောက်သောက်သုံးပေးပါ။ နို့ချဉ်(ဒိန်ချဉ်) ဒါမှမဟုတ် နွားနို့ တစ်ခွက် သောက်သုံးပေးပါ။ ဆားလျော့စားပါ။ ဆားကတော့ အလွန်အကျွံမစားမိရင် အကောင်းဆုံးပဲဖြစ်ပါ လိမ့်မယ်။ အကောင်းဆုံးအကြံပေး လိုတာကတော့ ဘာရောဂါမှ မဖြစ်ပွားမီမှာ အစားအသောက် အနေအထိုင်တွေကို ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးတွေနဲ့ ထိန်းသိမ်းနေထိုင်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အသက်ရှင်သန်နေထိုင် စဉ်ကာလအတွင်းမှာ ကျန်းကျန်းမာမာနဲ့ မိသားစုအဆင်ပြေပြေနေထိုင်နိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာရေး အသိ ကျန်းမာရေးသတိလေးတွေနဲ့ စားသောက်နေထိုင်ကြပြီး နေ့စဉ်လူမှုဘ၀ကို အလွယ်တကူဖြတ်သန်းနိုင် ကြပါစေလို့ ဆုမွန်တောင်းရင်းနဲ့ ရပ်နားလိုက်ပါတယ်။


လူတိုင်း ကျန်းမာကြပါစေ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

30-7-2019 အင်္ဂါနေ့(Tuesday)