ကောင်းကောင်းနေပြဿနာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အိပ်ရာအောက်ရေ၀င်ခြင်း


တစ်နေ့သ၌ ကျွန်ုပ်ကွှီးစိုးတစ်ယောက် ပျင်းပျင်းရှိသည်နှင့် မတွေ့တာကြာပြီဖြစ်တဲ့ ငအော အိမ်သို့ ထွက်လာခဲ့ပေတယ်… ငအောကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်… နေများမကောင်းလို့လား ဘာလား ညာလားဆိုပြီး ငအောကိုတွေ့ချင်လို့ထွက်လာခဲ့မိခြင်းသာ… အထွေအထူး အကြောင်းအရာ မရှိပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း တောင်ရောက် မြောက်ရောက် ပြောဆို လေကန်ဖို့ဆိုရင်လည်း မမှားပေဘူးပေါ့… ငအော ဆိုတာက ကွှီးစိုးတစ်ယောက်သာ ခေါ်တဲ့အမည်နာမသာဖြစ်ပေတယ်…

သူ့ နာမည်ရင်းက ”ရွှေသြဥ” ကိုယ့်ထက်ငယ်တော့ ငအော လို့ပဲ ခေါ်ဖြစ်သွားတယ်…

အဖ “ဦးရွှေ” အမိ “ဒေါ်ဥသြ” တို့ကနေ မွေးဖွားသန့်စင်ပေးလိုက်တဲ့ တစ်ဦးတည်းသောသားပဲဖြစ်ပါတယ်။ အမည်သညာ ခေါ်စရာကား “ရွှေသြဥ” ဟုခေါ်တွင်စေသတည်းပေါ့… မိဘတွေက လယ်ယာလုပ်ငန်းလုပ်ကိုင်ရာကနေ မြို့တက်လာတဲ့ တောသူတောင်သားများဖြစ်ကြလေတော့ အင်မတန်ရိုးသားကြတယ်... မြို့ပေါ်ရောက်မှ ငအောကို မွေးတာဆိုတော့ တုံနေအောင်လည်း ချစ်ကြရှာတယ်...

တစ်ဦးတည်းသောသားတို့ရဲ့ ထုံးစံအတိုင်း မိဘအသိုင်းအ၀ိုင်းက ၀ိုင်းအလိုလိုက်ထားတော့ ဆိုးချင်ချင်။ ဆိုးချင်တယ်ဆိုပေမယ့် မိဘအသိုင်းအ၀ိုင်းအပေါ်မှာသာ နွဲ့ဆိုး ဆိုးခြင်းသာ… အခြားသူများနဲ့တော့အဖြောင့်ပဲ… ရန်ဖြစ်တယ်လို့မရှိသလို အခြားလူတွေကို ကူညီပေးဖို့ လက်မတွန့်တတ်တဲ့ ငအော… ဘယ်လောက်ကောင်းသလဲဆို တစ်ခါက သူငယ်ချင်းတစ်ယောက်က ငွေအခက်အခဲကြုံနေတယ်ဆိုလို့ လည်ပင်းကဆွဲကြိုးဖြုတ်ပေးပြီး ရောင်းပြီးငွေအခက်အခဲကို ဖြေရှင်းခိုင်းတယ်။ စီးလာတဲ့ဆိုင်ကယ်ကို ပေါင်ခိုင်းပြီး သူကခြေလျင် လမ်းလျှောက်ပြန်တယ်… အပေါင်းအသင်းတွေအပေါ်မှာတော့ အဲလိုကောင်းတဲ့သူဖြစ်လေတော့ အမေဖြစ်သူခမြာ ငွေထုတ် ဆွဲဆွဲပြီး နောက်ကလိုက်ရပေါင်းလည်း အကြိမ်ပေါင်းလည်းများပြီ…


02.png


ထားတော့ ငအောအိမ်ရောက်တော့ ငအောရဲ့ မွေးသမိခင်ဖြစ်တဲ့ ဒေါ်ဥသြက မြင်မြင်ချင်းပဲ အားရ၀မ်းသာနဲ့

