ဓာတ်ပုံကလိချင်သူများအတွက်
ရိုက်ထားတဲ့ပုံကို apk လေးထဲထည့်ပြီး တောင်လုပ် မြောက်လုပ် တောင်ချိန် မြောက်ချိန် လုပ်ကြည့်မိတာ မူရင်းပုံနဲ့ အတော်လေးကွာသွားသဗျ။ အလွယ်တကူ အသုံးပြုနိုင်တာကိုလည်း တွေ့ရတယ်။ ဆိုးဘူးဗျ။ သိလို့တော့ မဟုတ်ဖူး။ ကလိလို့ သိတာ။ ဆိုတော့ကာ နောက်လည်း အခုလိုပဲ ပုံတွေလျောက်လုပ်ပြီး တင်အုံးမယ်။ မျက်စိနောက်ဖို့သာပြင်ထားကြပေရော့ 😁😁😁
ဒါကတော့ မူရင်းပုံ
ဒါတွေကတော့ ကလိထားတဲ့ပုံတွေ
ကလိချင်သူတွေအတွက်တော့ အတော်ပါပဲ။ အော် APK နာမည်လား။ Snapseed တဲ့။ Google Play Store မှာ အလွယ်တကူ ရှာဒေါင်းလို့ရပါတယ်ဗျ။
ကလိနိုင်ကြပါစေ။