အော် ___ လူ့ဘဝ

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


59r08v2f5f.png


သတ္တလောကကြီးဟာ အဲ ကျုပ်တို့က လူတွေဖြစ်နေလေတော့
လူတို့ရဲ့လောကကြီးဟာ ဘ၀ဆိုတာကြီးနဲ့ အမြဲတွေ့ရစမြဲ…
ဘ၀ဆိုတာကြီးကလည်း တစ်ခါတစ်ရံ ပင်လယ် သမုဒ္ဒရာကြီးလိုပဲ…
တစ်ခါတစ်ခါ မုန်တိုင်းတွေထန်လို့ လှိုင်းတွေကြီးတတ်သလို
တစ်ခါတစ်ခါမှာတော့လည်း ကြည်နူးစရာ
နေခြည်နွေးနွေးလေး နဲ့ လေပြည်အေးအေးလေးတွေခံစားရတတ်တယ်…
တောင်တန်းကြီးတွေ တောင်တန်းငယ်တွေလို
ပတ်ဝန်းကျင်ကိုတောင် ကောင်းစွာမမြင်နိုင်တဲ့ မြူနှင်းတွေက ဖုံးလွှမ်းနေတတ်သေးရဲ့…
မညီမညာလမ်းကြောင်းတွေဖြစ်နေတတ်ပြန်လေရဲ့…
မညီမညာ ခရောင်းလမ်းကို အလျော့မပေး အတင်းတိုးတက်လို့
တောင်ထိပ်ကိုရောက်ပြန်တော့ အေးမြလတ်ဆတ်တဲ့ လေပြေလေညှင်းလေးတွေက
ကြည်စယ်နှုတ်ဆက် ကြပြန်တော့ ခရောင်းလမ်းကိုဖြတ်ခဲ့ရတာကိုမေ့
ပင်ပန်းခဲ့သမျှ အမောအပန်းပြေခဲ့ရတယ်…
အော် ___ ဒါ လူ့တို့ကျင်လည်ရာ လူ့လောက လူ့ဘ၀ပေပဲ မဟုတ်လား…


w14dnpalx7.png


ပိန်းပိတ်အောင်မှောင်နေတဲ့ လောကညအမှောင်ထဲမှာလည်း
ဘယ်နေရာ ဘယ်အရပ်ဆီက အလင်းရောင်လေးတွေ့ရလေမလဲ
အဝေးကို မျှော်ကြည့် မျှော်လင့်ချက်ရောင်ခြည်တန်းလေးတွေနဲ့
အသက်ရှင်နေကြရတာလည်း လူ့ဘ၀ပဲ မဟုတ်လား…
အသက်ရှင်စဉ်ကာလ အသိဥာဏ်ပညာမျက်လုံး အားနည်းလို့ အသုံးမတတ်ရင်
လူတို့ပြောတဲ့ ဒုက္ခဆိုတဲ့အကောင် နောက်ကလိုက်လို့ ဒုက္ခထောင်ချောက်နွံထဲ
ခြေကျွံကျလို့ လဲကျတတ်သေးတယ် မဟုတ်လား…
ဒီတော့ အသိဥာဏ်ပညာမျက်လုံး အစဉ်သုံးလို့
ဒုက္ခ သုခ ခွဲခြမ်းစိတ်ဖြာ ခရီးသွားနိုင်ပါမှ တော်ကာကျမယ်

အော်___ ဒါ လူ့ဘ၀ မဟုတ်လား…


လူတိုင်း အေးချမ်းနိုင်ကြပါစေ ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

4-8-2019 တနင်္ဂနွေနေ့(Sunday)