“မောင်စိုးကိုတွေ့ချင်တာနဲ့ အတော်ပဲ… မင်းအိမ်တောင်လာမလို့”

“ဟုတ်… ဘာကိစ္စများရှိလို့တုံးခင်ဗျ”

“မင့်ညီတော်မောင် ငအောလေ”

“ငအော ဘာဖြစ်လို့တုံး… ဘာပစ္စည်းပေါင်ထားခဲ့ပြန်ပြီလဲ”

“ဒီတစ်ခါ ပစ္စည်းပေါင်ထားခဲ့တာမဟုတ်ဘူး မောင်စိုးရေ”

“ဒါဆို ဘာလုပ်ထားပြန်တာတုံးဗျ”

“ကွှီးစိုး စာကိုဖတ်ပြီးတော့ လိုက်လုပ်သင့်တယ်ဆိုပြီးတော့ နေ့တိုင်း ဘီယာသောက်လိုက် KTV သွားလိုက်လုပ်နေတော့တာပဲ”

တိန်…


03.png


ခေါင်းနပန်းတောင်ကြီးသွားတယ်… ဘယ်တုံးက ဘယ်စာကို သွားဖတ်မိလို့ ဒီလုပ် မဟုတ်တာတွေ ထလုပ်နေသလဲမသိ… နေရင်းထိုင်ရင်း ငအောလုပ်တာနဲ့ တရားခံဖြစ်တော့မယ်…

“နေ… နေပါအုံး ဒေါ်လေးရ… ကျွန်တော့်ရဲ့ ဘယ်စာကိုဖတ်ပြီး အဲလိုလုပ်တာတဲ့လဲ”

“အဲဒါတော့ ဒေါ်လေးမသိဘူး… မင့်ညီတော်မောင်ကို ပြောပေးပါအုံး”

“ကျွန်တော်ရေးတဲ့စာထဲ အဲလိုမျိုးတွေ မပါပါဘူး ဒေါ်လေးရယ်… ဘယ်မလဲ ငအော အိမ်ထဲမှာရှိလား”

“မရှိဘူး… ခုန ဖုန်းဆက်တော့ ____ က KTV အခန်း (xxxx) မှာတဲ့”

“ဟုတ်… ဒေါ်လေး… ကျွန်တော်လိုက်သွားပြီး ခေါ်လာခဲ့ပါ့မယ်”

တွေ့ကြသေးတာပေါ့ ငအောရယ်… နေရင်းထိုင်ရင်းနဲ့ အိပ်ရာအောက် ရေ၀င်အောင်လုပ်တဲ့ကောင်… နရင်းပူအောင် ရိုက်လိုက်အုံးမယ်… ဘယ်နှယ့် သူလုပ်တာနဲ့ ကိုယ့်စာတွေကိုတောင် သေချာပြန်ဖတ်ကြည့်ရတော့မလိုလိုဖြစ်နေပြီ… စာ နောက်မှ ပြန်ဖတ်တော့မှပါ… ခုလောလောဆယ်တော့ ဒင်းကို မိအောင်ဖမ်းပြီး မဟုတ်က ဟုတ်ကအတွေးတွေနဲ့ မဟုတ်တရုပ်လျောက်လုပ်နေတာ ရပ်တန်းက ရပ်အောင် နရင်းနာနာကျင်းပေးလိုက်အုံးမှဖြစ်မယ်…

တွေ့ကြသေးတာပေါ့ ငအောရယ်…

download (2).jpg


ဝန်ခံချက်။ ။ ရေးစရာတွေးမရတဲ့အတွက် စိတ်ကူးတည့်ရာ စိတ်ကူးပေါ်ရာ ရေးဖွဲ့လိုက်ခြင်းဖြစ်ပါတယ် ☺

stemit ansoe myanmar no word logo 2.png

ရေးသားသူ(Author)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-3-2019 သောကြာနေ့(Friday)