ဘယ်လိုလုပ်ရမလဲ?
အားလုံး အားလုံး မင်္ဂလာပါဗျ
ဒီနေ့တော့ ရေးစရာမရှိပါဘူး။ အဲ_ရေးစရာမရှိပေသော်ငြားလည်း မေးစရာတော့ရှိလာသဗျ။ နားလည် တတ်ကျွမ်းဆရာသမားများ ဖြေကြားပေးကြပါအုံးလို့ 😁
အခြားတော့ မဟုတ်ရပါဘူးဗျာ 😁 ကိုမနော လေသံများပေါက်သွားလေရော့သလားမသိဘူး 😂 မေးချင်တာက PEAKD ရဲ့ Wallet မှာပါလာတဲ့ Simple Swap အသုံးပြုတဲ့အခါ အခြားဟာတွေကို နားလည်ပေသော်ငြားလည်း Hive address ဆိုတဲ့နေရာမှာ ဘာထည့်ရမယ်မှန်း မသိလို့ပါခင်ဗျာ 😥 သိသူများဖြေပေးကြပါအုံး။ စမ်းသပ်ကြည့်ချင်လို့ပါ။ အောက်မှာ screen shot ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ဒီအထိကတော့ No Problem ပါပေါ့။ Problem ကတော့ အောက်မှာပါပဲ။
အဲဒီမှာဘာထည့်ပေးရမှန်းမသိတော့တာပါပဲ။ ဦးနှောက်ကလည်း အသုံးမပြုတာကြာလာတော့လည်း ချေးကိုက်ချင်နေပြီထင်ပါ့ဗျာ။
အားလုံး ကျန်းမာ စိတ်ချမ်းသာ ကိုဗစ်ရန်က လွတ်ကြပါစေ___