ဓာတ်ဖမ်းမိသမျှ လှလှ မလှလှ
ဒီနေ့တော့ ဘာစာမှမရေးနိုင်တော့ဘူး။ စိတ်ကူးပေါက်ရာ လက်ကမြင်းထားတဲ့ ဓာတ်ပုံလေးတွေထဲက တင်ကြည့်လိုက်ပါတယ်။ မကောင်းလည်း ကောင်း၊ ကောင်းလည်း ကောင်း လို့ပဲမှတ်ပြီး အားပေးလိုက်ကြပါအုံး။
ကြာပန်းတွေ လှမှလှ ဆိုတော့ကာ လက်မဆော့ရ ဆိုသော်လည်း မနေနိုင်တော့ ရိုက်ကြည့်မိတာပေါ့။
ဆင်အက ဆင်အလှ မြင်သမျှမနေနိုင် ဓာတ်ဖမ်းမိတာအခါခါ
လွပ်လပ်ပျော်ပါး ကလေးများ မြင်ပြန်ရင်လည်း ရိုက်မိဆဲ
ပညာရှင်မဟုတ် ဝါသနာအရရိုက်ခြင်းသက်သက် ဖြစ်တဲ့အတွက် ဘာစည်းကမ်း ဘာနည်းလမ်း ဘာဥပဒေသကိုမှနားလည်ခြင်းမရှိပါကြောင်း